Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရုရှားမှယူကရိန်းအားကျူးကျော်စစ်၌ ဘာသာရေးအဘယ်သို့၀င်ရောက်လာရသနည်း။
ရုရှားမှယူကရိန်းအားကျူးကျော်စစ်၌ ဘာသာရေးအဘယ်သို့၀င်ရောက်လာရသနည်း။
ပူတင်သည် ယူကရိန်းအား ကျူးကျော်ရခြင်းမှာ ယူကရိန်းနိုင်ငံရှိ ရုရှားဩသောဒေါ့စ်တို့အား ယူကရိန်းအစိုးရက ဖိနှိပ်သောကြောင့်ဟုအ ကြောင်းပြသည်။ လက်ရှိကျူးကျော်စစ်နှင့်ပတ်သက်၍ စီးပွားရေးနှင့်ဆိုင်သော အငြင်းပွားမှုများလုံး၀မရှိ။ နိုင်ငံရေးနှင့်ဆိုင်သော အဖုအထစ်များ လုံး၀မရှိပေ။ ၀ါလုံးရှည်နှင့်ရမ်းသော ဘာသာရေးအကြောင်းတရားကြောင့်ဖြစ်ရသည်ဟုဆိုသည်။
ယူကရိန်းနိုင်ငံ၏ ထက်၀က်ကျော်သည် ဩသောဒေါစ့်ခရစ် ယာန်များဖြစ်ကြသည်။ (၁၅) ရာခိုင်းနှုန်းမှာ မောစကိုရှိ ဩသောဒေါစ်ဌာနချုပ်၏လက်အောက်၌ရှိသော ခရစ်ယာန်များဖြစ်ကြသည်။ ထိုအဖွဲ့သည် ရုရှားကိုမိခင်နိုင်ငံအဖြစ်သတ်မှတ်ပြီး ဘုံသမိုင်းကိုလည်း ထိန်းသိမ်းစောင့်ရှောက် ကာကွယ် ရန်မြှင့်တင်လုပ်ဆောင်သောအဖွဲ့ဖြစ်သည်။ ဘာသာရေး ခေါင်းဆောင်မှာ Patriarch Kirill ဖြစ်သည်။ ထိုသို့သတ်မှတ်သည့်အထဲ၌ ယူကရိန်း၊ ဘဲလားရုစ့်နှင့်အခြားနယ်မြေများလည်းပါ၀င်သည်ဟုဆိုသည်။ အ မှန်မှာ ရဟန်းမင်းကြီးဖရန်စစ်သည် Patriarch Kirill နှင့်တွေ့ဆုံလိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ရုရှားဩသောဒေါ့စ်ခရစ်ယာန်များသည် အရှေ့ဥ ရောပ၌အလွန်အားကောင်းသည်။ ထို့အတူ ရုရှားတပ်များ အလုံးအရင်းနှင့်စတင်ကျူးကျော်၀င်ရောက်သော (၂၀၁၄) မှစ၍ ဘာသာရေးဖိနှိပ်မှုများရှိ နေသည့်ဖြစ်ရပ်များစွာမှတ်တမ်းတင်ထားနိုင်ခဲ့သည်။ ဤအခြေအနေကား ဆိုဇီယက်ရုရှားပြိုလဲသွားပြီးနောက်ပိုင်း Moldova၊ Georgia၊ Belarus၊ Russia တို့နှင့်မတူသော ဘာသာရေးသက်၀င်ယုံကြည်မှု ယူကရိန်းမြေ၌မွေးဖွားလာခဲ့ကြောင်း၊ ယခုစစ်ပွဲအလွန်၌ ဘာသာရေးအခြေအနေအဘယ်သို့ဖြစ်လာမည် ကိုမသိသော်လည်း လက်ရှိ၌မှု ဘာသာတိုင်းက ငြိမ်းချမ်းရေးအတွက်ဟု ယူကရိန်းတက္ကသိုလ်မှ DMYTRO VOVK ကပြောကြားခဲ့သည်။
ရုရှားများခြေကုပ်ယူထားသောဒေသတစ်ခုဖြစ်သည် Donbas ၌ ရုရှားဩသောဒေါစ့်မှလွဲ၍ အခြားဘာသာများအားလုံးသည် ပိတ်ပင်ခံထားရ ကြောင်း၊ ဘာသာရေးခေါင်းဆောင်များ၊ ဓမ္မအမှုတော်ဆောင်များကိုပင် သတ်ဖြတ်သည့်အမှုများရှိနေကြောင်း၊ ကျူးကျော်စစ်စတင်မဖြစ်ပွားမီက Donbas ၌ ယူကရိန်တို့သည် ဘာသာရေးလွတ်လပ်မှုရခဲ့သည်။ ဒေသအတွင်း၌ ဘာသာတစ်ခုတည်း သာမဟုတ်ဘဲ သက်၀င်ယုံကြည်မှုမတူသော အရှေ့ တိုင်း၀ိနည်းကိုသက်၀င်ယုံကြည်သော ကက်သလစ် ဘာသာ၀င်များလည်းအလွန်အင်အားကြီးပြီး၊ လွတ်လပ်စွာသက်၀င်ယုံကြည်နိုင်ခဲ့သည်။ အရှေ့ တိုင်း ကက်သလစ်သာသနာ၏ ဂိုဏ်းချုပ်ဆရာတော် Sviatoslav Shevchuk သည်ရုရှာ၏ကျူးကျော်စစ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချခဲ့သူလည်း ဖြစ်ကြောင်း Kyiv မြို့မှစီးပွားရေးကျောင်း၏ သုတေ သနပညာရှင် EUGENIA KUZNETSOVA ကသုံးသပ်ပြထားသည်။
အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Add new comment