မက်ဆီကန် သာသနာတွင် တပါတ်အတွင်း ကက်သလစ် ဘုန်းတော်ကြီး အပါး ၇၀ ရဟန်းသိက္ခာခံယူ

မက်ဆီကန် သာသနာတွင် တပါတ်အတွင်း ကက်သလစ် ဘုန်းတော်ကြီး အပါး ၇၀ ရဟန်းသိက္ခာခံယူ

မက်ဆီကန် သာသနာတွင် တပါတ်အတွင်း ကက်သလစ် ဘုန်းတော်ကြီး အပါး ၇၀ ရဟန်းသိက္ခာခံယူ

Guadalajara မြို့ မက်ဆီကန် ဓမ္မအာဇာနည်များ ဗိမာန် တွင် Guadalajara ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် José Francisco Robles Ortega က အပါး ၇၀ ကို ဂျွန်လ ၄ ရက်နှင့် ၅ ရက်နေ့တို့က ရဟန်းသိက္ခာတင်ပေးခဲ့ပါတယ်။

ပထမနေ့တွင် အပါး၃၃ ပါးနှင့် နောက်တရက်တွင် ၃၇ ပါးတို့ကို သိက္ခာတင်ပေးခဲ့တာပါ။

ဂျွန်လ ၃ ရက်နေ့က လည်း ကိုရင်ကြီး (Deacon ) ၇ ပါး ခန်အပ်ခဲ့ပါသေးတယ်။

ဘုရားသခင်က အခက်ခဲပြဿနာပုံစံ မျိုးဖြင့် ခေါ်ဆောင်နေပေမယ့် နှုတ်ကပါတ်တော် (ယေဇူး ခရစ်တော်) ဟာ ကမ္ဘာကြီးပေါ်မှာ တည်ရှိနေတဲ့ အချက်ဟာ ကျွန်ုပ်တို့အတွက် ကောင်းချီးတော်ပင် ဖြစ်ကြောင်း ၊ဘုရားရှင်ရဲ့ ခေါ်တော်မူခြင်းဟာ ခိုင်မာပြီး ၊ ငယ်ရွယ်သူတို့ရဲ့ နှလုံးသားများဟာလည်း ကိုယ်တော်ရှင်​၏ ခေါ်သံကို နားထောင်ရန် အားတက်သရော ရှိနေကြကြောင်း Guadalajata ရဟန်းဖြစ် ကျောင်း မှ ကျောင်းအုပ်ဘုန်းတော်ကြီး Juan Carlos Lupercio Gómez က ပြောကြားခဲ့ပါတယ်။

၁၉၂၀ ကာလများတုန်းက မက္ကဆီကို နိုင်ငံတွင် ဘာသာရေး ဖိနှိပ်မှု များ ခံခဲ့ကြရပြီး ထိုစဉ်က ရဟန္တာ Christopher Magellan နှင့် Guadalajara ရဟန်းဖြစ်ကျောင်းမှ မြေတောင်မြှောက်ပေးမှုကို ရရှိခဲ့ပြီး ဓမ္မအာဇာနည်များ ဖြစ်သွား ခဲ့ကြသူ များစွာ အကြောင်းကိုလည်း Fr. Lupercio က ထုတ်ဖော်ပြော ကြားခဲ့ပါတယ်။

ကာဒီနယ် Ortega လည်း " ရဟန်းတော် အသစ်များဟာ ကမ္ဘာကြီးကို အစေခံရန်မဟုတ်ပဲ ဘုရားရှင်ကိုသာ အစေခံရန်ဖြစ်ကြောင်း " သူ​၏ ဩဝါဒ တွင် ပြောကြားခဲ့တာပါ။ ထိုပြင် ရဟန်းဆိုသည်မှာ မိမိတို့​၏ အရင်းမြစ် ဖြစ်သည့် လူသား ဆိုသည့် လူများကြားကပင် ရွေးချယ်ခံရခြင်း ဖြစ်သည် ဆိုသည့်အရာကို မမေ့လျော သွားရန် တိုက်တွန်းခဲ့ပါတယ်။

ထို့အပြင် , ရဟန်းတပါးသည် သူ​၏ လုပ်ဖော်ကိုင်ဖက်များထက်ပို၍ ကြီးကျယ်မြင့်မြတ် ကြောင်း ယူဆမိပါက ထိုသူသည် ဆိုးဝါး ရာသို့ ဝင်ရောက်နေပြီ ဖြစ်ပြီး အသင်းတော်ကြီးနှင့် ဘုန်းတော်ကြီး ဘဝ အပေါ် များစွာ ထိခိုက်ကြောင်း ကာဒီနယ်မှ ပြောကြားခဲ့ပါတယ်။

"ရဟန်းတို့သည် ဘုရားရှင်​၏လူ ၊ လူသားတွေကို ဘုရားရှင်အကြောင်း ပြောပြသွန်သင်သူ၊ လူသားများအကြားတွင် ဘုရှားရှင်ကိုယ်စားတည်ရှိနေသူ နှင့်ဘုရားရှင်​၏ ချစ်ခြင်း,သနား ကျင်နာခြင်း နှင့် ကယ်တင်တော်မူခြင်းကို ဖော်ပြရမည့် သူများ " ဖြစ်ကြောင်း လည် မြွက်ကြားခဲ့ပါတယ်။

ထပ်လောင်း၍" သိက္ခာခံယူကြမည့် ရဟန်းလောင်းများ ဟာ ဘုရားရှင်ကို လူသားတို့အလည် တည်ရှိနေနိုင်ရန် လုပ်ပေးရမည့် ဆုကျေးဇူးတော်ကို လက်ခံရရှိမှာ ဖြစ်ပြီး ၊ ဘုရား ရှင်ကို အသင်းတော်​၏ ဦးခေါင်း၊ ခင်ပွန်း၊ ဇနီးနှင့် တရားဟောဆရာများ အဖြစ် တည်ရှိစေရန် လုပ်ဆောင်ခြင်းပင် ဖြစ်ကြောင်း" ကာဒီနယ် Ortega က ဩဝါဒေ ပေး ခဲ့ပါတယ်။

"သင်တို့ရှိတဲ့ ကျေးဇူးတန်ခိုးတော်ဟာ ပို၍ကြီးမြတ်ပြီး တခုတည်းသာရှိတယ်လို့ မဆိုလိုပါ အကြောင်းမှာ သန့်ရှင်းသောဝိဉာဏ်တော်ဘုရားဟာ အသင်းတော်အတွက်အခြား ဆုကျေးတန်ခိုးတော်များ လည်း ပေးနေပါတယ်" လို့ ဆိုပါတယ်။

အဆုံးသတ်တွင် " ရှင်ပြန်ထမြောက်တော်မူသော ဘုရားရှင်​၏ ဝိညာဉ်တော်သည် ကျေးဇူးတော် အဖြစ် ဆင်းသက်တော်မူမည် ဖြစ်ပြီး ကမ္ဘာကုန်သည့်တိုင် တည်မြဲနေမည် ဖြစ်ကြောင်း နှင့် သင်တို့ကို အစဉ်အမြဲ လမ်းညွှန်လျက် အသစ်တဖန် ဆန်းသစ်စေပြီး နှစ်သိမ့်မှု များဖြင့် အစေခံနိုင်ရန် စေ့ဆော်နေမည်ဖြစ်ကြောင်း" ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် Ortega က ရဟန်းတော် အသစ်များကို အားပေးစကား ပြော ကြား ခဲ့ပါတယ် ။

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း
https://bit.ly/3Hge0js

Add new comment

6 + 2 =