ယူကရိန်း ဒုက္ခသည်များအတွက် နေ့စဥ် အသားညှပ်ပေါင်မုန့်  လေးသောင်း ခန့်ပြုလုပ်ပေးလျက်ရှိဟု ပိုလန် ကာရီတပ်စ်  ဒါရိုက်တာဆို

ယူကရိန်း ဒုက္ခသည်များအတွက် နေ့စဥ် အသားညှပ်ပေါင်မုန့်  လေးသောင်း ခန့်ပြုလုပ်ပေးလျက်ရှိဟု ပိုလန် ကာရီတပ်စ်  ဒါရိုက်တာဆို

ယူကရိန်း ဒုက္ခသည်များအတွက် နေ့စဥ် အသားညှပ်ပေါင်မုန့်  လေးသောင်း ခန့်ပြုလုပ်ပေးလျက်ရှိဟု ပိုလန် ကာရီတပ်စ်  ဒါရိုက်တာဆို

 

ပိုလန်ကာရီတပ်စ် အဖွဲ့များသည် ဖေဖော်ဝါရီလက ကျူးကျော်စစ်ကြောင့် ဒုက္ခရောက်နေသော ယူကရိန်းနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးရာ၌ ရှေ့တန်းတွင် ရှိနေသည်။

ပိုလန် ကာရီတပ်စ် ဒါရိုက်တာ   Fr Marcin Izycki က ဆိုသည်မှာ "ကျွန်ုပ်တို့က နေ့စဉ် အသားညှပ်ပေါင်မုန့်ပေါင်း ၄၀,ဝဝဝ ပြုလုပ်လျှက်ရှိပါတယ်။ နယ်စပ်ဖြတ်ကျော်သူများအတွက် ပူပူနွေးနွေး အစားအစာများကိုလည်း ပြင်ဆင်ပေးပါတယ်။ ဒီလိုမျိုးလုပ်ပေးတာက ဆိုင်ကနေဝယ်တာမဟုတ်ဘဲ ပြင်ဆင်ကျွေးတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလူတွေကို ကျွေးမွေးရမယ်။  ပထမအဆင့်အနေနဲ့ ဒီလူတွေကို ကျွေးမွေးဖို့ပါပဲ" လို့ဆိုပါတယ်။

ကာရီးတပ်စ် ဒါရိုက်တာ Fr Marcin Izycki က ဒီအဖွဲ့အစည်းဟာ နယ်စပ်ဖြတ်ကျော်လာ၍ ဘေးကင်းလုံခြုံမှု ကိုရှာပြီးတော့ ရောက်ရှိလာတဲ့ဒုက္ခသည်များအား အကူအညီပေးပြီးတော့ ကယ်ဆယ်ရေးများကို မည်သို့ပံ့ပိုးပေးထားကြောင်း ရှင်းပြတယ်။

ဒီပိုလန်အဖွဲ့မှ ဒါရိုက်တာ Fr က ယူရို ၁၀ သန်းကို အလှူခံရရှိပြီး သာသနာ diocese ဆယ်ခုမှာရှိနေတဲ့ ဒုက္ခသည်များရဲ့အခက်အခဲများကို ကူညီဖြေရှင်းခဲ့တယ်။

ဒုက္ခသည်အများစုက Warsaw နှင့် Krakow ကဲ့သို့သော ကမ်းလှမ်းမှုအများဆုံးရှိသည့် မြို့ကြီးများကို သွားချင်ကြ ပေမဲ့နယ်စပ်က မထွက်ချင်တဲ့ နောက်ထပ် ဒုက္ခသည်အုပ်စုတွေလည်း ရှိပါသေးတယ်။ ယူကရိန်းမှာရှိတဲ့ သူတို့၏နေအိမ်များနှင့် ပိုမိုနီးကပ်စွာနေလိုကြပြီး မကြာမီ သူတို့ပြန်လာနိုင်မည်ဟု မျှော်လင့်ကြတဲ့ အတွက်ကြောင့် ဝေးဝေးမှာ မနေချင်ကြဘူး။

နယ်စပ်အနီးအနားမှာပဲနေရာ ရှာဖွေပြီးတော့ နေချင်ကြတယ်။ အဲ့ဒီနယ်စပ်နေရာမှာပဲ လက်ခံ ကြိုဆိုစေ ချင်ကြတယ်လို့ Fr ကဆိုပါတယ်။

ကျူးကျော်စစ်ပြီးနောက် ပထမရက်သုံးဆယ်မှာ ကာရီးတပ်စ် အဖွဲ့ သည် အစားအသောက်၊ ဆေးဝါးများနှင့် လျှပ်စစ်မီးစက်များကို ယူကရိန်းသို့  ထရပ်ကားအစီးရေ ၅၀၀ ခန့် စေလွှတ်ခဲ့ပြီး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာတွေ စုဆောင်းဖို့ တခြားအဖွဲ့အစည်းတွေကိုပါ ချိတ်ဆက်ပြီး ကူညီပေးတယ်။

ပိုလန်လူမျိုးတွေဟာ စစ်ရှောင်များအတွက် အိပ်ရန်နေရာများ စီစဥ်ပေးသည့်အပြင် ငွေကြေးအကူအညီလည်း ပေးသောကြောင့် ဒီလိုကြီးမားသော ရက်ရောမှုမျိုး နဲ့ စည်းရုံးလှုံ့ဆော်မှုမျိုး တစ်ခါမျှ မကြုံဖူးပါ။ လူတွေက သူတို့ရဲ့ နှလုံးသားနဲ့ ပိုက်ဆံအိတ်တွေကို ဖွင့်ထားပေးကြတယ်လို့လည်း Fr ကဆိုပါတယ်။

 နှလုံးသားနဲ့ ပိုက်ဆံအိတ်တွေကို ဖွင့်ထားကြတဲ့ ပိုလန်ရှိလူများသည် လိုအပ်နေသော အိမ်နီးချင်းကို ကူညီရန် တတ်နိုင်သမျှ လုပ်ဆောင်နေကြသည်ဟုဆိုသည်။

 

အာဗီအေ ဘာသာပြန် - သျှားလွန်းမယ်

https://bit.ly/3Jn8oU0

Add new comment

9 + 6 =