Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဘရာဇီး ရေကြီးမှုဒဏ် ကြုံတွေ့နေရသော ဒုက္ခသည်များအတွက် ပုပ်ဖရန်စစ်ဆုတောင်းပေး
ဘရာဇီး ရေကြီးမှုဒဏ် ကြုံတွေ့နေရသော ဒုက္ခသည်များအတွက် ပုပ်ဖရန်စစ်ဆုတောင်းပေး
ဘရာဇီးနိုင်ငံတစ်ဝှမ်းတွင် ရက်သတ္တပတ်အတွင်း ပြင်းထန်သည့် ရေကြီးမှုရေလျှံမှုကြောင့် ၁၂ ဦး သေဆုံးသွားသည့်အပြင်ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရခြင်းအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သည် တနင်္ဂနွေနေ့ စိန့်ပီတာရင်ပြင်ရှိ ဘုရားဖူးပရိတ်သတ် နှင့်အတူ ဆုတောင်းပေးခဲ့ကြသည်။
" အထူးသဖြင့် ဒုက္ခသည်တွေနဲ့ သူတို့ရဲ့မိသားစုတွေ၊ အိုးမဲ့အိမ်မဲ့တွေအတွက် ဆုတောင်းပေးနေပါတယ်။ ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့သူတွေကို ဘုရားသခင်က သူတို့ရဲ့လုပ်ဆောင်မှုတွေကို ဆက်လက်ပြီး ထိန်းသိမ်းပါစေ ခွန်အားပေးပါစေ"ဟု အရှင်သူမြတ်ကမိန့်ကြားခဲ့ပြီး လာမယ့်တပတ် ခရစ်ယာန်စည်းလုံးရေး ဆုတောင်းပွဲမှာလည်းခရစ်ယာန်အားလုံး မင်းကြီးသုံးပါးများကဲ့သို့ ခရစ်တော်ဆီသို့ အတူတကွခရီးပြုသလို သူတို့လည်း ပြန်လည်ဦးတည်နိုင်တဲ့ ခရီးတခုဖြစ်ဖို့အတွက် အခွင့်အရေးတစ်ခုဖြစ်လာရန် ပြန်လည်သတိရစေဖို့မိန့်ကြားခဲ့ပါတယ်။
"ကျွန်ုပ်တို့ ခရစ်ယာန်တွေအားလုံးဟာ ပြည့်ဝစုံလင်တဲ့ ခရီးတခုကို လျောက်လှမ်းနေကြပြီး ပန်းတိုင်နဲ့ တဖြည်းဖြည်းနီးကပ်လာစေဖို့ ငါတို့ရဲ့မတူညီ ကွဲပြားတဲ့ ရိုးရာဓလေ့နဲ့ ယုံကြည်ခြင်းတွေကို သခင်ယေဇူးဆီ မျက်စိစုံ တစိုက်မှတ်မှတ်ထားပီးမှ ဒီရည်ရွယ်ချက်နဲ့ ပန်းတိုင်ကို ရောက်ရှိသွားမယ် ဒီရက်အတောအတွင်းမှာ ခရစ်ယာန်အားလုံး စည်းလုံးညီညွတ်မှုအတွက် ကျွန်ုပ်တို့ရဲ့ အခက်အခဲတွေနဲ့ ဒုက္ခ ဆင်းရဲ များကို ပူဇော်ပြီးဆုတောင်းကြရအောင်" ဟု အရှင်သူမြတ်က မိန့်ကြားခဲ့တာပါ။
ကျမ်းစာကိုထောက်ရှုပြီး ၊ခရစ်ယာန်တွေဟာ ဘုရားသခင်က သူတို့ရဲ့ဘဝတွေမှာ ဘယ်လိုမျိုးကြိုးစားပြီးကျင့်ကြံယူရမလဲဆိုတာကို အရှင်သူမြတ်က အကြုံပြုခဲ့ကြောင်း
ယနေ့ ကျွန်ုပ်တို့တွေရဲ့ ဘဝမှာအတိတ်ကိုပြန်သွားပီး အလူးအလဲရှာကြပါ။ ဘုရားသခင်က ကိုယ့်ရဲ့ဘဝမှာ ဘာတွေပြီးမြောက်စေပြီ လဲဆိုတာ ပြန်ပြီးရှာရမယ်။အယောက်စီတိုင်း ကြွေးကြော်ရမယ်။ ကိုယ့်ဘဝမှာ ဘုရားသခင်က ဘာဖြစ်စေချင်ခဲ့တာလဲ။ ဘုရားသခင်က ကျွန်ုပ်တို့ကို ချစ်ကြောင်းပြသနေတဲ့ လက္ခဏာတွေကဘာတွေလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီးမေးကြ" ဟု အရှင်သူမြတ်က မိန့်ကြားခဲ့ပြီး ဘယ်လောက်ပဲ ခက်ခဲတဲ့အချိန်ဖြစ်ပါစေ ဘုရားသခင်ရဲ့ တည်ရှိမှုကို ခံစားဖို့ အခွင့်အရေး ဖြစ်စေပါလို့ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားတော်မူပါတယ်။
ဘာသာပြန်- RVA Myanmar
Add new comment