အိန္ဒိယနိုင်ငံမှဖရန်စစ္စကင်သီလရှင်များချို့တဲ့နွမ်းပါးသောမိသားစုများအား သုံးဘီးလှည်းကူညီပေး

အိန္ဒိယနိုင်ငံမှဖရန်စစ္စကင်သီလရှင်များချို့တဲ့နွမ်းပါးသောမိသားစုများအား သုံးဘီးလှည်းကူညီပေး

အိန္ဒိယနိုင်ငံမှဖရန်စစ္စကင်သီလရှင်များချို့တဲ့နွမ်းပါးသောမိသားစုများအား သုံးဘီးလှည်းကူညီပေး

 

            အိန္ဒိယအရှေ့ပိုင်းရှိ ကုလ်ကုတ္တားမှဖရန်စစ္စကင်ကက်သလစ်သီလရှင်များသည် ချို့တဲ့နွမ်းပါးသောမိသားစုများ အား သုံးဘီယာဉ် (၈) စီးကိုကူညီထောက်ပံ့ပေးခဲ့သည်။ ဤအလှူကို ဧပြီလ (၂) ရက်နေ့က ၄င်းတို့တာ၀န်ယူဖွင့်လှစ်ထားသော စာသင်ကျောင်းမှလှူဒါန်းခဲ့သည်။

            ကျောင်းတာ၀န်ခံအကြီးအကဲဖြစ်သော စစ္စတာရ် Josephine Melkias ကယခုကဲ့သို့ ချို့တဲ့နွမ်းပါးသော၊ အ ကျိုးပေးနည်းသောမိသားစုများအား ကူညီပေးရသည့် အတွက် အလွန် ကျေနပ်ရပါကြောင်း၊ ယခုကဲ့သို့ကူညီနိုင်ခြင်းမှာ ဤသို့ကူညီရန်ရည်ရွယ်၍ ယခုနှစ်ပညာသင် နှစ်မှစတင်သောအစီအစဉ်ဖြစ်ပြီး ပထမဦးဆုံးအနေဖြင့် အလွန်ချို့တဲ့ နွမ်းပါးသော မိသားစု (၈) စုအားရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

            အာဗီးလာမြို့မှစိန့်ထရေးဇာ သာသနာအုပ်စု၏ကျောင်းထိုင်ဖြစ်သော George Antony က ဤအခမ်းအနား ၌ပါ၀င်ပြီး ယာဉ်များကိုကောင်းကြီးပေးခဲ့သည်။ ယခုကဲ့သို့ကူညီပေးသော စစ္စတာရ်တို့အားကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်။ အနာဂတ်အတွက် ငွေကြေး စုဆောင်းတတ်ကြရန်၊ အပိုငွေများရှိလာလျှင်လည်း အခြားသောချို့တဲ့လို အပ်သူများကို ထောက်ပံ့ကူညီပေးကြရန်တိုက်တွန်းခဲ့သည်။

            ဖရန်စစ္စကင်သီလရှင်အသင်းသည် ကက်သလစ်သီလရှင်အသင်းဖြစ်ပြီး မာသာ Mary of the Passion မှ တည်ထောင်ခဲ့သည်။ အသင်းတည်ထောင်သူသည် (၁၈၃၉) ခုနှစ်၌မွေးဖွားခဲ့ပြီး၊ (၁၉၀၇) ခုနှစ်၌ပျံလွန်သွား ခဲ့သည်။ သူသည် ဗြိတိန်-အိန္ဒိယသွေးနှောသူဖြစ်သည်။ အသင်းကို (၁၈၇၇) တွင်တည်ထောင်ခဲ့သည်။ ဤအသင်းသည် လူမျိုးပေါင်း (၇၈) မျိုးရှိပြီး၊ တိုက်ကြီး (၅) တိုက်၌ နိုင်ငံပေါင်း (၇၇) နိုင်ငံမှဖြစ်သည်။ အိန္ဒိယ၌ ဇုံ (၅) ခုရှိ သည်။ ကုလ်ကုတားသည် ဒေလီဇုံ၌ပါ၀င်ပြီး ပြည် (၁၁) ခုပါ၀င်သည်။

            အမျိုးသမီးစာသင်ကျောင်းကိုမူ (၁၉၄၇) တွင်ဖွင့်လှစ်ခဲ့သည်။ ဟိန္ဒူစကားပြောသော ကလေးများအတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မိဘများအလုပ်သွားသည့်အခါ ကလေးများအားထိန်းပေးရင်းစာသင်ပေးခဲ့ ရန်ရည်ရွယ်ရာမှစခဲ့သည်။ ကျောင်းသားရာချီ၍ ကျောင်း တက်ပြီးစီခဲ့ပြီး၊ အနာဂတ်အတွက်လိုအပ်သောကျွမ်းကျင်မှုများ လည်းရရှိသွားကြပြီဖြစ်သည်။

            ကျောင်းတော်ကြီးသည် အလယ်တန်းကျောင်းအဖြစ် (၁၉၉၄) ခုနှစ်မှ ပြည့်ပြည့်၀ ၀ဖြစ် လာခဲ့သည်။ ကျောင်းသားအများပိုင်းသည် စီးပွားရေးအရသိပ်မပြေ လည်လှသောမိသားစု များမှဖြစ်ကြသည်။ ဟိန္ဒူ ဘာသာဖြင့်သင်ကြားနေ သောကျောင်းသည် (မေလ ၂၊ ၂၀၀၅) ခုနှစ်၌ အဂ်လိပ်ဖြင့်သင်ကြားသောကျောင်းအဖြစ် ကျောင်းသူများ၏ အကျိုးအ တွက်အသွင်ပြောင်းခဲ့သည်။

            ကျောင်းတော်ကြီး၏အဓိကရည်ရွယ်ချက်မှာ အမျိုးသမီးများအား ဘက်စုံလွှမ်းခြုံသော ကျွမ်းကျင်မှုများရှိသူများ အဖြစ် ပျိုးထောင်ပေးရန်ဖြစ်သည်။ စစ္စတာရ်တို့၏အစဉ်အလာ၌ ခေတ်နှင့်အညီ ကျောင်းသူများအားရင်ဘောင်တန်းနိုင် စေရန်လေ့ကျင့် သင်ကြားပေး သောပညာရေးချဉ်းကပ်နည်းဖြင့်သင်ကြားပေးလျှက်ရှိကြောင်းပြောကြားခဲ့သည်။         

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3JwFd0X

Add new comment

12 + 2 =