Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ယူကရိန်းမှသာသနာပြုများ လတ်တလောအခြေအနေကြောင့် နယ်စပ်မြို့၌ရှောင်နေပြီး၊ ပြည်သူများအားလက်လှမ်းမှီသလောက်ကူညီနေ
ယူကရိန်းမှသာသနာပြုများ လတ်တလောအခြေအနေကြောင့် နယ်စပ်မြို့၌ရှောင်နေပြီး၊ ပြည်သူများအားလက်လှမ်းမှီသလောက်ကူညီနေ
Lviv မြို့သည် ယူကရိန်းနိုင်ငံ၏အနောက်ဖက်တွင်ရှိပြီး၊ ယူကရိန်းအနောက်ဖက် ခြမ်း၏မြို့ တော်ဟုလည်းသတ်မှတ်နိုင်သည်။ ထိုမြို့ သည် ရုရှားတို့၏လူမဆန်သော သတ်ဖြတ်မှုမှထွက်ပြေး လွတ်မြောက်လာခဲ့သူများအဖို့မှာမူ တစ်ထောက်နား၍မြို့ဖြစ်လာသည်။ ထိုမှတဆင့် အခြား သောနယ် စပ်မြို့များဖြစ်သော ပိုလန်၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယားနှင့်ဟန်ဂေရီနိုင်ငံများသို့ ထွက်ပြေးရန် အခွင့်အလမ်းကို စောင့်စားသည့်နေရာဖြစ်နေသည်။ ကုလ၏သတင်းထုတ်ပြန်ချက်အရ ရုရှား၏ယူကရိန်းအားကျူးကျော်စစ်စဖြစ်သည့်အချိန်မှစ၍ ကလေး (၇.၅) သန်းခန့်သည် အန္တရာယ် ရှိသောအခြေအနေ၌ရှိနေသည်ဟုဆိုပါသည်။ Lviv မြို့၏နယ်စပ်၌နေ၍ အီတလီသာသနာပြုများက အဆို ပါအန္တရာယ်ရှိသောကလေးများ၊ မိခင်များအားကူညီနေကြရသည်။ အီတလီသာသနာ ပြုဘုန်းတော်ကြီး ဖာသာရ် Moreno Cattelan သည် ပထမဦးဆုံး အကူအညီပေး မည့်အဖွဲ့နှင့် ရိုမေးနီးယားသို့သွားခဲ့သည်။
ဖာသာရ် Moreno Cattelan သည် အီတလီလူမျိုးဘုန်းတော်ကြီးတစ်ပါးဖြစ်သော Don Orione တည်ထောင်ခဲ့သော ‘Sons of Divine Providence’ (ဘုရားသခင်မြှော်မြင်းတော်မူခြင်း၏သားများ) ရဟန်းအသင်း၀င်တစ်ပါးဖြစ်သည်။ ကလေးများလုံလုံခြုံခြုံဖြစ်အောင်စီစဉ် ပြီးနောက် စစ်ဖြစ် ပွားနေသောဒေသသို့ပြန်လာခဲ့သည်။ စစ်ဖြစ်နေသော်လည်း ကိုယ်လွတ်ရုန်းရန်မဟုတ်။ ဒုက္ခ ရောက် နေသူများနှင့်ဝေမျှ ခံရန်ကတိပြုထားသောကြောင့် ပြည်သူများအား ချန်ထား၍နောက်ပြန် လှည့်မည် မဟုတ်။ မည်သည့်အခြေအနေ၌မဆို နောက်ဆုံးအချိန်အ ထိ ပြည်သူများနှင့်နေမည်ဖြစ်သည်။ စစ်ရေးအလွန်ပြင်းထန်သောနေရာများမှမူဆုတ်လာပြီး၊ Lviv ၌တစ်ထောက်နားပြီး၊ ကလေးများနှင့် မိခင်များအား အတတ်နိုင်ဆုံးကူညီလျှက်ရှိသည်။
Lviv ၌ ၄င်းတို့အားစောင့်ရှောက်ထားသောနေရာ၌ အခန်း၊ ရေချိုးခန်း၊ မီးဖိုချောင်ရှိသည်။ ယခင်နေ့များက မီးဖွားပြီးတစ်လသာရှိ သေးသော ကလေးမိခင်တစ်ဦး ကလေးနှင့် အတူရောက်ရှိ လာခဲ့သည်။ ထိုအခြေအနေမျိုး၌ အဆိုပါရင်ခွင့်ပိုက်ကလေးနှင့်မိခင်အား ယခုကဲ့ သို့သော လူအများ စုနေသောနေရာနှင့်အဘယ်သို့မျှမသင့်လျောပေ။ ဤဘုန်းတော်ကြီးသည် ယူကရိန်း ၌အမှုထမ်း နေသည်မှာ (၁၇) နှစ်ရှိ ပြီဖြစ်သည်။ ထို့ကြောင့်လည်း သူ့အနေဖြင့် သူ၏ဒုတိယအိမ်သဖွယ်ဖြစ်နေသော ယူကရိန်းကိုစွန့်၍ သူ၏မိခင်တိုင်းပြည်သို့အဘယ်သို့မျှမပြန်နိုင်။ ဖြစ်လေသမျှ ပြည်သူများနှင့် ဖြစ်ရန်စိတ်ပိုင်းဖြတ်ထားသည်။ ၄င်းအတွက် ယူကရိန်းလူမျိုး၊ ၄င်းတို့၏ထုံးတမ်းစဉ်လာ၊ ယဉ်ကျေးမှု၊ ဘာသာတရားရိုသေကိုင်းရှိုင်းလွန်းခြင်း၊ ညီညွှတ်မှု၊ အတူတကွယှဉ်တွဲနေထိုင်တတ်ခြင်း၊ ဂုဏ်သိက္ခာ၊ လူမျိုးတစ်မျိုးတည်းဖြစ်ခြင်း စသည် တို့သည် သူ့အတွက် သူ့ဘ၀အစိတ်အပိုင်းနယ် ဖြစ်နေသည် ဟုခံစားရသည်။ ဥရောပတလွှားမှ ဘာသာရေးအသင်းအဖွဲ့များစွာ နှင့်အစိုးရမ ဟုတ်သော အဖွဲ့အစည်း များနှင့်ချိပ်ဆက်၍ စစ်ဘေးဒုက္ခသည်များအား လူသားချင်းစာနာသောအကူအညီများကိုပေးခြင်း၊ လုံခြုံသောနေရာများသို့ ပို့ဆောင်ပေးခြင်းများကိုပြုလုပ်လျှက်ရှိသည်။
အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Add new comment