ယူကရိန်းနိုင်ငံ၌သာသနာပြုနေသော အိန္ဒိယနိုင်ငံမှကက်သလစ်သီလရှင်တစ်ပါး ‘အမျိုးသမီးသတ္တိရှင်ဆု’ ရရှိ

ယူကရိန်းနိုင်ငံ၌သာသနာပြုနေသော အိန္ဒိယနိုင်ငံမှကက်သလစ်သီလရှင်တစ်ပါး ‘အမျိုးသမီးသတ္တိရှင်ဆု’ ရရှိ

ယူကရိန်းနိုင်ငံ၌သာသနာပြုနေသော အိန္ဒိယနိုင်ငံမှကက်သလစ်သီလရှင်တစ်ပါး ‘အမျိုးသမီးသတ္တိရှင်ဆု’ ရရှိ

            လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုမှ စစ်ဖြစ်ပွားနေသော ယူကရိန်းနိုင်ငံ၌ သာသနာပြုနေသော အိန္ဒိယနိုင်ငံမှ ကက်သလစ်သီလရှင်တစ်ပါးအား ‘အမျိုးသမီးသတ္တိရှင်’ ဆုကိုချီးမြှင့်ခြင်းခံရသည်။ ထိုဆုကို မတ် (၈) ရက်နေ့ ‘ကမ္ဘာအမျိုးသမီးများနေ့’ အားဂုဏ်ပြုသောအားဖြင့် ကြေညာ ချီးမြှင့်ခဲ့ ခြင်းဖြစ်သည်။ စစ္စတာရ်၏အမည်မှာ Ligi Payyappilly ဖြစ်ပြီး၊ သက်တော်မှာ (၄၈) နှစ်ဖြစ်သည်။ သူ သည် ယူကရိန်းနိုင်ငံ၊ Mukachevo မြို့၌ဖွင့်လှစ်ထားသော St. Joseph of Saint-Marc သီလရှင် ကျောင်း၏အကြီးအကဲလည်းဖြစ်သည်။ ထိုမြို့သည် ယူကရိန်းနိုင်ငံ၏နောက်ဖက်ပိုင်းတွင်ရှိသည်။ မြို့တော် နှင့်မိုင် ပေါင်း (၄၈၀) ခန့်‌ေ၀းသည်။ သူနှင့်အတူ သီလရှင် (၁၇) ပါးတို့က စစ်ရှောင် ကျောင်း သားများ အား နေရာထိုင်ခင်းနှင့်အစားအစာများကိုစီမံပေးလျှက်ရှိသည်။ ထိုမှတဆင့် ယူကရိန်း နယ်စပ်ကို ဖြတ်သန်း၍ဟန်ဂေရီ၊ ရိုမေးနီးယားနှင့်ဆလိုဗက်ကီးယားနိုင်ငံများသို့ ဖြတ်သန်း၀င် ရောက် နိုင်ရန် အခွင့်အလမ်းများကိုဖန်တီး ပေးလျှက်ရှိသည်။

            အဆိုပါဆုချီးမြှင့်ရေးအဖွဲ့မှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၌ အမျိုးသမီးတစ်ဦးအား ဂုဏ်ထူးဆောင် ဆုချီးမြှင့်ရန်ဆုံးဖြတ်ချိန်၌ အမှန်တကယ် ထိုက်တန်သူကိုသာချီးမြှင့်လိုသည်။ ထို့နောက် စစ္စတာရ်၏ လှုပ်ရှားမှုများကိုပြန်လည်စီစစ်ကြည့်ပြီး သူ့အားရွေးချယ်ခဲ့သည်။ သူသည် လူမှုရေး တက်ကြွ လှုပ်ရှား သူလည်းဖြစ်သည်။ သူ၏သီလရှင်အဖွဲ့များသည် ကလေးများ၊ သက်ကြီး ရွယ်အိုများ အားပြုစု စောင့်ရှောက် ပျိုးထောင်ပေးသည့်အပြင် စစ်ကြောင့် တိမ်းရှောင်လာ သော စစ်ဘေးဒု က္ခသည်များ အား လည်း ကူညီပေးလျှက်ရှိသည်။ သူသည် ယူကရိန်း၌ သာသနာပြုနေသည်မှာ နှစ်ပေါင်း (၂၀) ခန့်ရှိနေ ပြီဖြစ်သည်။ သူ၏အမှု တော်များစွာအနက်တစ်ခုမှာ ဥပုသ်စောင့်သူများအား တရားဟောလေ့ရှိသည်။ စစ်ဘေးဒုက္ခသည်များအား သီလရှင်ကျောင်း၌ပင် စောင့်ရှောက်ထားပေးသည်။ သူသည် အလွန်ရဲပြီး၊ သတ္တိ ပြောင်သူဖြစ်သည်။ စစ္စတာရ်သည် ဤဆုနှင့်အမှန်တကယ်ထိုက်တန်ကြောင်း ဆုရွေးချယ် ရေးအဖွဲ့က ကြေညာချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။

           ဤဆုချီးမြှင့်ရေးအဖွဲ့သည် အိန္ဒိယနိုင်ငံ၌လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းအသွယ်သွယ်ဖြင့် လူတို့၏ ဘ၀ကိုတိုးတက်ပြောင်းလဲလာ အောင်လုပ် ဆောင်ပေးခဲ့သည်။ အထူးသဖြင့် ကိုးဗစ် (၁၉) ကူး စက် ရောဂါစတင်ဖြစ်ပွားသော (ဖေဖော်၀ါရီ၊ ၂၀၂၀) မှစ၍ လူမှုကူညီရေးလုပ်ငန်းကို လုပ် ဆောင် ခဲ့သည်။ (ဇူလိုင်၊ ၂၀၂၀) ၌ ဤအဖွဲ့သည် ယုံကြည်အားကိုးရသော ကူညီပေးမည့် ဒေသခံ (၄) ဦးနှင့် လူကြီး လူကောင်း (၉) ဦးတို့၏ပံ့ပိုးကူညီမှုဖြင့် လူမှုကယ်ဆယ်ရေး လုပ်ငန်းကို ပြည့်ပြည့် ၀၀လုပ် ဆောင်နိုင် ခဲ့သည်။ ထိုအချိန်မှစ၍ လူပေါင်း (၁၀၀၀၀) ကျော်အား အစားအစာ၊ ငွေကြေး၊ ပညာရေးနှင့်လူမှုရေးရာ တရားမျှတမှု ဆိုင်ရာကိစ္စများ၌ ကူညီပေးနိုင်သည်။

ဤအဖွဲ့သည် ကမ္ဘာတစ်၀ှမ်း မှမိတ်ဖက် အဖွဲ့များ၏ ကူညီပံ့ပိုး ပေးမှုဖြင့် ဆက်လက်၍ လူသား အချင်း ချင်းယိုင်းပင်းကူညီမှု များလုပ်ဆောင် နိုင်မည်ဟု မျှော် လင့် လျှက်ရှိသည်။ ဤအဖွဲ့သည် အလှူ ရှင်များ ၏အကူအညီဖြင့်သာ လှည်ပတ် နေရသော အဖွဲ့အစည်း ဖြစ် သည်။ ထို့ကြောင့် လူ သားချင်စာနာသော အကူအညီများပေးမည့် အလှူရှင်များ အားလည်း ကြိုဆို ကမ်းလင့်လျှက်ရှိပါသည်။       

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3i3RjTR

 

Add new comment

8 + 9 =