ACN မှ လိုအပ်နေသူများကို ကူညီစောင့်ရှောက် ကာကွယ်ပေး

ACN မှ လိုအပ်နေသူများကို ကူညီစောင့်ရှောက် ကာကွယ်ပေး

ACN မှ လိုအပ်နေသူများကို ကူညီစောင့်ရှောက် ကာကွယ်ပေး

လိုအပ်နေ သူများအား ကူညီစောင့်ရှောက်ရေး အဖွဲ့ Aid to the Church in Need (ACN) သည် အိုးမဲ့အိမ်မဲ့ဖြစ်သူများအား ထောက်ပံ့ရန် ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

ယင်းးအဖွဲ့ သည် အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် သဘာဝဘေးဒဏ်ကြောင့် အတင်းအကျပ် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ထောင်ပေါင်းများစွာသော လူများကို ခရစ္စမတ်နေ့အထိ ပံ့ပိုးကူညီရန်အတွက် ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုကို စတင်ခဲ့သည်။

ဆီးရီးယားမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ အများအပြားအနက်မှ မိသားစု တစ်စုသည် လက်ဘနွန်တွင် နေထိုင်နိုင်ဖို့ ကြိုးစား ရုန်းကန်နေရသည်။ ၎င်းမိသားစုမှ ကလေးငယ်လေးဟာ သခင်ခရစ်တော် ငယ်ငယ်တုန်းကလို အဖေအမေနဲ့ အတူတူ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒုက္ခသည်တစ်ယောက်လိုပါပဲဟု ဆိုပြီး သူ့ ဖခင်က ပြောပြခဲ့ပါသည်။

ACN သည် ဒေသခံ ဘုရားကျောင်းမှတဆင့် လိုအပ်နေသော မိသားစုများအား အစားအစာနှင့် အမိုးအကာများအပါအဝင် အခြေခံလိုအပ်သောပစ္စည်းများကို ထောက်ပံကူညီခဲ့သည်။

မိုဇမ်ဘစ် မြို့တွင် အစ္စလာမ္မစ် အစွန်းရောက်မှုများကြောင့် လူပေါင်း ၃၃၀၀ ကျော် အသတ်ခံရသည့်အပြင် လူ တစ်သန်းနီးပါး အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။

၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကြောင့် သားတစ်ယောက် ဆုံးရှုံးခဲ့ရသော လူတစ်ဦးသည် အခြားမြို့သို့ ထွက်ပြေးတိမ်းရှောင်
ကာ ယာယီတဲများတွင် လနှင့်ချီ နေထိုင်ခဲ့ရသည်။ သူသည် အသေးစားချေးငွေလုပ်ငန်းဖြင့် မိမိ ခြေထောက်ပေါ်ပြန်လည် ရပ်တည်နိုင်အောင် ဘုန်းတော်ကြီးတပါးက ပါဝင်ဖို့ အခွင့်အရေးပေးကာကူညီခဲ့သည်ဟုဆိုသည်။
သူ့အား ဘုန်းကြီးက လက်ခံမလားဟု မေးသည့်အခါမှာ လက်ခံမယ်လို့ ပြောခဲ့ပြီး တနေကုန် ရောင်းဝယ်ဖောက်ကား ခြင်းဖြင့် လုပ်ကိုင်ခဲ့ကြောင်း

ဘာကီနာဖာဆို၊ နိုက်ဂျီးရီးယားနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အပါအဝင် အာဖရိကရှိ နိုင်ငံအများအပြားတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ သိသိသာသာ တိုးလာသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် လိုအပ်နေသော သူများအား ကူညီစောင့်ရှောက်ရေး အဖွဲ့ ( Aid to the Church in the Church )သည်အိုးမဲ့အိမ်မဲ့ဖြစ်သူများအတွက် သူတို့၏ဘဝပြန်လည်ထူထောင်ရေးတွင် ကူညီရန် ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်နေပါသည်။

RVA Myanmar

https://bit.ly/3mSut4e

Add new comment

10 + 6 =