Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ဖရန်စစ်၏ ပညာသင်ထောက်ပံ့ကြေးဖြင့် ကျောင်းသား (၁၅၀) ကိုနိုင်ငံမှ ထွက်ခွာ ရန်မလိုအောင်ကူညီပေးနိုင်ခဲ့
ပုပ်ဖရန်စစ်၏ ပညာသင်ထောက်ပံ့ကြေးဖြင့် ကျောင်းသား (၁၅၀) ကိုနိုင်ငံမှ ထွက်ခွာ ရန်မလိုအောင်ကူညီပေးနိုင်ခဲ့
ရဟန်းမင်းကြီးဖရန်စစ် အီရတ်သို့ တမန်တော်ခရီးကြွရောက်ပြီး ပူပူနွေးနွေးပင်ရှိနေစဉ် လိုအပ်နေသော သာသနာနယ်များသို့ကူညီပေးသည့် Aid to the Church in Need (ACN) အဖွဲ့နှင့် Erbil ကက်သလစ်တက္ကသိုလ်တို့ပူးပေါင်း၍ ကျောင်းသားလူငယ်များအား နိုင်ငံအတွင်းပညာဆက်လက် သင်ကြားနိုင်အောင်ဆောင်ရွက်ပေးရေးအစီအစဉ်ကိုဖော်ဆောင်လိုက်သည်။ အီရတ်မှကျောင်းသား လူငယ်များသည် မွတ်စလင်အစွန်းရောက်တို့ဖျက် ဆီးလိုက်သော ပညာရေးစနစ်ကြောင့် နိုင်ငံအတွင်း ပညာဆက်လက်သင်ကြားရန်အခြေအနေလုံး၀မရှိဖြစ်သွားခဲ့ရသည်။ အနာဂတ်မဲ့သွားသည်ကိုပြန် လည်တည်ဆောက်ပေးရန်ဖြစ်သည်။
ကိုးဗစ်ကြောင့်လည်း အခက်အခဲများစွာကြားမှ (၂၀၂၂) ခုနှစ်ပညာသင်နှစ်၏ပထမအသုတ်အဖြစ် စတင်လိုက်ပြီဖြစ်သည်။ ရဟန်းမင်းကြီးဖရန် စစ်၏ပညာသင်ထောက်ပံ့ကြေးကို ဒေါ်လာ (၁.၇) သန်းဖြင့်စတင်လိုက်သည်။ ထိုပမာဏာဖြင့် ကျောင်းသားပေါင်း (၁၅၀) ကို (၄) နှစ်စာထောက်ပံ့ ပေးနိုင်ပြီး၊ ခရစ်ယာန်ကျောင်းသား (၉၀) ရာခိုင်နှုန်းကိုကူညီနိုင်မည်ဖြစ်သည်။ ပထမအသုတ်ထဲ၌ ကျောင်းသား (၁၂၈) ဦးအနက် ခရစ်ယာန် (၁၁၃) ဦးပါပြီး၊ (၁၂) ဦးမှာ Yazidi (ရိုးရာ) ဘာသာ၀င်၊ (၃) ယောက်မှာမွတ်စလင်များဖြစ်ကြသည်။ Nineveh Plains မှ အမျိုးသမီး (၁၂) ဦးအား၏လိုအပ် ချက်ကြောင့်လည်း ကျောင်းအိပ်ကျောင်းစားအဖြစ်စီစဉ်ပေးထားသည်။ အားလုံးနီးပါးသည် မိမိတို့၏မွေးရပ်မြေမှ (၂၀၁၄) ခုနှစ်၊ မွတ်စလင်အစွန်း ရောက်တို့၏ လက်ချက်ကြောင့် နည်းလမ်း အသွယ်သွယ်ဖြင့်ထွက် ပြေးလွတ်မြောက်နေကြသောလူငယ်များဖြစ်ကြသည်။ ACN အဖွဲ့နှင့် ACN ကက်သလစ်တက္ကသိုလ်တို့၏ မိတ်ဖက်အစီအစဉ်အားဖြင့် အီရတ်မှခရစ်ယာန်များ နှင့်အခြားသော ဘာသာ၀င်လူနည်းစုတို့၏အနာဂတ်ကိုတည်ဆောက် ပေးရန်ဖြစ်သည်။
ACN တက္ကသိုလ်အနေဖြင့် ကျောင်းသားများအား မိမိတို့၏နိုင်ငံ၊ မိသားစုကိုစွန့်၍ မြေခြားရေခြားသို့မထွက်ခွာစေလိုပေ။ ကောင်းမွန်သော ပညာရေးကိုပေး၍ ၄င်းတို့၏သားသမီးများသည် အနာဂတ်၌အလုပ်ကောင်းများရပြီး၊ အီရတ်နိုင်ငံကိုပြန်လည်တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဆောင်နိုင် သည်ဆိုသည့်အသိကိုမိဘများနားလည်စေလိုကြောင်း တက္ကသိုလ်ကို တည်ဆောက်ခြင်းကို ကိုယ်တိုင် ပါ၀င်အားပေးခဲ့သော ဂိုဏ်းချုပ်ဆရာတော် Bashar Warda ကရှင်းပြသည်။ ကောင်းမွန်သော ပညာရေးကိုရလျှင် မိမိတို့ဇာတိမြေကိုစွန့်ခွာကြမည်မဟုတ်။ ထိုသို့ဖြစ်စေရန် ACN က အ တတ်နိုင်ဆုံးကူညီလုပ်ဆောင်ပေးထားပြီဖြစ်သည်။ လက်ရှိ၌ လူငယ်များအား ကောင်းမွန်သော ပညာရေးပေး၍ရင်းနှီးမြှုပ်နှံရမည့်အချိန်ဖြစ်သည် ဟု ACN ၏တာ၀န်ခံ Thomas Heine-Geldern ကပြောကြားခဲ့သည်။ ဤအစီအစဉ်ကို (၂၀၂၁) တွင်စတင်ဖော်ဆောင်ခဲ့သည်။ တက္ကသိုလ် ကို (၂၀၁၅) ခုနှစ်ကတည်ဆောက်ခဲ့သည်။ လက်ရှိ၌ လေးနှစ်ပေါင်း၍ ကျောင်းသား (၂၈၀) သာရှိသည်။ ဤကျောင်းမှ ဗိသုကာ၊ ဆေး၀ါးစမ်းသပ်ထုတ် လုပ်သော သိပ္ပံဘာသာရပ်တို့ကိုသင်ကြားပေးလျှက်ရှိပြီး၊ နောက်နှစ်၌ အဂ်လိပ်နှင့်ဆေး၀ါးထုတ်လုပ်ရေးဘာသာရပ်ကိုတိုးမြှင့်ဖွင့်လှစ်သွားမည် ဖြစ်သည်ဟုဆိုသည်။
အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
Add new comment