ယူကရိန်းစစ်ရှောင်များအတွက် သီလရှင်ကျောင်းပေါင်း (၁၀၀၀) ကျော်ဖွင့်လစ်၍ကူညီနေ

ယူကရိန်းစစ်ရှောင်များအတွက် သီလရှင်ကျောင်းပေါင်း (၁၀၀၀) ကျော်ဖွင့်လစ်၍ကူညီနေ

ယူကရိန်းစစ်ရှောင်များအတွက် သီလရှင်ကျောင်းပေါင်း (၁၀၀၀) ကျော်ဖွင့်လစ်၍ကူညီနေ

ပိုလန်နှင့်ယူကရိန်းနိုင်ငံများ၌ ကက်သလစ်သီလရှင်ကျောင်းပေါင်း (၁၀၀၀) ကျော်ရှိရာ ရုရှားမှ ယူကရိန်းအားကျူးကျော်စစ်စတင်သည့်အချိန်မှစ၍ ယူရိန်း ပြည်သူတို့သည် နိုင်ငံကိုစွန့်၍ ထွက်ပြေးနေ ကြရသည်။ ပိုလန်နိုင်ငံ၌ သီလရှင်ကျောင်း (၉၂၄) ကျောင်းနှင့်ယူကရိန်း၌ သီလရှင်ကျောင်းပေါင်း (၉၈) တို့၌ စစ်ပြေး ရှောင်များအား ၀ိညာဉ်ရေး၊ စိတ်ဓာတ်ရေး၊ ဆေး၀ါးနှင့်အခြားသောအကူအညီများကိုပေး၍ စောင့်ရှောက်ပေးလျှက်ရှိသည်။

ရုရှား၏ကျူးကျော်စစ်စတင်သည် မှစ၍ စစ်ပြေးရှောင်ပြည်သူများအား မိမိတို့၏သီလရှင်ကျောင်းတွင် လက်ခံစောင့်ရှောက်ပေးထားရကြောင်း၊ လက်ရှိ၌ ပိုလန်တွင် (၄၉၈) ကျောင်း၊ ယူကရိန်း တွင် (၇၆) ကျောင်း၌ စစ်ပြေးရှောင်မိသားစု (၂၄၀၀) စုကိုစောင့်ရှောက်ထားကြောင်း၊ ၄င်းတို့အနက် ကလေးငယ် (၃၀၀၀) ကျော်ပါနေသည်။ သီလရှင်ကျောင်း (၆၄) ကျောင်း၌လည်း မိဘမဲ့ကလေး (၆၀၀) အတွက် နေရာပေးထားကြောင်း၊ (၄၂၀) ကျောင်းကိုမူ ရင်ခွင်ပိုက်မိခင်များအား စောင့်ရှောက်ထားရကြောင်း၊ စစ် ပြေးရှောင်တို့၏ လိုအပ်ချက်များဖြစ်သော အစားအစာ၊ ကျန်းမာရေးဆိုင်ရာပစ္စည်းများ၊ အ၀တ်အစား၊ စောင်တို့ကိုပံ့ပိုးပေးလျှက်ရှိသည်။ စစ်ဖြစ်နေသော‌ဒေသမှ ဒုက္ခသည်များကို ကယ်ထုတ်ရာ၌ သယ်ယူ ပို့ ဆောင်ရေးကိုလည်းပေးသည်။ ထို့အတူ ဒေသအတွင်း အလုပ်လုပ်ကိုင်နိုင်သော အခွင့် အလန်းများ ကိုကြိုးစား၍ရှာ ဖွေပေးသည်။

သီလရှင်များသည် ဒုက္ခသည်များအား ကူညီစောင့် ရှောက်မှုများ ပေးရာတွင် အတတ်နိုင်ဆုံးကူညီပေးလျှက်ရှိသည်။ ယူကရိန်းနိုင်ငံမှကျောင်းသား များအားလည်း ပိုလန်နိုင်ငံ၌ကျောင်းတက်နိုင်ရန် စာရင်းသွင်းပေးနေကြသည်။ စကားနားမလည်သူများအားလည်း စကားပြန်အဖြစ်ကူညီပေးနေကြသည်။ က လေးများအတွက် အတန်းများလည်းစီစဉ်‌ပေးနေကြသည်။ သက်ကြီးရွယ်အိုများ၊ မသန်မစွမ်းများအား ကြည့်ရူစောင့်ရှောက်မှုများကိုလုပ်ဆောင်နေသည်။ ၄င်း ထက်အရေးကြီးသောအချက်ကား သီလရှင်များသည် အလှူငွေများကောက်ခံကာ ဗဟိုသို့ပို့ဆောင်၍ ပို၍လိုအပ်သည့်နေရာများသို ပေးပို့ကူညီလျှက်ရှိသည်။ လက်ရှိ၌ ပိုလန်နိုင်ငံ၏ သီလရှင် အကြီး အကဲများအသင်းချုပ်က ယူကရိန်းနိုင်ငံအတွင်း၌ အမှုထမ်းနေသော ပိုလန်သီလရှင်အသင်း (၃၃၀) ရှိကြောင်းပြောကြား ခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3qafogm

Add new comment

5 + 1 =