ထိုင်းကက်သလစ်သာသနာ ဓမ္မအာဇာနည် Nicholas Bunkerd အား ရဟန္တာတင်မြောက်သည့် (၂၂) နှစ်ပြည့်နှစ်ပတ်လည်ကျင်းပ

ထိုင်းကက်သလစ်သာသနာ ဓမ္မအာဇာနည် Nicholas Bunkerd အား ရဟန္တာတင်မြောက်သည့် (၂၂) နှစ်ပြည့်နှစ်ပတ်လည်ကျင်းပ

ထိုင်းကက်သလစ်သာသနာ ဓမ္မအာဇာနည် Nicholas Bunkerd အား ရဟန္တာတင်မြောက်သည့် (၂၂) နှစ်ပြည့်နှစ်ပတ်လည်ကျင်းပ

ဘန်ကောက်ဂိုဏ်းချုပ်သာသနာသည် ဖာသာရ် Nicholas Bunkerd ၏ရဟန္တာတင်မြောက်ခြင်း (၂၂) ပြည့် နှစ်ပတ်လည်နေ့ကို မတ်လ (၅) ရက်နေ့က အမှတ်ရကျင်းပခဲ့သည်။

ဖာသာရ် Nicholas Bunkerd သည် ဓမ္မအာဇာနည်တစ်ပါးဖြစ်သည်။ ကပ်ရောဂါဆိုးကြီး ဇောင်းထဒုက္ခ ပေးနေ သော်လည်း ထိုနှစ်ပတ်လည်နေ့ဆုတောင်း၀တ်ပြုခြင်းအခမ်းအနားသို့ လူဦးရေ (၁၀၀) ခန့်ပါ၀င် ခဲ့သည်။ ဤ၀တ်ပြုဆုတောင်းခြင်းကို ဘန်ကောက် နှင့် (၄၄) ကီလိုမီတာဝေးသော ဓမ္မအာဇာနည် ကြီး၏ဗိမာန်ရှိရာ Sampran ၌ကျင်းပခဲ့သည်။

ဓမ္မအာဇာနည်အား စိန့်ဂျွန်ပေါလ် (၂) မှ(မတ်လ၊ ၅၊ ၂၀၀၀) စိန့်ပီတာရင်ပြင်၌ ရဟန္တာအဖြစ်ကြေညာကာ တင်မြောက်ခဲ့သည်။ ဓမ္မအာဇာနည် သည် ဗီယက်နမ်မြောက်ပိုင်းသို့ သာသနာပြုခဲ့သည်။ ထာ၀ရ ရဟန်းသိက္ခာ ခံယူပြီးနောက်ပိုင်း၌ ထိုင်းနိုင်ငံအတွင်း သာသနာပြုခဲ့သည်။ သူသည် (၁၉၂၆)၊ ဘန်ကောက်၊ အာဆွမ်းရှင်းကက်သီဒြယ်ဘုရားကျောင်းကြီး၌ ရဟန်သိက္ခာထပ်ခဲ့သည်။ သူ၏အဓိက စိတ်အားထက်သန်မှုကား ကက်သလစ် များကို ကက်သလစ်သာသနာသို့ပြန်လာရန်၊ အထူးသဖြင့် ဆင်းရဲချို့ တဲ့မှုကြောင့် ဘုရားမေ့၊ တရားမေ့ကာ ၀မ်းရေးအတွက်သာဦးစားပေးကြသူ များ၊ နိုင်ငံတော် အစိုးရ၏ ဖိအားပေးမှုများကြောင့်သော်လည်းကောင်း မိမိတို့၏ယုံကြည်ခြင်းကို စွန့်သွားကြသူများအား ပြန်လည်ခေါ်ယူရန်ဖြစ်သည်။

သူစိတ်ပိုင်းထားသည့်အတိုင်းပင် အကောင်အထည်ဖော်ခဲ့သည်။ သို့သော် ခရစ်ယာန်ကိုမနှစ်သက်သော ထိုင်းအစိုးရ၏ အရိပ်မဲကြီးသည် သူ့ နောက်၌ ထပ်ကြပ်မကွာလိုက်နေခဲ့သည်။ ကက်သလစ်ဘာသာကို ‘မျိုးချစ်စိတ်မရှိသောဘာသာ’ ဟုသတ်မှတ်ပြီး၊ ညှဉ်းပမ်းနှိမ့်စက်ခဲ့ကြသည်။ ဒေသခံ ကက်သလစ်များသည် ထိုင်းအစိုးရကိုအလွန်အမင်းကြောက်ကြကြောင်း ပြင်သစ်သာသနာ ပြုဘုန်း တော်ကြီးတစ်ပါးဖြစ်သောဖာသာရ် Moris Meunier ကပြောသည်။ ဓမ္မအာဇာနည်ကြီး ပထမဦးဆုံး အမှုတော်ထမ်းခဲ့သောဒေသ၏အခြေအနေကို ဖာသာရ် Moris Meunier ကပြန်လည်ပြော ပြသည်မှာ ကက်သလစ်များသည် ၄င်းတို့၏စိတ်ပုတီးများကို အစိုးရအာဏာပိုင်များ၊ ဒလံများတွေ့သွားမည်ကိုစိုး၍ ကြွင်းတူးကာ မြေကြီးထဲ၌မြှုပ်နှံ ထားကြရသည်ဟုဆိုပါသည်။

Nakhon Ratchasima မှကက်သလစ်ဘာသာတူတစ်ဦးက ညှဉ်းပမ်းနှိပ်စက်သည့်အချိန်ကာလ၌ ရဲများ နှင့်ရွာလူကြီးများသည် ဘုရား ကျောင်းထဲသို့ ခြံစည်းရိုးများ၊ တံခါးများဖျက်ဆီးပြီး၀င်ရောက်လာကာ ကက်သလစ်များအား ယုံကြည်ခြင်းကိုငြင်းပယ်ရန် အမျိုးမျိုးခြိမ်းခြောက်မှု များလုပ်ခဲ့ကြသည်။ ပြင်သစ် နှင့်အင်ဒိုချိုင်းနားတို့စစ်ဖြစ်သောအခါ ဓမ္မအာဇာနည် Nicholas သည်ပြင်သစ်တို့အတွက်သူလျိုအဖြစ် စွပ်စွဲခံခဲ့ရသည်။ သို့နှင့် (ဇန္န၀ါရီလ၊ ၁၂၊ ၁၉၄၁) ၌ ဓမ္မအာဇာနည်ကြီးဖာသာရ် Nicholas သည် ဘုရား ကျောင်းခေါင်းလောင်းထိုးပြီး လူစုလိုက်သည်။ ထိုနေ့ကား တနဂ်နွေနေ့ဖြစ်၍ မစ္ဆားပူဇော် ကြရန် ဖြစ်သည်။ ဤသို့ သောလုပ်ရပ်ကြောင့် နှစ်ပေါင်းများစွာအကျဉ်းချခံခဲ့ရသည်။ အကျဉ်းကျခံနေရ စဉ် သူသည် အလကားမနေ။ ရဲဘက်များအား ဘုရားစကားသင်ကြားပေးခဲ့သည်။ ထောင်ထဲ၌ပင် အကျဉ်း သား (၆၈) ဦးကိုဆေးကြောခြင်းပေးနိုင်ခဲ့ သည်။ သူ၏ရဲရင့်ပြတ်သားခြင်းကို စာစီ၍မကုန်နိုင်ရာ။ သူသည် စိတ်ပုတီးစိပ်ခြင်းအားဖြင့် စိတ်ကိုဖြေလေ့ရှိသည်။ သူသည် ရက်ရက်စက်စက်ညှဉ်းဆဲ ခံခဲ့ရသည်။ ထောင် ထဲ၌ရှိစဉ် တီဘီရောဂါခံစားခဲ့ရသည်။ ဆေးရုံသို့ပို့လိုက်ပြီး၊ မသေမရှင်ဖြင့် သေစေရန် သမင်ရည် ရွယ်ပစ်ထားခဲ့သည်။ ကက်သလစ် ဖြစ်၍ ဆေး၀ါကုသမပေးရန်အမိန့်ထုတ်ထားသည်။ သူသည် (ဇန္န၀ါရီလ၊ ၁၂၊ ၁၉၄၄) ခုနှစ်တွင်ပျံလွန်တော်မူသွားခဲ့သည်။

(၁၉၉၂) မှစ၍ ဘန်ကောက်ကက်သလစ်ဘာသာတူများမှ သူ့အား ရဟန္တာတင် မြောက်နိုင်ရန် အားထုတ်လုပ်ဆောင်ခဲ့သည်။ ဓမ္မအာဇာနည်ကြီး၏ ဘ၀အသက်တာသည် ထိုင်းကက်သလစ် သာသနာ အတွက် အလွန်အားကောင်းသော သင်္ကေတ  တစ်ခုဖြစ်သည်။ ထိုင်းကက်သလစ်များလည်း သူအား အလွန် ကြည်ညိုကြသည်။ သူသည် အလွန်ကြင်နာတတ်သူ၊ စိတ်ရှည်သူ၊ သူ၏သိုးများ နှင့်အလွန် ရင်းနှီးကျွမ်း၀င်သူဟုလူသိများသည်။ သူ၏သိုးများနှင့် ရင်းနှီးစွာ စကားစမြည်ပြောခြင်း၊ လူငယ်၊ ကလေးသူ ငယ်များအား ဘုရားစကားသင်ကြားပေးခြင်း၊ ချို့တဲ့နွမ်းပါးသူ တို့ကိုကူညီခြင်း တို့ကိုလုပ် ဆောင် ခဲ့သည်။ ဘာသာရေးလွတ်လပ်စွာကိုးကွယ်ခြင်းအတွက် ဓမ္မအာနည်သည် အသက်ပေးခဲ့သည်။

မစ္ဆားတရားပူဇော်ခြင်းကိုဖာသာရ် Somphop Roenwutichnapheat ကဦးဆောင်ခဲ့သည်။ သူ၏ဩ၀ါဒ ဓမ္မအာဇာ နည်ကြီးသည် ထိုင်းနိုင်ငံအတွက်ဘုရားသခင်၏လက်ဆောင်ဖြစ်သည်။ သူသည်ယုံ ကြည်ခြင်း ၏ ပုံစံတော်ဖြစ်သည်။ သာသနာပြုခြင်း၌လည်း အလွန်စိတ်အားထက် သန်သည်။ သူ၏မိသားစုသည် မပြည့် စုံလှပေ။ သူ့အား (ဇန္န၀ါရီလ၊ ၁၈၉၅) နေ့၌ ထိုင်းနိုင်ငံ အလယ်ပိုင်း Nakhon Pathom တွင်မွေး ဖွားခဲ့ သည်။ သူသည် ငယ်စဉ်ကပင်လျှင် ကက်သလစ်ဘုန်းတော်ကြီးဖြစ်လာရန်  ရည်သန် ကြိုးစား ခဲ့သူ ဖြစ်သည်။ အသက် (၁၃) နှစ်အရောက်တွင် သူသည် အခြေခံရ ဟန်းဖြစ်သင် ကျောင်းသို့ ၀င်ရောက် သွားခဲ့ပြီး၊ မလေးရှားနိုင်ငံ၊ ပင်နိုင်မြို့၌ ကက်သလစ်ရဟန်းတစ်ပါးဖြစ်ရန် တတ်သိနားလည်ရမည့် ဘာ သာ ရပ်များကိုသွားရောက်သင်ကြားဆည်းပူးခဲ့သည်။

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3CEQLNx

Add new comment

6 + 11 =