
ကလေးများအား မီဒီယာအသုံးပြုနည်းနှင့် မိမိကိုယ်ကိုကာကွယ်နည်း အသိပညာပေးခြင်း
ကလေးများအား မီဒီယာအသုံးပြုနည်းနှင့် မိမိကိုယ်ကိုကာကွယ်နည်း အသိပညာပေးခြင်း
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ယေဇူးဘုရင် ကက်သလစ်ဘုရားကျောင်းတွင် Missionary Childhood Association (MCA) ကလေးသူငယ်များအား ဘာသာတရားသိမှတ်ယုံကြည်ပြီး ခေတ်နှင့်အညီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းတစ်ခု ပို့ချပေးခဲ့တယ်လို့သိရပါသည်။
အဆိုပါသင်တန်းတွင် World Vision Myanmar, Falam အဖွဲ့ဝင် Mai Cer Sin Par မှ Media ၏ ကောင်းကျိုး ၊ ဆိုးကျိုး နှင့် လုံခြုံသော Application များကိုအသုံးပြုတတ်ရန်၊ ကလေးများ အလွဲသုံးစားမှုအမျိုးမျိုးသိမြင်လာပြီး မိမိကိုယ်ကို ကာကွယ်တတ်စေရန်၊ အလွဲသုံးစားမှုဖြစ်ပေါ်လာပါက ဖွင့်ဟပြောဆိုနိုင်ရန် ကိုယ်ပိုင်ရွေးချယ်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း သိမြင်လာစေရန်အတွက် ဝေမျှပေးခဲ့ပါသည်။
သင်တန်းတက်ရောက်လာသော ကလေးငယ် ၁၂၇ ဦးအားလည်း 'ဒိုင်း' Child Protection စာအုပ်အားလည်း ၁၈၊ ၅၊ ၂၀၂၂ နေ့တွင် ပေးအပ်ခဲ့ပါသည်။
Photo & Source : RVA Falam


Add new comment