ကိုဗစ်ကာလ အလုပ်လက်မဲ့ဖြစ်ခြင်းကြောင့် မိမိကိုယ်ကို အဆုံးစီရင်သူများအတွက် ဆုတောင်းပေးကြရန် ပုပ်ဖရန်စစ်ဖိတ်ခေါ်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သည် ဗာတီကန်၌ အပတ်စဉ် ဗုဒ္ဓဟူးနေ့လူထုပရိတ်သတ်နှင့်တွေ့ဆုံပွဲတွင်မိန့်ကြားသည်မှာ အလုပ်ပြုတ်ပြီးနောက် အလုပ်လက်မဲ့ဖြစ်နေခြင်းကြောင့် မိမိကိုယ်ကို သေကြောင်း ကြံစည် ကာအဆုံးစီရင် ခဲ့သူများအတွက်၎င်းအနေနဲ့ သတိယဆုတောင်းပေးကြောင်း လူထုပရိတ်သတ်အားဆိုသည်။

"ဒီကပ်ရောဂါကာလမှာ လူတော်တော်များများ အလုပ်ပြုတ်သွားတယ်ဆိုတာ ကျွန်ူပ်တို့သိထားပြီး ဖြစ်တယ်၊ လူတချို့မှာ သူတို့၏ဘဝ ခံနိုင်ရည်မရှိသည့်ဖိအားများကြောင့် မိမိအသက်ကို သေကြောင်းကြံစည်ရသည့်အထိ ရောက်ရှိနေကြပြီ။ ဒီနေ့ သူတို့အယောက်စီတိုင်းရဲ့ မိသားစုတွေကို သတိရဆုတောင်းပေးစေချင်ပါတယ်" ဟု အရှင်သူမြတ်က မိန့်ကြားခဲ့ပါတယ်။

အလုပ်လက်မဲ့ဖြစ်ကာ စိတ်ပျက်နေကြသည့်အမျိုးသား၊ အမျိုးသမီးတွေအပေါ် ခဏတာတိတ်ဆိတ်ငြိမ်သက်ပြီး သတိရပေးဖို့ ဘာသာတူတွေကိုတိုက်တွန်းခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီးက အစိုးရများအနေနဲ့ လူတိုင်းရဲ့ နေ့စဥ်စားသောက်နိုင်ခွင့် ရရှိနိုင်စေရန် အခွင့်အရေးဖန်တီးပေးသင့်ကြောင်းကိုလည်း ထပ်မံ မိန့်ကြားခဲ့ကြောင်း အဲန်စာ(ANSA) သတင်းမှာ ဖော်ပြထားပါတယ်။

ဘာသာပြန်- RVA Myanmar

https://bit.ly/3Kpbs3R

Add new comment

11 + 7 =