Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဆရာဝန် တစ်ဉီး Camillians အသင်းဂိုဏ်းသို့ဝင်ကာ ရဟန်းသိက္ခာ ခံယူခဲ့
ဆရာဝန် တစ်ဉီး Camillians အသင်းဂိုဏ်းသို့ဝင်ကာ ရဟန်းသိက္ခာ ခံယူခဲ့
အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ဆေးဘက်ဆိုင်ရာဆရာဝန်တစ်ဦးသည် ကုသရှင် သခင်ယေဇူး၏နောက်သို့ လိုက်ရန် သူ၏အကျိုးအမြတ် အများကြီး ရရှိသောအလုပ်မှ ထွက်ခဲ့သည်။
Camillians ဟုလူသိများသော Infirm of the Ministers (MI) မကျန်းမမာသူကို ပြုစုစောင့် ရှောက်တဲ့ အသင်းဂိုဏ်း ဘုန်းတော်ကြီးအဖြစ် Kerala ပြည်နယ်၌ ဘုန်းတော်ကြီး Dr. Thomas Xavier Kidangan သည် ဇန်နဝါရီ ၁ ရက်နေ့တွင် ရဟန်းသိက္ခာခံယူခဲ့သည်။
Fr သောမတ်စ်သည် ငယ်စဉ်ကလေးဘဝကတည်းက ဘုန်းကြီးနဲ့ဆရာဝန်ဖြစ်ချင်ခဲ့ကြောင်း ဆေးကျောင်းတက်ချိန်အတွင်း နောက်ဆုံးမှာ သခင်ယေဇူးအား လုံးလုံးလျားလျား ဆက်ကပ်အသက်ရှင်ရန် သူ့ကိုယ်သူ ဆုံးဖြတ်ခဲ့ကြောင်း
ပြီးတဲ့နောက်မှာ သူက ဆရာဝန်အနေဖြင့် ဖျားနာသူများကို ဆက်ကပ် အစေခံရန်အတွက် ဘယ်အသင်းဂိုဏ်းကအကောင်းဆုံးဖြစ်မလဲဆိုတဲ့ အသင်းဂိုဏ်းတစ်ခုကို စတင်ရှာဖွေခဲ့သည်ဟုဆိုသည်။
ထိုအချိန်တွင် ဘုန်းတော်ကြီး Dr. Mathew Abraham C.Ss.R. က Camillians အသင်းဂိုဏ်းကို မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ကာ ဘုရားသခင်၏ အကြံအစည်တော် အားဖြင့် Fr.Thomas သည် အသင်းဂိုဏ်းတည်ထောင်သူ St .Camillus de Lellis ၏ အတ္ထုပ္ပတ္တိကို ဖတ်ကြားခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ရဟန်းဖြစ်သင်ကျောင်းသို့ ဝင်ရောက်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ကက်သလစ်လှုပ်ရှားမှုတစ်ခုဖြစ်သည့် သခင်ယေဇူး၏ လူငယ်များ (Jesus Youth ) အဖွဲ့၌လည်း ဆက်ကပ်လှုပ်ရှားခဲ့ကာ၊ Fr Thomas ကို Thrissur Archdiocese မှ St. Joseph's ဘုရားကျောင်း၊ Punkunnam တွင် ဆရာတော် Andrews Thazhath က ရဟန်းသိက္ခာ တင်ပေးခဲ့သည်။
Camillian အသင်းဂိုဏ်း၏ဆောင်ပုဒ်ဖြစ်တဲ့ 'ဧဝံဂေလိတရားကိုဟော ပြောကြ၊ ဖျားနာသူကိုကုသကြ' ဟူသော အဆိုအတိုင်း Fr.Thomas သည် လက်ခံခဲ့သည်။
"ကျွန်ုပ်တို့၏ အသင်းတော်ရှိ ခရစ်ယာန်ဘုန်းကြီးများနှင့် ဘာသာရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဘုရားသခင်သည် သူ၏လူများအား ခေါ်တော်မူခြင်း မရပ်တန့်ခဲ့ပေ... သို့သော်ဘုရား သခင်၏ခေါ်တော်မူခြင်းကို မတုံ့ပြန်ခြင်းသည် ခြောက်လှန့်စေသော အဟန့်အတား များဖြစ်စေပြီး အသင်းတော်ကိုဆန်ကျင်သည့်နတ်ဆိုးအသုံးပြုသည့် ပရိယာယ်တစ်ခုဖြစ်သည်"ဟု Fr Thomas သည် SW News သတင်းတွင် ဖြေကြားခဲ့သည်။
၁၅၈၂ ခုနှစ်သြဂုတ်လတွင်မသန်စွမ်းသူများအား ပြုစုတဲ့ အသင်းဂိုဏ်း (Camillian)ကို စတင်တည် ထောင်ခဲ့သည်။ St Camillus သည် ဘုရားသခင်ကိုချစ်သောစိတ်ဖြင့် စိတ်နှလုံးအကြွင်းမဲ့အစေခံ မည့်သူတော်စင် အဖွဲ့အစည်းကို တည်ထောင်ရန် လှုံ့ဆော်ခြင်းခံရပြီး အသင်းဂိုဏ်းမှာ ဘုန်းကြီးတွေရော ဘရာသာရ် တွေပါ ပါဝင်ကြောင်း
သစ္စာသုံးပါးအပြင် စတုတ္ထဂတိသစ္စာဖြစ်တဲ့ ကူးစက်ရောဂါ ပြင်းထန်စွာ ခံစားနေကြရသော သူများအတွက်ဆို မိမိတို့၏ အသက်အန္တရာယ်ကိုပင် မမှုပဲ ဆက်ကပ်အစေခံရန် သစ္စာပြုကြသူများဖြစ်ကြောင်း၊ St. Camillus သည် ဆရာဝန်များ၊ သူနာပြုများ၊ ဖျားနာသူများနှင့် ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသူအားလုံး၏ အားကိုးအားထားရာ ရဟန္တာ တစ်ပါး ဖြစ်သည်။
ဘာသာပြန်- RVA Myanmar
Photo courtesy of Shalom World
Add new comment