Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဓမ္မညီလာခံသည် အတွေးအခေါ်များကို အခြေအတင်ငြင်းခုန်ရုံသက်သက်မဟုတ်’ ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား
ဓမ္မညီလာခံသည် အတွေးအခေါ်များကို အခြေအတင်ငြင်းခုန်ရုံသက်သက်မဟုတ်’ ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား
ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ပြင်သစ်နိုင်ငံမှ ကက်သလစ် ဘာသာရေး အဖွဲ့ အစည်း၏ ကိုယ်စားလှယ်များကို လက်ခံတွေ့ဆုံခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့ထဲ၌ သူတော်စင်အပါး (၄၀) နှင့်သာမန်ဘာသာတူများပါ၀င်ပြီး၊ အဆိုပါအဖွဲ့က လက်ရှိပြင်သစ် ကက်သလစ် သာနာတော် ကြီး၏ အခြေအနေနှင့်ပတ်သက်၍ အခက်အခဲများ၊ သဘောထားအ မြင်များကို ရဟန်း မင်းကြီး အားရင်းနှီးပွင့်လင်းစွာပြောဆိုဖလှယ်ခဲ့ကြသည်။
ရဟန်းမင်းကြီးက ကိုယ် စားလှယ်အဖွဲ့၀င်များအား မျက်မှောက် ခေတ်၏ ဘုရားဖူးခရီးသွားများ ဖြစ်ကြရန်အား ပေးတိုက်တွန်းခဲ့ပြီး၊ ကက်သ လစ်ဘာ သာရေးအသင်းအဖွဲ့၏ နည်းနာ များကိုလည်း ဆွေးနွေးခဲ့သည်။ ထိုလိုက်နာရမည်နည်းနာများ၌ ကြည်ရန်၊ ဆုံးဖြတ်ရန်၊ လုပ်ဆောင်ရန်၊ အတိတ်က အတွေ့အကြုံမှသင်ယူ၍ အနာဂတ်အကျိုးမျှော်၍လုပ်ဆောင်ရမည်ဟုဖြစ် သည်။
ဆက်လက်၍ရဟန်းမင်းကြီးက ဓမ္မညီလာခံနှင့်စပ်လျင်း၍ “ဓမ္မညီလာခံဿည် ဆွေးနွေး ရုံသက်သက်မဟုတ်။ ၄င်းသည်၀ိသေသသက်သက်မဟုတ်။ ဘ၀၏အရေးကြီးသောအရာများကို ထူးခြားမှုတစ်ခုဖြစ်ရုံလုံး၀မပြုလုပ်ရန် သတိပြုရမည်” ဟုမိန့်ကြားခဲ့သည်။
ယခုကိုယ်စားလှယ်အဖွဲ့သည် ပြင်သစ်နိုင်ငံအခြေဆိုက်သော ကက်သလစ်ဘာ သာရေးအသင်း အဖွဲ့ပေါင်း (၄၀) ကျော်ကိုကိုယ်စားပြုသောအဖွဲ့ဖြစ်သည်။ ယခုကဲ့သို့လာရောက်ဖူးတွေ့ခြင်းသည် လာမည့် (၂၀၂၃) ခုနှစ်တွင်ကျင်းပမည့် ဓမ္မညီလာခံအတွက် ကြိုတင်ပြင်ဆင်ခြင်းလည်းဖြစ်ပြီး၊ ဘာသာရေးအဖွဲ့အ စည်းအားလုံးကိုကိုယ်စားပြု၍ လာရောက်နိုင်ခဲ့သော ပထမဦးဆုံး အကြိမ်လည်းဖြစ်သည်။
အာဗီအေ ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
Add new comment