စစ်တပ်မှ အာဏာသိမ်းမှု တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့၌ မြန်မာပြည်အတွက်  ပုပ်ဖရန်စစ် ဆုတောင်း

စစ်တပ်မှ အာဏာသိမ်းမှု တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့၌ မြန်မာပြည်အတွက်  ပုပ်ဖရန်စစ် ဆုတောင်း

စစ်တပ်မှ အာဏာသိမ်းမှု တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့၌ မြန်မာပြည်အတွက်  ပုပ်ဖရန်စစ် ဆုတောင်း

            ဖေဖော်၀ါရီလ (၁) ရက်နေ့သည် မြန်မာနိုင်ငံ၌ စစ်တပ်မှ မတရားအာဏာသိမ်းမှု တစ်နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့်ရဟန်းမင်းကြီးဖရန်စစ်သည် လူမဆန်စွာနှိပ်စက်သတ်ဖြတ်ခံနေရသော အပြစ်မဲ့ပြည် သူများအတွက်သတိရဆုတောင်းပေးခဲ့သည်။

ရဟန်းမင်းကြီးအနေဖြင့် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ ၏ကြေညာချက်အတိုင်းပင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအား မြန်မာနိုင်ငံအတွက်  ပြန်လည်စေ့စပ်ဆွေး နွေးသင့်မြတ်ရေးကိုလုပ်ဆောင်ပေးရန်တောင်းဆိုပါကြောင်း၊ ကမ္ဘာကြီးအနေဖြင့် ဒုက္ခ‌ဝေဒနာခံစားနေရသော ညီအစ်ကိုမောင်နှမများ၏မျာက်နှာကိုမမြင်ချင်ယောင်ဆောင်လွှဲထား၍မရကြောင်း၊ ဘုရားသခင်သည်  လူမဆန်စွာနှိပ် စက်သတ်ဖြတ်ခံနေရသည့် အပြစ်မဲ့ပြည်သူများအား အားပေးနှစ်သိမ့်ခြင်းကောင်းကြီးပေးပါစေကြောင်း၊ ငြိမ်းချမ်း‌ ရေးအတွက် လုပ်ဆောင်သမျှကိုလည်း ဘုရားသခင်ထံဆက်ကပ်ထားကြောင်း ဆိုရင်း တောင်းဆိုလိုက်သည်။

     ပြည်သူများက ဒီမိုကရေစီနည်းလမ်းကျစွာရွေးချယ်တင်မြောက်ထား သော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရအဖွဲ့၀င်များအားလုံး၊ ရွေးကောက်ခံအမတ်များအားလုံးအား (၂၀၂၁၊ ဖေဖော်၀ါရီ၊ ၁) ရက်နေ့၌ လက် နက်တပ်ဆင်ထားသော မြန်မာ့တပ်မတော်၏ ဖမ်းဆီးထောင် ဖမ်းဆီးထောင်ချခံခဲ့သည်။ အာဏာသိမ်းစစ်တပ်၏ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိုင်သည် အာဏာကိုသိမ်းယူခဲ့သည်။ ထိုအခြေအနေကိုလက်မခံနိုင်သောပြည်သူများက ရရာလက်နက်ဖြင့်ပြန်လည်ခုခံတော်လှန်ရာမှ အစပျိုးခဲ့သည်။ မတရားအာဏာသိမ်းပြီးနောက် ဆန္ဒပြသောအပြစ်မဲ့၊ လက်နက်မဲ့၊ အာကာအကွယ်မဲ့နေသော ပြည်သူ (၁၅၀၀) ကျော်ကိုရက်စက်စွာသတ်ဖြတ်ခဲ့သည်။ (၁၂၀၀၀) ကျော် မှာ မ တရားဖမ်းဆီး၍ ထောင်ချခံထားရကြောင်း အကျဉ်းသားများစောင့်ရှောက်ကာကွယ်ရေးအဖွဲ့ (AAPP) ကထုတ်ပြန် ထားသည်။

ကာဒီနယ်ချားလ်စ်ဘိုက စစ်တပ်အား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ပြန်လှည့်လာပြီး၊ လူ့အခွင့်အရေး ကိုလေးစားရန်တောင်ဆိုထားသည်။ မြန်မာနိုင်ငံကက်သလစ်ဆရာတော်များ အနေဖြင့်လည်း မတရားအာဏာသိမ်း သော စစ်တပ်၏ဖမ်းဆီးခံ မြန်မာနိုင်ငံမှကက်သလစ်ဘာသာတူများ၊ ဘုရားကျောင်းဖျက်ဆီးမီးရှို့ခံရသောဘာသာတူ တို့နှင့်အတူရှိနေပါကြောင်းပြောကြားခဲ့သည်။              

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of (AFP or licensors)

https://bit.ly/3IW9bLD

Add new comment

5 + 3 =