‘အသစ်ရွေးကောက်ခံသမ္မတအား ပြည်သူများကိုအစေခံရန်’ တောင်ကိုးရီးယား ဆရာတော် များတိုက်တွန်း

‘အသစ်ရွေးကောက်ခံသမ္မတအား ပြည်သူများကိုအစေခံရန်’ တောင်ကိုးရီးယား ဆရာတော် များတိုက်တွန်း

‘အသစ်ရွေးကောက်ခံသမ္မတအား ပြည်သူများကိုအစေခံရန်’ တောင်ကိုးရီးယား ဆရာတော် များတိုက်တွန်း

 

          တောင်ကိုးရီးယားနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ၏ ဥက္ကဌဖြစ်သော ဆရာတော် Lee Yong-hoon နှင့် ဆိုးလ် ဂိုဏ်းချုပ်ဆရာတော် Jeong Sun-taek တို့က အသစ်ရွေးကောက်ခံရသော သမ္မတအား ကိုးရီးယားလူမျိုးတို့၏ လိုအပ်ချက်များကို ဖွံ့ဖြိုးအောင်လုပ်ဆောင်ရင်း အလုပ်အ ကျွေးပြု ရန် တိုက်တွန်းခဲ့သည်။ ဆရာတော်ကြီးများသည် ဤ တိုက်တွန်းချက်ကို ဆိုးလ်ဂိုဏ်းချုပ်ဆရာတော်၏ လူမှုကွန်ရက်မှ သမ္မတ Yoon Suk-yeol အားပေးပို့တိုက်တွန်းခဲ့ သည်။ ယခုအသစ်ရွေးကောက် ခံသမ္မသည် ယခင်ကရှေ့နေချုပ်ဖြစ်ပြီး၊ ပြည်သူ့အာဏာ ပါတီ၏ခေါင်း ဆောင်လည်းဖြစ်ခဲ့ ပြီး မတ်လ (၈) ရက်နေ့က တောင်းကိုးရီးယား၏သမ္မတ အဖြစ် ရွေးကောက် ခံခဲ့ရသည်။ 

            ကိုးရီးယားနိုင်ငံ၏ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌဆရာတော်က နိုင်ငံ့ခေါင်း ဆောင်များအ ပေါ်ပြည်သူတို့၏ ယုံကြည်မှုနှင့်ပူးတွဲလုပ်ဆောင်မှု ကိုပြန်လည်ဖော် ဆောင်တည် ဆောက်ရန်တိုက်တွန်းခဲ့သည်။ တိုက် တွန်းသည့်အတိုင်း လည်းဖော် ဆောင်မည်ဟု မျှော်လင့် လျှက်ရှိသည်။ လက်ရှိကိုးရီးပြည်သူများရင်ဆိုင်ကြုံတွေ့နေရသော အကြပ်အတည်းများစွာ နှင့်စပ်လျင်း၍ အကောင်းဆုံးကိုင်တွယ်စေလိုသည်။ အဆိုပါအကြပ်အတည်းများအနက် ကိုးဗစ် (၁၉) ကပ်ဆိုးကြီးကြောင့်ထိခိုက်ယိမ်းယိုင်လာသော စီးပွားရေးကိုပြန်လည်ဦးမောအောင်လုပ်ဆောင်ရန်၊ တောမီး လောင်ကျွမ်းခြင်းကြောင့် ပျက်စီးဆုံးရှုံးနေရသော သဘော၀ပတ်၀န်းကျင်ထိန်းသိမ်းစောင့် ရှောက်ရေးနှင့်လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို ထိရောက်စွာကိုင်တွယ် စေလို သည်။ဆက်လက်၍ ဥက္ကဌဆရာတော်က တွေ့ဆုံဆွေးနွေးခြင်း နှင့်ရင်ကြားစေ့ရေး၊ ရင်ကြားစေ့ရေးဟုဆိုရာ၌ မြောက်ကိုးရီးယားနှင့်ပြန်လည်ပေါင်းစည်းရေးကိုဖြစ်နိုင်အောင်ဖော် ဆောင်ရေး၊ လူ့အခွင့်အရေးကာကွယ်ရေး စသောအရေးကြီးသော အကြောင်းအရာများ ကိုလည်းတိုက်တွန်းခဲ့သေးသည်။

သမ္မတသည် ပြည်သူ၏ရွေးချယ်ခြင်းကိုခံရသည်။ ထို့ကြောင့် ပြန့်ကြဲနေသော ပြည်သူတို့၏နှလုံးသားများကိုပြန်လည်စုစည်းစေလိုသည်။ ပြည်သူကို ဖြူစင်သောစိတ်၊ အဖွဲ့အစည်းကိုချစ်သောစိတ်ဖြင့်အစေခံပါသည်။ ကိုးရီးယားပြည်သူတို့ ၏အကျိုးအတွက် အလုပ်လုပ်ပေးပါဟုတိုက်တွန်းခဲ့သည်။

တောင်ကိုးရီးယားနိုင်ငံ၌ ကက်သလစ်ဘာသာတူဦးရေ (၅.၆) သန်းရှိပြီး၊ ဂိုဏ်းချုပ်သာသနာကြီး (၃)၊ ဂိုဏ်းအုပ်သာသနာ (၁၄) ခု၌နေထိုင်ကြသည်။     

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3O3BX0v

 

 

Add new comment

1 + 0 =