Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အိန္ဒိယတောင်ပိုင်း၌ ဘာသာဝင် ၃၅၀၀ ခန့် ဘုရားကျောင်းသစ်ကောင်းကြီးပေး ဖွင့်လှစ်ခြင်း အခမ်း အနားသို့ တက်ရောက်
အိန္ဒိယတောင်ပိုင်း၌ ဘာသာဝင် ၃၅၀၀ ခန့် ဘုရားကျောင်းသစ်ကောင်းကြီးပေး ဖွင့်လှစ်ခြင်း အခမ်း အနားသို့ တက်ရောက်
အိန္ဒိယတောင်းပိုင်း Sivagangai သာသနာ၏ သာသနာပိုင်ဆရာတော် (ငြိမ်း) Susaimanikam J က Ulaganathapurm တွင်တည် ဆောက်ထားပြီး ‘သူငယ်တော်ယေဇူး’ ဘွဲ့ပေးထားသော ဘုရားကျောင်းတစ်ဆောင်ကို ဖေဖော်၀ါရီလ (၂၄) ရက်နေ့က ကောင်းကြီးပေးဖွင့်လှစ်ခဲ့ သည်။ ဆရာတော် (ငြိမ်း) က ‘ဘုရားတစ်ဆောင်ဆောက်ရန် အခက်အခဲအနည်းငယ်ကျော်လွှားလျှင် တည်ဆောက်နိုင်ပါသည်။ ယခုကဲ့သို့ ကပ်ရောဂါဆိုး ကြီးဖြစ်ပွားနေချိန်မျိုး၌ ကောင်းကြီးပေး ဖွင့်လှစ်ရန်မလွယ်ပါ။ စီးပွားရေးအခက်အခဲများလည်းရှိသည်’ ဟုပြောကြားခဲ့သည်။ ဆရာတော် (ငြိမ်း) က ကျောင်းထိုင်ဘုန်းတော်ကြီး Singharayar အားလေးစားကြောင်း၊ သူသည် သူ့ဘာသာတူများ၏ ၀ိညာဉ်ရေးလှုပ်ရှားမှုများကိုအားပေးအား မြှောက်ရန်ရည်ရွယ်၍ ဤလှပပြီး၊ ဗိသုကာ လက်ရာ ပေါ်လွင်လှသောဘုရားကျောင်းကို ဆောက်လုပ်ရန် အားပေးအားမြောက်ပြု၍ပြီးမြောက်အောင် ဆောက်လုပ်ခဲ့သည်ဟုသိရသည်ဟုဆိုကာ ကျေးဇူးတင်ခဲ့သည်။
ကျောင်းထိုင်ဘုန်းတော်ကြီးကလည်း ဤဘုရားကျောင်းကိုဆောက်လုပ်နိုင်ရန် (၅) နှစ် တာအချိန်ပေးပြင်ဆင်ခဲ့ရကြောင်း၊ အခက်အခဲများစွာရှိခဲ့ သော် လည်း ဘုရားအလိုရှိသောအခါ ကြွယ်၀စွာကောင်းကြီးပေး၍ ဖြစ်မြောက်အောင်မြင်စေခဲ့သည်။ ယခုသစ်လွင် စွာတည် ဆောက် ထားသောဘုရား ကျောင်းသည် အမှတ်ရသောအလုပ်တစ်ခုဖြစ်သည်။ ဤဘုရားကျောင်းသို့ ဘာသာခြားများဖြစ်သော ဟိန္ဒူဘာသာ၀င်များလည်း သူငယ်တော်ယေဇူး ထံလာ ရောက်ဆု တောင်း လေ့ရှိသည်။ ကောင်းကြီးများခံစားရ၍ ပြန်လည်လာရောက်ဆုတောင်းလေ့ရှိသည်ဟုပြောကြားခဲ့ ပါသည်။
ရဟန်းဖြစ်တက္ကသိုလ်တစ်ခု၏ ၀ိညာဉ်ရေးလမ်းညွှန်ဘုန်းတော်ကြီးဖြစ်သော Fr Thomas S က ဘာသာတူတို့၏ စိတ်အားထက်သန်မှု၊ ပါ၀င်မှု၊ ဆက်ကပ်မှုတို့သည် ကပ်ရောဂါများကြားမှ ဘုရားကျောင်း ကိုဆောက်လုပ်ပြီးစီးစေခဲ့သည်။ ယခုကဲ့သို့ဆောက်လုပ်ခြင်းသည် လူသားများ မိမိတို့ဤ၍ ဤမျှဆောက်လုပ်နိုင်သည်ဟု ဂုဏ်ယူ၀င့်ကြွားရန်မဟုတ်။ ဘုရားသခင် နှင့်လူ သားပိုမိုနီးစပ်ရန်၊ ဘုရားသခင်နှင့်ဆက်လက်၍ စကားပြောဆိုတိုင်ပင် တတ်ရန်၊ ဘာသာရေးလှုပ်ရှားမှုများရှိခြင်းဖြင့် ဘာသာတူများအချင်းချင်း ပို၍ချစ်ကြည်ရင်း နှီးမှုများရှိရန် ဖြစ်သည်ဟုရှင်းပြခဲ့သည်။
ယခုကဲ့သို့ ဘုရားကျောင်းဆောက်လုပ်ထားခြင်းမရှိသေးသော လွန်ခဲ့သော (၅) ခန့်က ခန်းမအိုဟောင်းတစ်ခု၌ မစ္ဆားပူဇော်ခဲ့ရသည်။ ယခုဘုရားကျောင်းသစ်သည် ဘုရား၀တ်ပြုသူ (၈၀၀) ကျော် ကောင်းစွာဆန့်သည်။ လက်ရှိ၌ ဤသာသနာအုပ်စု၌ ဘာသာတူပေါင်း (၂၀၀၀) ရှိနေသည်။ ဤဘုရားကျောင်းရှိသော သာသနာအုပ်စုသည် သာသနာအတွက် (၈၁) ခုမြောက်သော သာသာနာစီရင် တစ်ခုဖြစ်လာကြောင်း ဤသာသနာအုပ်စုအတွင်း၌ ဘာသာတူ ပေါင်း (၂၀၀၀) ကျော်ရှိပြီး၊ သာသနာအုပ်စု၏လက်အောက်၌ သာသနာနယ် (၇) ခုရှိကြောင်း ၀တ်ပြုခြင်း၌ ရဟန်းတော်အပါး (၁၀၀)၊ သီလရှင်အပါး (၄၀) ရှိကာ ဘုရားဖူးဘာသာတူ အယောက် (၃၅၀၀) ဦးတက်ရောက်ခဲ့သည်ဟုဆိုသည်။
အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
Add new comment