Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဗာတီကန် ၀န်ထမ်းအိမ် ထောင်သည်ဖခင်များအား သားဖွားခွင့်ရက်ကို ၃ ရက်အထိ သက်တမ်းတိုး
Tuesday, March 08, 2022
ဗာတီကန် ၀န်ထမ်းအိမ် ထောင်သည်ဖခင်များအား သားဖွားခွင့်ရက်ကို ၃ ရက်အထိ သက်တမ်းတိုး
ဗာတီကန်တွင် ဝန်ထမ်းများထဲမှ အိမ်ထောင်သည်ဖခင်များအတွက်ယခင်က စည်းကမ်းချက်ဖြစ်သည့် ခွင့်တစ်ရက်အစား ယခုမှာတော့သားဖွားခွင့်ကို သုံးရက်ယူနိုင်တော့မည်ဖြစ်သည်။
ဇနီးသည်ကလေးမွေးပြီး ရက်ပေါင်း သုံးဆယ်အတွင်း မှာ အဆိုပါခွင့်ကို ယူနိုင်မည်ဖြစ်ကြောင်း
ဗာတီကန်မှ ထုတ်ပြန်သည်မှာ
"ဖခင်ဝန်ထမ်းသည် သုံးရက်ခွင့်ယူသည့် အခါတွင်လုပ်သက်ပေါ် မူတည်ပြီး ရာနှုန်းပြည့် လစာကို ခံစားခွင့်ရှိသည်" ဟုဆိုသည်။
ဗာတီကန်၏ ဥပဒေများသည် ဤကိစ္စနှင့်ပတ်သက်ပြီးအခြားဥရောပနိုင်ငံများနှင့် အလွန်ကွဲပြားကြောင်း ဥပမာအားဖြင့် စပိန်တွင် ဝန်ထမ်းဖခင်အသစ်များသည် လေးလအတွင်းမှာ လစာဖြတ်ခြင်းမရှိပဲ သားဖွားခွင့် ရရှိသည်ဟုဆိုသည်။
ဘာသာပြန်-အာဗီအေမြန်မာ
Add new comment