ရုရှားနှင့်ယူကရိန်းအရေး၌ ဗာတီကန်အနေဖြင့် ၀င်ရောက်ဖြန်ဖြေပေးရန်အသင့်ရှိ

ရုရှားနှင့်ယူကရိန်းအရေး၌ ဗာတီကန်အနေဖြင့် ၀င်ရောက်ဖြန်ဖြေပေးရန်အသင့်ရှိ

ရုရှားနှင့်ယူကရိန်းအရေး၌ ဗာတီကန်အနေဖြင့် ၀င်ရောက်ဖြန်ဖြေပေးရန်အသင့်ရှိ

            ဗာတီကန်၏အတွေင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin က ဗာတီကအန်အနေဖြင့် ရုရှား ၏ယူကရိန်းအားကျူးကျော်စစ်ကို ရပ်တန့်၍ ငြိမ်းချမ်း ရေးရယူပေးရန် တတ်နိုင် သည့်နည်း လမ်း များဖြင့် ကြား၀င်လုပ်ဆောင်ပေးရန်အသင့်ရှိကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ်မှ ဘုရားသခင်၏ နာမတော် မြတ်၌ ယခုဖြစ် ပွားနေသောစစ်ကိုရပ်တန့်ရန်လိုအပ်ကြောင်း ပန်ကြားအပြီးပြောကြားခဲ့သည်။ ကာဒီနယ် သည် ပြီးခဲ့သော ရက်များက ရုရှားနိုင်ငံခြားရေး၀န်ကြီး Sergej Lavrov နှင့်စကား ပြောဆို သည့် အ ကြောင်း ကိုပြန်လည်အမှတ်ရရင်း ရုရှားသည် ဗာတီကန်၏ပန်ကြားချက်ကို ကြားသိရရှိ ထားသော် လည်း ထိုပန်ကြားချက်သည် ထိ ရောက်သည်ဟုပြောနိုင်ရန် ယခုအချိန်အထိ သဘောထား ပြောင်းလဲ သည့် အရိပ်အယောင်မတွေ့ရသေးပေ။ 

            ဗာတီကန်၏တောင်းဆိုချက်ကို လက်ခံခြင်း၊ လက်မခံခြင်းသည် အရေးမကြီးပါ။ အရေးကြီး သော အချက်ကား လက်ရှိဖြစ်ပွားနေသော စစ်ကိုအဆုံးသတ် ရန်သာဖြစ်သည်။ အပြုသဘော ဆောင် သည့် ထိတွေ့မှုများရှိပြီး၊ ကောင်းသောရလဘ်ရှိရန်သာလိုသည်။ အခြားတစ်ဖက်၌လည်း သာသနာ တော် ကြီးသည် အတတ်နိုင်ဆုံးလုပ်ဆောင်ပေးနေကြောင်း၊ ဥပမာအားဖြင့် ရဟန်းမင်းကြီးသည် ထပ်ခါထပ်ခါ ငြိမ်းချမ်းရေးအတွက်တောင်းဆိုပေးခြင်း၊ ဆုတောင်းပေးခြင်း၊ အပြစ်မဲ့ပြည်သူများနှင့် ထပ်တူခံ စားရပ် တည်ခြင်း၊ ယူကရိန်းနိုင်ငံ၏ဗာတီကန်သံအမတ်နှင့်အဆက်မပြတ်ချိပ်ဆက်လျှက်ရှိကြောင်း၊ ထို့အတူ တောင်းဆိုချက်များ၊ ဆန္ဒထုတ်ဖော်မှုများကိုလည်း ထပ်ခါထပ်ခါပြုလုပ်ရန်လိုကြောင်း၊ ပြီးခဲ့သော တနဂ် နွေနေ့ကလည်း ရဟန်းမင်းကြီးသည် အန်ဂျေလူးဆုတောင်းမေတ္တာရွတ်ဆိုပူ ဇော်အပြီး ဘုရားဖူးများအား စစ်ပွဲ ရပ်တန့်ရေး ဆုတောင်းပေးကြရန်ပန်ကြားခဲ့သည်။ ရုရှားနိုင်ငံ၌လည်း လက်ရှိ ဖြစ်ပွား သောစစ် ကိုဆန့် ကျင်သော ဆန္ဒပြလှုပ်ရှား မှုများစွာရှိကြောင်း၊ ဤအချက်သည် မျှော်လင့် ချက်၏နိ မိတ်ဖြစ် ကြောင်း၊ ကာဒီနယ်အနေဖြင့် ရဟန်းမင်းကြီး၏ပြတ်သားပြီး၊ ငြိမ်းချမ်းရေးအတွက် မဆုတ်မ နစ်သော ဇွဲ လုံ့ လ များကြောင့် အလွန်အားကျရကြောင်း၊ ဤစစ်ပွဲကြောင့် ကျွန်ုပ်တို့အားလုံးလည်း ထိခိုက်နာ ကျင် ခံစား ရကြောင်းနှင့်ဤစစ်သည် အကြောင်းတရား မဲ့သောစစ်ပွဲဖြစ်ကြောင်းပြောကြားခဲ့သည်။

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3q713kO

 

 

 

Add new comment

1 + 5 =