ဘုရားသခင်၏ အဆုံးမဲ့ကရုဏာတော်သည် လူသားအားလုံးကို ကယ်တင်ရန်ဖြစ်သည်ဟုပုပ်ဖရန်စစ်မြွက်ကြား

ဘုရားသခင်၏ အဆုံးမဲ့ကရုဏာတော်သည် လူသားအားလုံးကို ကယ်တင်ရန်ဖြစ်သည်ဟုပုပ်ဖရန်စစ်မြွက်ကြား

ဘုရားသခင်၏ အဆုံးမဲ့ကရုဏာတော်သည် လူသားအားလုံးကို ကယ်တင်ရန်ဖြစ်သည်ဟုပုပ်ဖရန်စစ်မြွက်ကြား

 

တနင်္ဂနွေနေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် မော်လ်တာတွင် မြွက်ကြားခဲ့သည်မှာ ဘုရားသခင်၏ မကုန်ခမ်းနိုင်သော  ကရုဏာကြောင့် မကယ်တင်နိုင်ဘူးဆိုတဲ့ စကားလုံးသည် တည်ရှိမည်မဟုတ်ကြောင်း

မြို့တော် ဗယ်လက်တာရှိ အကြီးဆုံး ပြည်သူ့ရင်ပြင်တွင် ဧပြီ ၃ ရက်က လူထောင်ပေါင်းများစွာ၏ ရှေ့မှောက်တွင် ပုပ်ရဟန်းမင်းကြီးက မောလ်တီစ် ကက်သလစ်ဘာသာဝင်များအား မြို့ဘုရားသခင်၏ ကရုဏာတော်ကို မမောမပန်းသော သက်သေခံချက်များဖြင့် သက်သေခံကြဖို့ တိုက်တွန်းခဲ့သည်။

 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဘုရားသခင်ရဲ့ ထာဝရခွင့်လွတ်ခြင်းတရားသည် ဘဝအသစ်ကို ပြန်လည်စတင်ချင်သူများအတွက် အမြဲတမ်းအခွင့်အရေးပေးကြောင်း ဘုရားသခင်သည် ကျွန်ုပ်တို့အား ခွင့်လွှတ်ရန် ဘယ်သောအခါမှ ငြီးငွေ့မည်မဟုတ်သော်လည်း ကျွန်ုပ်တို့ကသာ ကိုယ်တော်၏ကရုဏာကို ရှာဖွေရန် ငြီးငွေ့တတ်ကြောင်း ဖြည့်စွက်မြွက်ကြားခဲ့သည်။

“ဒါက သခင်ယေဇူးပဲ။ သူ၏ခွင့်လွှတ်ခြင်းကို ကျွန်ုပ်တို့တွေ့ကြုံခံစားရတဲ့အခါ၊ ဘုရားသခင်က ကျွန်ုပ်တို့၏အတွင်းစိတ်ဒဏ်ရာများဖြင့် ကျွန်ုပ်တို့ထံသို့ ကြွလာကြောင်းကို ကျွန်ုပ်တို့တွေ့ရှိတဲ့အခါမှာ ကျွန်ုပ်တို့တွေဟာ သူ့ကို အမှန်တကယ်သိလာကြတယ်။ ဒါဟာအမှန်တကယ်ပဲ သူ့က်ိုယ်သူ လူသားတွေသိလာအောင် ဖော်ပြခြင်းဖြစ်တယ်။

တိုက်ရိုက်ထုတ်လွှင့်သည့် မစ္ဆားတရားကို ဧပြီ ၂ ရက်မှ ၃ ရက်အထိ ပုပ်ရဟန်းမင်းကြီး၏ မော်လ်တာသမ္မတနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်အတွင်းမှာ အကြီးဆုံးသော လူထုစုဝေးပွဲဖြစ်ခဲ့သည်။ဝတ်ပြုဆုတောင်းပွဲအတွက် ရင်ပြင်နှင့် အနီးတစ်ဝိုက်တွင် လူ ၂၀,၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်း ဗာတီကန် သတင်းဌာနမှ သိရှိရသည်။

 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် သူ၏ သြဝါဒတွင် ရှင်ယောဟန်ဧဝံဂလိကျမ်းမှာ ကောက်နုတ်ထားတဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုဖြင့် ဖမ်းဆီးခံထားရသော အမျိုးသမီးတစ်ဦးနှင့် သခင်ယေဇူး တို့ တွေ့ဆုံမှု အပေါ် ပြန်လည် ထောက်ရှုသုံးသပ်ခဲ့သည်။

 

ဘုရားသခင်ထံ ကျွန်ုပ်တို့၏စိတ်နှလုံးများကို ဖွင့်ထား သည်နှင့်တစ်ပြိုင်နက် အမှန်တကယ်ပဲ ဘုရားသခင်က အံ့ဩဖွယ်ရာများကို ပြုလုပ်နိုင်စွမ်းရှိတယ် ဆိုတာဖောက်ပြန်မှုနဲ့ အဖမ်းခံရတဲ့ အမျိုးသမီးအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့်သိနိုင်တယ်။

 သူမ၏ အခြေအနေသည် မျှော်လင့်ချက်မဲ့ပုံပေါက်သော်လည်း အဲ့ဒီအချိန်မှာ သူမရှေ့တွင် မျှော်လင့်မထားသော  မိုးကုတ်စက်ဝိုင်းအသစ်တစ်ခု ပွင့်လာတယ်။။ သူမက စော်ကားခံရပြီး မညှာတာသော စီရင်ချက်နှင့် ပြင်းထန်သော ပြစ်ဒဏ်ကို စောင့်မျှော်နေပေမဲ့ ဘုရားသခင်ထံမှ လွတ်ငြိမ်းခွင့်လွတ်လာသည်ကို သူမ လုံးဝမမျှော်လင့်ထားခဲ့တဲ့အတွက် လုံးဝအံ့သြ သွားတယ်။

 သခင်ယေဇူးက သူမအားဆိုသည်မှာ 'ငါသည်လည်း သင့်ကို မစီရင်ဘူး။ သွားလော့။ နောက်တဖန် အပြစ်မပြုလေနှင့်။ “ခွင့်လွှတ်ခြင်းက အဲဒီအမျိုးသမီးရဲ့ဘဝကို ပြောင်းလဲစေခဲ့တယ်” ဟု အရှင်သူ မြတ်က ထပ်လောင်းမိန့်ကြားခဲ့သည်။

ကက်သလစ်အသင်းတော်သည် သူ၏ အသင်းတော်/အသင်းသားများကို အာပတ်ဖြေခြင်း စက္ကရမင်တူးအားဖြင့် ဘုရားသခင်၏ခွင့်လွှတ်မှုကို ရယူနိုင်စေကာ လူတစ်ဦးသည် ရဟန်းတစ်ပါးပါးထံ သူတို့၏အပြစ်များကို အာပတ်ဖြေခြင်းအားဖြင့် အပြစ်များ ခွင့်လွတ်ခြင်းခံရတယ်။

ကက်သလစ်အသင်း၏ မြတ်သော အယူဝါဒ သွန်သင်ချက်အရ အာပတ်ဖြေခြင်း စက္ကရမင်တူး အားဖြင့်  စစ်မှန်သော ဝိညာဥ်ရေးရာနိုးထမှု၊ ဘုရားသခင်၏ သားသမီး ဂုဏ်သိက္ခာပြန်လည်ရရှိခြင်း နဲ့ တန်ဖိုးအရှိဆုံး ဘုရားသခင်နှင့် မိတ်သဟာရဖွဲ့ခြင်းကို ပို့ဆောင်ပေးသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က မောလ်တီစ် ကက်သလစ်ဘာသာဝင်များအား မိန့်ဆိုခဲ့သည်မှာ “  အသင်းတော်မှာ သူရဲ့နောက်လိုက်ကောင်း ဖြစ်ဖို့၊ ဘုရားသခင် ခွင့်လွတ်သလို သင်တို့ အချင်းချင်းခွင့်လွတ်ပြီး ပြန်လည်သင့်မြတ်ခြင်းကို မမောမပန်းဘဲ သက်သေခံ ကြဖို့ ဘုရားသခင်က အလိုရှိတယ်"။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မော်လ်တာကို ကြွရောက်တဲ့ ခရီးမှာ ဘုရားသခင်ရဲ့ မကုန်ခန်းနိုင်တဲ့ ကရုဏာတော်နဲ့ ခရစ်ယာန် သက်သေခံခြင်းရဲ့ အရေးပါ မှုကို အဓိက မီးမှောင်းထိုး ပြခဲ့ပါတယ်။ အဲဒီအချက်တွေကို ဂိုဇိုကျွန်းပေါ်မှာရှိတဲ့ မယ်တော်ဂူနဲ့ ရိုးရာတွေအရ အေဒီ ၆၀ တုန်းက စိန့်ပေါလ် အခြေချ နေထိုင်ခဲ့တဲ့ နေရာကို ကြွရောက်စဥ် မိန့်ကြားခဲ့တာ ဖြစ်တယ်။

 

အာဗီအေဘာသာပြန်- သျှားလွန်းမယ်

https://bit.ly/35SNPkv

 

Add new comment

2 + 14 =