‘ လူအတုံးအရုန်းသတ်ဖြတ်ခြင်းကို ဘုရားသခင်၏နာမတော်မြတ်၌ရပ်တန့်ပါ’ ဟုယူကရိန်းနှင့် ပတ်သက်၍ ရန်းမင်းကြီးမိန့်ကြား

‘ လူအတုံးအရုန်းသတ်ဖြတ်ခြင်းကို ဘုရားသခင်၏နာမတော်မြတ်၌ရပ်တန့်ပါ’ ဟုယူကရိန်းနှင့် ပတ်သက်၍ ရန်းမင်းကြီးမိန့်ကြား

‘ လူအတုံးအရုန်းသတ်ဖြတ်ခြင်းကို ဘုရားသခင်၏နာမတော်မြတ်၌ရပ်တန့်ပါ’ ဟုယူကရိန်းနှင့် ပတ်သက်၍ ရန်းမင်းကြီးမိန့်ကြား

            ရဟန်းမင်းကြီးဖရန်စစ်နှင့် တနဂ်နွေနေ့က အန်ဂျေလူးမွန်းတည့်ဆု‌တောင်းအပြီး၌ ဘာသာတူ များသည် မယ်တော့်ထံဆုတောင်းခဲ့ကြသည်။ ‘Mariupol’ ဟု မယ်တော်၏ အမည်ကို ခံယူထားသော ယူ ကရိန်း နိုင်ငံသည် ‘ဓမ္မအာဇာနည်များ၏မြို့’ အဖြစ် ကြောက်ခမန်း လိလိဖြစ်နေ ပေပြီဟု မိန့်ကြား ခဲ့ သည်။ ဤစစ်ပွဲ၌ အရိုင်းအစိုင်းဆန်ဆန်ဖြင့် ကလေးသူငယ်များ၊ အပြစ်မဲ့သူများ၊ မည်သည့် လက်နက် မျှမ ရှိသောပြည်သူများအားသတ်ဖြတ်နေမှုကိုကြောက်မတ်ဖွယ်အဖြစ် ထုတ် ဖော်မိန့် ကြားခဲ့သည်။ မည် သည့်လက်နက်မျှမရှိသည့် ပြည်သူများအားဦးတည်တိုက်ခိုက်နေသော စစ် ကိုလည်း ရပ်တန့်ရန်၊ ဤ သို့ သောစစ်ကိုလက်မခံနိုင်ကြောင်း၊ မြို့ ကိုသချိုင်းအဖြစ်အသွင်မပြောင်းသွားမီ စစ်ကို ရပ်တန် ရန် တိုက် တွန်းလိုက်သည်။ နာကြင်စွာဖြင့် ရုရှားတို့၏ယူကရိန်းနိုင်ငံအားကျူးကျော်စစ်ကိုရပ်တန့်ရန် တောင်း ဆိုနေကြသောသူများနှင့်အတူ ရဟန်းမင်းကြီးသည် ဘုရားသခင်၏နာမတော်၌ ဝေဒနာ ခံ ထမ်းနေ ရသော သူတို့၏ဆုတောင်းသံကိုနားညောင်းရန်၊ လက်နက်ကြီးများ၊ ဗုံးများဖြင့် တိုက်ခိုက် မှုများ ကိုလည်း ရပ်တန့်ရန်တောင်းဆိုခဲ့သည်။

တွေ့ဆုံဆွေးနွေးရာ၌ စစ်မှန်ပြီး၊ ပြတ်သား သောဦး တည် ချက်များ ထားရှိရန်၊ လူသားချင်း စာနာသော အကူအညီများပေးသည့် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်း ၏ အကူအညီများထိရောက်စွာရရှိစေရန်၊ လူအတုံး အရုန်းသတ်ဖြတ်နေမှုကို ရပ် တန့်ရန်၊ စစ်ကွင်းထဲမှ ထွက်ပြေးလွတ် မြောက် လာသော စစ် ပြေး ဒုက္ခသည်များအား ဟေရုဒ်၏ သတ်ဖြတ် ရန်ကြံ စည်မှုကြီးမှ လွတ် မြောက်သွားခဲ့သော ယေဇူးသ ခင် ကဲ့သို့ လှိုက်လှဲနွေးထွေးစွာကြိုဆိုကြရန်၊ ယူကရိန်းမှ ထွက်ပြေး လွတ် မြောက်သွားသူများအား လူသား ချင်း စာနာထောက်ထား၍ ကူညီပေးနေကြသူများအား လုံးကို ကျေး ဇူး တင်ကြောင်း၊ သူတော် စင်အ သင်းအဖွဲ့များအားလုံးလည်း ငြိမ်းချမ်းရေးအတွက် ဆု တောင်း ခြင်းကို  အ ထူးတိုး မြင့်လုပ် ဆောင် နေကြကြောင်း၊ ဘုရား သခင်သည် ငြိမ်းချမ်းရေး၏ ဘုရားသခင် သာ ဖြစ် သည်။ စစ်ကြိုက် သောဘု ရား မဟုတ်။ စစ်ကိုကြိုက်သူသည် ဘုရားသခင်၏ သန့်ရှင်း သောနာ မတော် ကို မရို မသေပြု ရာရောက်သည်ဟုမြွက်ကြားခဲ့သည်။

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

    https://bit.ly/3i7Nc99  

Add new comment

1 + 0 =