Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ဖရန်စစ် ကာဒီနယ်ဘဝမှာ ကျန်းမာခြင်းဆီလူးပေးခဲ့သည့် သီလရှင်တပါး သူတော်စင်အဖြစ် တင်မြောက်ရန် ပထမအဆင့်စီစစ်
ပုပ်ဖရန်စစ် ကာဒီနယ်ဘဝမှာ ကျန်းမာခြင်းဆီလူးပေးခဲ့သည့် သီလရှင်တပါး သူတော်စင်အဖြစ် တင်မြောက်ရန် ပထမအဆင့်စီစစ်
သူမ နာမည်ကတော့ MaraBernardetta dell'Immacolata ဖြစ်ပြီး ၁၉၁၈ ခုနှစ် အီတလီတွင် မွေးဖွားခဲ့ပါတယ်။ သူမ အသက် ၁၇ နှစ်တွင် စိန့်ဂျိုးဇက်၏ ဆင်းရဲသော သီလရှင် အသင်းဂိုဏ်းသို့ ဝင်ရောက်ခဲ့တယ်။
သီလရှင်ဘဝ အသက်တာအတွင်းမှာ သူမဟာဘုန်းကြီးများနဲ့သီလရှင်များ ပုံသွင်းတဲ့ဘဝအသက်တာကို သီးသန့်အပ်နှံ လိုက်တယ်။ သူမရဲ့ ခေါ်တော်မူခြင်းက သူမကို အာဂျင်တီးနားကို ပဲ ဦးတည်နေပြီးအဲ့ဒီမှာ Jorge Mario Bergoglio (ယခုလက်ရှိပုပ်ရဟန်းမင်းကြီး) နဲ့ တွေ့ဆုံခဲ့ပါတယ်။
အာဂျင်းတီးနားမြို့တော် Buenos Aires သို့ပြန်လာခဲ့ပြီး သူမက Loyola က စိန့် အီကနေးရှပ်၏ ဝိညာဉ်ရေး ဥပုဒ်စောင့်တဲ့အိမ်မှာအလုပ်လုပ်ခဲ့ပါတယ်။ နောက်ဘက်နေရာမှာJesuit မဖြစ်ခင် ရဟန်းလောင်းထားရှိတဲ့ကျောင်းရှိပီး၊ အဲ့ဒီတုန်းက ကျောင်းအုပ်လည်းဖြစ်သလို ရဟန်းလောင်းတွေရဲ့ ဝိညာဥ်ရေးလမ်းညွှန်ပေးတဲ့ သူကတော့ Jorge Mario Bergoglil လို့ခေါ်တဲ့ ယနေ့ ပုပ်ရဟန်းမင်းကြီးနေရာယူထားတဲ့ ပုပ်ဖရန်စစ်ပဲ ဖြစ်ပါတယ်ဆိုပြီး စိန့်ဂျိုးဇက်၏ဆင်းရဲသော သီလရှင် အသင်းဂိုဏ်း က မာသာရ် Gregoria က ပြောပါတယ်။
အာဂျင်တီးနားမှာ Sr. Bernardetta က ရဟန်းဖြစ်သင်ကျောင်းသားတွေကို သူတို့လျောက်လှမ်းနေတာ ခေါ်တော်မူခြင်းကိုအဖော်ပြုပေးတယ်။ သူမရဲ့ စိတ်နေသဘောထားက လူတိုင်းကို နွေးထွေးစေတယ်လို့ သူတို့ကပြောပါတယ်။
Sr. Bernarda က အထူးသဖြင့် စာသင်သူများကို စိတ်ဓာတ်ကျနေချိန်တွင် စာ အားပေးခဲ့ပြီး သူမဟာ သူတို့ရဲ့ဝိညာဉ်ရေးမိခင်လိုမျိုး ဖြစ်ကြောင်း သူမသည် သူမ၏ နောက်ဆုံးဘဝအသက်တာများကို ရောမမြို့တွင် နေထိုင်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင်နာမကျန်းမှုကြောင့် သူမဟာ အထူးသွားရောက်လည်ပတ်မှုလက်ခံရရှိခဲ့ပါတယ်။
ကျွန်မ ၂၀၀၁ ခုနှစ်မှာ ဒီကိုရောက်ရှိခဲ့ပြီးသူမအသက်ရှင်နေသေးတယ်။ သူမဟာ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ခရစ်တော်၌ အိပ်ပျော်ခဲ့တာဖြစ်ပါတယ်။ ကာဒီနယ် (Jorge Mario Bergoglio) က ဒီဇင်ဘာ ၂ ရက်နေ့တွင် ရောက်ရှိလာပြီး ကျန်းမာခြင်းဆီ လိမ်းပေးရန် တောင်းဆိုခဲ့တယ်။ ကာဒီနယ် Jorge Mario Bergoglio က ဖေဖေါ်ဝါရီလမှာ ပြန်လာမယ် ဆိုပြီး သူမကို စိတ်မပူဖို့ ပြောခဲ့တယ်။ မဟုတ်ဘူး၊ တပည့်တော်မကို ပြန်တွေ့တော့မှာမဟုတ်ဘူး
လို့ သူမကပြောခဲ့ပါတယ်။ ဒီဇင်ဘာလမှာ သူမခရစ်တော်၌ အိပ်ပျော်ပြီး နောက်တရက်နေ့ မှာ သူ့ကို ဆီ လိမ်းပေးခဲ့တယ် လို့ မာသာရ် ကပြော ပါတယ်။
သူမဆက်ကပ်အစေခံခြင်း နမူနာတွေဟာ ၂၀၁၉ မှာ သူတော်စင်ဘောင်သို့ တင်မြောက်ခံရဖို့အတွက် အစေခံ ဥပမာလမ်းခင်းပေးခဲ့တယ်။ အသင်းဂိုဏ်းကနေပြီးတော့ သူတော်စင် ပထမအဆင့် ရဟန္တာ တင်မြောက်နိုင်ဖို့အတွက် လာမယ့်နှစ်မာ စီစစ်ပြီးတော့ ဗာတီကန် သို့တင်ပြရန်မျှော်လင့်ထားကြတယ်လို့ဆိုပါတယ်။
ဘာသာပြန်- အာဗီအေမြန်မာ
Add new comment