သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့ ကို လက်တွေ့ဖေါ်ဆောင်ခဲ့သည့် ဆရာတော်ကြီး ဘာဆီးလျို အားသိုက်

သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့ ကို လက်တွေ့ဖေါ်ဆောင်ခဲ့သည့် တောင်ကြီးဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး ဘာဆီးလျို အားသိုက်

သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့ ကို လက်တွေ့ဖေါ်ဆောင်ခဲ့သည့်  ဆရာတော်ကြီး ဘာဆီးလျို အားသိုက်

24.6.2022 (RVA Myanmar)

၂၄-၆-၂၀၂၂ ရက်နေ့ က ပုပ်ရဟန်းမင်းကြီး၏ စာချွန်တော်ဖြစ်သည့် "Laudato Si" သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့ ကို လက်တွေ့ဖေါ်ဆောင်သောအားဖြင့် တောင်ကြီးဂိုဏ်းချုပ်သာသနာမှ ဆရာတော်ကြီး ဘာဆီးလျို အားသိုက်နှင့်တကွ ရဟန်းတော်များ၊ သီလရှင်များနှင့် ဘာသာဝင်များမှ ရပ်စောက်တိုက်နယ်ရှိ သာသနာခြံဝင်းထဲတွင် ချော့ကလက်ပင်နှင့်ထောပတ်ပင် ၂၀၀ခန့်ကို အတူတကွ စိုက်ပျိုးခဲ့ကြသည်ဟုသိရပါသည်။

"သစ်ပင်စိုက်ပျိုးခြင်းအစီအစဉ်ကို ဆရာတော်ကြီးအားသိုက်ကိုယ်တိုင် ဦးဆောင်ခဲ့တာဖြစ်တယ် " လို့ Fr.Sabino ၏ ပြောပြချက်အရသိရပါသည်။

 Fr. Sabino က '' သစ်ပင်စိုက်ပျိုးခြင်းအားဖြင့် ဘုရားရှင်ရဲ့ဖန်ဆင်းခြင်းကို ဆက်လက်ထိန်းသိမ်းရာရောက်ပြီး ဘုရားရဲ့ဘုန်းတော်ကို ပိုပြီးချီးမွမ်းရာရောက်တယ်။  သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြေစေပြီး ရာသီဥတုကို မှန်ကန်စေတယ်။  သီးပင် စားပင်ကို စိုက်ခြင်းအားဖြင့် မိသားစုရဲ့ဝင်ငွေကို တိုးစေတယ်။ " ဟု ၎င်းရဲ့အမြင်ကို RVA ကို ပြောပြခဲ့ပါသည်။ 

#rvamyanmar #rvapastoralcare #PopeFrancis #LaudatoSi #archdioceseoftaunggyi

Source: Fr. Sabnino

Add new comment

11 + 1 =