
ဉရောပ၌ သက်တော်အကြီးဆုံး ကက်သလစ်သီလရှင် ၁၁၈ နှစ်မွေးနေ့ကျင်းပ
ဉရောပ၌ သက်တော်အကြီးဆုံး ကက်သလစ်သီလရှင် ၁၁၈ နှစ်မွေးနေ့ကျင်းပ
ကမ္ဘာမှာ ဒုတိယအကြီးဆုံးသူ၊ ဉရောပမှာ အကြီးဆုံးဖြစ်သူ ကက်သလစ် သီလရှင် စစ္စတာရ် အဲန်ဒရယ် ဟာ ၁၉၀၄ ခုနှစ် ဖေဖော်၀ါရီ ၁၁ ရက်မှာ Alès, France မှာ မွေးဖွားခဲ့သူဖြစ်ပြီး သူမရဲ့ သက်တော် ၁၁၈ နှစ်ပြည့်မွေးနေ့ကို ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာကျင်းပခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကိုဗစ်ရိုက်ခတ်ဒဏ်မှလည်း စစ္စတာရ်ဟာ ကျော်လွန်အောင်မြင်နိုင်ခဲ့ပါတယ်။
ဂိုဏ်းကွဲပရိတက်စတန်ခရစ်ယာန် အသင်းတော်မှ ကက်သလစ်ဘာသာသို့ကူးပြောင်းလာခဲ့တဲ့ စစ္စတာရ် ဟာ ၁၉၄၄ ခုနှစ်မှာ ဂရုဏာရေးသီလရှင်များအသင်းဂိုဏ်းကို ၀င်ရောက်ခဲ့ပါတယ်။
အခုအခါမှာတော့ သူမဟာ Toulon, France မှာသတင်းသုံးနေတာပါ။
Reuters သတင်းအရဆိုရင် ပြီးခဲ့တဲ့နှစ် သူမရဲ့ ၁၁၇ နှစ် မွေးနေ့အတွက် ဖုန်းခေါ်ဆိုနူတ်ဆက်သူများထဲမှာ ပြင်သစ်သမ္မတ Emmanuel Macron တောင်မှပါဝင်တယ်လို့ဆိုပါတယ်။
ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်
Photo courtesy of SW News


Add new comment