သန္ဓေ ဖျက်ချရန် ကြံစည်သော မိခင်များအတွက် အချိန်မှီ စိတ်ထားပြောင်းလည်းရန် ကျောင်းသူကျောင်းသားများ စိပ်ပုတီးစိပ်ဆုတောင်းပေး

သန္ဓေ ဖျက်ချရန် ကြံစည်သော မိခင်များအတွက် အချိန်မှီ စိတ်ထားပြောင်းလည်းရန် ကျောင်းသူကျောင်းသားများ စိပ်ပုတီးစိပ်ဆုတောင်းပေး

သန္ဓေ ဖျက်ချရန် ကြံစည်သော မိခင်များအတွက် အချိန်မှီ စိတ်ထားပြောင်းလည်းရန် ကျောင်းသူကျောင်းသားများ စိပ်ပုတီးစိပ်ဆုတောင်းပေး

            (၇) တန်းတက်ရောက်နေကြသော CeCe နှင့် Abby တို့သည် လစဉ်အတန်းဖော်များကိုအိပ်ယာမှနိုး၍ ၄င်းတို့နှင့်အတူ စိတ်ပုတီးစိပ်လေ့ရှိ သည်။ ဤသို့ပြုလုပ်ခြင်းသည် အလွန်အရေးကြီးကြောင်း အဘယ်ကြောင့်ဆိုသော် မိမိတို့ရင်သွေးဖြစ်သော သန္ဓေလောင်းကိုမမွေးဖွားမီဖျက်ချရန် ကြံစည်နေသော မိခင်လောင်းများစိတ်ထားပြောင်းလဲရန်ဖြစ်ကြောင်း၊ ကျွန်တော်၊ ကျွန်မတို့အနေဖြင့် လူ့အသက်ကိုတန်ဖိုးထားပြီး၊ လေးစားရွေး ချယ်တတ်သောစိတ်ကိုပေါက်ဖွားစေလိမ့်မည်ဟုမျှော်လင့်ကြောင်း CNA သတင်းဌာနအားဖြေကြားခဲ့ကြသည်။ ်

         သူတို့သည် ကျောင်းသားဦးရေ (၃၀၀) ကျော်ရှိသော စိန့်သောမတ်စ်မိုးကက်သလစ်ကျောင်းတွင်တက်ရောက်ပညာသင်ကြားနေသူများဖြစ် သည်။ အဆိုပါကျောင်းသည် Colorado ပြည်နယ် Centennial ၌ဖွင့်လှစ်ထားသည်။ ကျောင်းဖွင့်ရခြင်း၏ရည်ရွယ်ချက်မှာ လူ၏ကိုယ်၊ စိတ်၊ ၀ိညာဉ်အားလုံးကို ယေဇူးခရစ္စတူးသခင်ထံသို့ခေါ်ဆောင်သွားနိုင်ရန်နှင့်ကောင်းမွန်သောပညာရေးဖြင့်အနာဂတ်၌ ကျောင်းသူ‌ကျောင်းသားများ အား သာသနာတော်ကြီးကိုလည်းကောင်း၊ လူ့အသိုင်းအ၀ိုင်းကိုလည်းကောင်းအစေခံတတ်သူများဖြစ်ရန် ပြင်ဆင်သင်ကြားပေးရန်ဖြစ်သည်။ စာ သင်ကြားပေးခြင်းမဟုတ်ဘဲ ကျောင်းသူကျောင်းသားများအား အခြားအဖွဲ့အစည်းများ၏လှုပ်ရှားမူများ၊ အစီအစဉ်များနှင့်ပြဌာန်းချက်ပြင်ပလှုပ်ရှား မှုများ၌လည်းပါ၀င်စေသည်။

            ကျောင်းသူကျောင်းသားများပါ၀င်သောဖြစ်သော အဖွဲ့များအနက်တစ်ဖွဲ့ကား ‘the Lions for Life’ ဟုအမည်ရသောအဖွဲ့၏လှုပ်ရှားမှု၌ဖြစ် သည်။ အသက်အရွယ်မရွေး၊ အတန်းမရွေးပါ၀င်နိုင်သော ဆုတောင်းသည့်အဖွဲ့ဖြစ်သည်။ ဤအဖွဲ့သည် တစ်လတစ်ကြိမ် သတ်မှတ်ထားသောစုရပ် ၌တွေ့ဆုံ၍ စိတ်ပုတီးစိပ်ဆုတောင်းလေ့ရှိသည်။ ဤသို့ဆုတောင်းရခြင်းရည်ရွယ်ချက်ကား မိမိတို့လွယ်ပိုက်ထားသော ရင်သွေးများအား သန္ဓေဖျက် ချရန်ကြံစည်နေသောမိခင်များ၏ရန်မှ အဆိုပါရင်သွေးများဘေးကင်းစွာမွေးဖွားပြီး၊ ရှင်သန်ခွင့်ရရန်ဖြစ်သည်။ ထိုဆုတောင်းသည့်အဖွဲ့ထဲ၌ ၆တန်း၊ ၇ တန်းအားသင်ကြားသော လူမှုရေးဘာသာပြဆရာဆရာမများကဦးဆောင်သည်။

            ထိုအဖွဲ့ကိုဦးဆောင်သူတစ်ဦးဖြစ်သော Weiland က သူ့အနေဖြင့် ဤလှုပ်ရှားမှုကို (၂၀၁၅) ခုနှစ်ကစ၍ ယခင်ဤကျောင်း၌ဆရာမလုပ်ခဲ့ ပြီး၊ ဤလှုပ်ရှားမှုကို (၁၀) ကျော်ကြာဦးဆောင်လှုပ်ရှားခဲ့သောသူထံမှ လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြောင်း၊ စိတ်၀င်စားပြီး၊ ထက်သန်သော ကျောင်းသူကျောင်းသားများ လ၏ပထမကြာသပတေး နံနက် (၇း၁၀)၊ ကျောင်းချိန်မစတင်မှီအချိန်တွင် ဆုံလေ့ရှိကြောင်း၊ အဘယ်ကြောင့်ဆို သော် ထိုအချိန်သည် ကျောင်းသူကောင်းသားများအတွက်လည်း အသင့်လျှော်ဆုံးသောအချိန်ဖြစ်ကြောင်း၊ ဤလှုပ်ရှားမှုသည် အသင်းအား အလွန် အကျိုးသက်ရောက်မှုဖြစ်စေကြောင်း၊ ၄င်းတို့စောစီးစွာနှိုးလိုခြင်းမှာ ကမ္ဘာပေါ်ရှိ ကလေးသူငယ်များအတွက်အလွန်ဂရုစိုက်သောကြောင့်ဖြစ် ကြောင်း၊ ၄င်းတို့၏ယုံကြည်ခြင်းကို တက်ကြွစွာဖော်ထုတ်ပြသခွင့်ရခြင်းဖြစ်ကြောင်းရှင်းပြခဲ့သည်။ ၄င်းတို့စိတ်ပုတီးစိပ်သောအခါ နက်နဲရာအချက် တစ်ခုစီ၌ လူ့အသက်ကိုလေးစားတန်ဖိုးထားကြောင်း ပြသသောအလွန်ထိမိသည့်ဆုတောင်းမေတ္တာရှိသည်။ ထိုဆုတောင်းမေတ္တာများကိုရွတ်ဆိုပူ ဇော်ကြသည်။ ထိုဆုတောင်းခြင်းကို ပါ၀င်သောကလေးများအား လွှဲထားပြီးဦးဆောင်စေသည်။ ၄င်းတို့အား လုပ်ပိုင်ခွင့်ပေးထားလိုက်သည်။ ၄င်းတို့ တက်ကြွစွာပါ၀င်ဦးဆောင်နေမှုကိုမြင်ရသည်မှာ အလွန်စိတ်ကြည်နူးရသည်။ ဆုတောင်းခြင်း၌ ကလေးငယ်လေးများမှစ၍ ကျောင်းသားအကြီး သိုက်များ၊ ထိုအကြီးသိုက်သည် စိတ်ပုတီးစိပ်ခြင်းကို ဦးဆောင်ပြီး၊ တစ်ဆယ်စီကို အတန်းအသီးသီးက ဦးဆောင်တိုက်ပေးလေ့ရှိသည်။ အခြား သောဆရာ၊ ဆရာမများကလည်း အဖွဲ့အားပံ့ပိုးပေးကြသည်။           

            (၇) တန်းကျောင်းသားလေး ဂျော်နသန်က ဤအသင်း၏လှုပ်ရှားမှု၌ပါ၀င်ရန်အတွက် တစ်လလျှင် တစ်ရက် သတ်မှတ်ထားသောအချိန် ထက်စောထရခြင်းသည် အကျိုးရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့သည် ဘုရားသခင်အား ကျွန်တော်တို့၏ဆုတောင်းမေတ္တာဖြင့်ချီးမွမ်းခြင်း ဖြစ်ကြောင်း ဤအဖွဲ့သို့ပါ၀င်ရခြင်းနှင့်စပ်လျင်း၍ သူ၏ခံစားချက်ကိုရှင်းပြသည်။

            ကျွန်တော်တို့အားလုံး၏မိခင်ဖြစ်သော မယ်တော်၏ကြား၀င်ဆုတောင်းပေးခြင်းအားဖြင့် ကျောင်းသူကျောင်းသားတို့၏ဆုတောင်းမေတ္တာသည် မွေးဖွားခြင်းမခံရသေးသော သန္ဓသားလောင်းများအတွက်ကာကွယ်ပေးရန် အလွန်အစွမ်းထက်သောလက်နက်ဖြစ်ကြောင်း လှုပ်ရှားမှု၌ပါ၀င်သော ဆရာမတစ်ဦးဖြစ်သည့် Katherine Abar ကရှင်းပြခဲ့သည်။ လူ့အသက်နှင့်ပတ်သက်လာလျှင် အသက်ငယ်ရွယ်စဉ်ကစ၍ လေးစားတန်ဖိုးထားတတ် ရမည်ဖြစ်ကြောင်း သင်ကြားသိထားစေရမည်ဖြစ်ကြောင်း၊ ဘ၀၌စောနိုင်သမျှစောစီးစွာဖြင့် မိမိနှင့်နီးစပ်သောသူများကိုချစ်ရမည့်အသိကို သင်ပေး နိုင်လေ ထိုအသိသည် ဘ၀၌ကြာရှည်စွာစွဲမြဲနေမည်။ ထို့ကြောင့်လည်း ကမ္ဘာကြီးအားအစေခံရန်အတွက်လည်း ပို၍အသင့်ရှိနေမည်။ ငယ်ရွယ်စဉ် ကသိခဲ့ရသော အမှန်တရားနှင့်ဆန်ကျင့်သော အခြေအနေများကိုကြုံတွေ့ရသည့်အခါ မှားယွင်းနေကြောင်းသိ၍ သူတို့ငြင်းပယ်နိုင်ကြမည်ဖြစ် သည်။ ငယ်စဉ်အခါ၌ သင်ကြားရန်လွယ်ကူသောကြောင့် မှတ်သားမှုအားကောင်းသည်။ ၄င်းတို့သည် ကလေးများဖြစ်၍ငယ်ရွယ်သောကြောင့် အ လွန်ကံကောင်းကြသည်။ ဤအချက်သည် ကျွန်မတို့အဖွဲ့၏ အားသာချက်တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤအသက်အရွယ်မှစ၍ စိတ် ပုတီးစိပ်ဆုတောင်းနေကြသည်ကိုမြင်တွေ့နိုင်သည်။ ၄င်းတို့နှင့်အတူ စိတ်ပုတီးစိပ်ဆုတောင်းရသည်မှာ အလွန်စိတ်လှုပ်ရှားရ၊  ပီတိဖြစ်ရသည်။ ဤကျောင်းသူကျောင်းသားများသည် အသက်အရွယ်ရလာသောအခါ၌လည်း ဤကျောင်းတော်ကြီးမှရလိုက်သော အသိများကိုလွယ်လွယ်နှင့်စွန့် ပစ်မည်မဟုတ်ကြောင်းကိုလည်း မျှော်လင့်နေသည်။ ဆက်လက်၍ ၄င်းတို့၏ဘ၀၌ သစ္စာရှိစွာလုပ်ဆောင်ရပ်တည်သွားမည်ဟုမျှော်လင့်ရကြောင်း၊ ဤကျောင်း၌ပညာသင်ကြားပြီး၍ အခြားသောကျောင်းများသို့ရောက်ရှိသွားလျှင်လည်း ထိုကျောင်းများ၌ ဤအသိတရားဆက်၍ လက်ဆင့်ကမ်းဦး ဆောင်သွားမည်ဟုမျှော်လင့်ကြောင်း၊ ၄င်းတို့သည် သန္ဓေဖျက်ချခြင်းကို သာမန်အမှုတစ်ခုကဲ့သို့မှတ်ထင်နေသော လူအသိုင်းအ၀ိုင်းအတွက် အနူ မြူလက်နက်တစ်ခုကဲ့သို့ ပြင်းထန်သောပေါက်ကွဲမှုအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဤကျောင်း၌ပညာသင်ကြားနေစဉ် ပါ၀င် လှုပ်ရှားခဲ့မှုကိုဘ၀တစ်ကွေ့၌ အမှတ်ရနေပြီး၊ သန္ဓေဖျက်ချခြင်းကိုမြစ်တားခြင်း၊ ဆန့်ကျင်ကန့်ကွက်ခြင်းသည် လုပ်ရမည့်အမှန်တရားဖြစ်သည်ကို မားမားမတ်မတ်ရပ်တည်ကြပေမည်ဟုမျှော်လင့်ကြောင်း Weiland ကအားတက်သရော်ရှင်းပြခဲ့သည်။      

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3oKjxa0

Add new comment

3 + 9 =