Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဗာတီကန်ရင်ပြင်တွင် ထားရှိပူဇော်ခံထားသည့် သူငယ်တော်အိမ်၌ ပစ္စည်းအမျိုးပေါင်း (၁၀၀) ခန့်ထည့်သွင်းပြင်ဆင်ထား
ဗာတီကန်ရင်ပြင်တွင် ထားရှိပူဇော်ခံထားသည့် သူငယ်တော်အိမ်၌ ပစ္စည်းအမျိုးပေါင်း (၁၀၀) ခန့်ထည့်သွင်းပြင်ဆင်ထား
ယခုနှစ် ဗာတီကန်၌ တည်ဆောက်ထားသောသူငယ်အိမ်သည် ပီရူးနိုင်ငံမှဖြစ်သည်။ ကမ္ဘာတစ်၀ှမ်းမှရောမ သို့လာရောက်လည်ပတ်သော ခရီးသွားများအားလွန်စွာဆွဲဆောင်နိုင်သည်။ သို့သော် စိန့်ပီတာရင်ပြင်၌ ခင်းကျင်းပြ ထားသော သူငယ်တော်အိမ်သည် ဤတစ်ခုတည်းသာမဟုတ်။ စိန့်ပီတာရင်ပြင်အတွင်း၌ သူငယ်တော်အိမ် အခု ပေါင်း (၁၀၀) ခင်းကျင်းပြသထားသည်။
ရဟန်းမင်းကြီးက စည်းရုံးပါ၀င်စေခဲ့သည်။ သူငယ်တော်အိမ်ကိုဆောက် လုပ်ခြင်းဖြင့် နည်းလမ်းအသစ်ဖြင့်သာသနာပြုခြင်းဖြစ်သည်ဟုလည်း ရဟန်းမင်းကြီးက သူငယ်တော်အိမ်တည် ဆောက်ရန်အားပေးတိုက်တွန်းလျှက်ရှိသည်။ ထိုသူငယ်တော်အိမ်များသည် (၁၅) နိုင်ငံ၏လက်ရာများဖြစ်သည်။ ၄င်းနိုင်ငံများမှာ Indonesia, Kazakhstan, and Venezuela နိုင်ငံတို့ဖြစ်ကြသည်။ သူငယ်တော်အိမ်တစ်ခုစီသည် မတူညီ သောယဉ်ကျေးမှုကိုကိုယ်စားပြုပြီး၊ ခရစ္စမတ်ကိုထူးခြားစွာကျင်းပခြင်းဖြစ်ကြောင်း၊ ၄င်းတို့အသုံးပြုထားသော ပစ္စည်းများသည် အလွန်ထူးခြားပြီး၊ အချို့သည်တန်ဖိုးကြီးကြောင်း၊ အသွင်အမျိုးမျိုး၊ အရွယ်အစားမျိုးမျိုးရှိကြောင်း၊ ဗာတီကန်မှမီးသတ်၀န်ထမ်းများသည် မီးသတ်ကားအတွင်း၌ပင် ၄င်းတို့၏သူငယ်တော်အိမ်ကိုတည်ဆောက်ထားပြီး၊ အခြားတစ်ခုမှာမူ ချောကလပ်အညိုဖြင့်လည်းကောင်းတည်ဆောက်ထားကြောင်း၊ သူငယ်တော်ဖွားမြင်တော်မူခြင်း ကို ကလေးများမှတင်ဆင်ဆက်ခြင်းကိုလည်းထည့်သွင်းထားကြောင်း၊ ဤပြခန်းများကို ကျွမ်းကျင်ပညာရှင်များက တည်ဆောက်ခြင်းမဟုတ်သောလက်ရာ၊ စိတ်ကူး၊ နေရာအထားအသိုများသည် လာရောက်ကြည့်ရှုသူတို့အားအံ့အား သင့်မင်သက်သွားစေခဲ့ကြောင်း၊ ၄င်းတို့ပေးလိုသော ခရစ္စမတ်သတင်းစကားကိုလည်းပေးနိုင်ကြကြောင်း၊ လာ ရောက်ကြည့်ရူသူပေါင်း (၄၅၀၀၀) ဦးရှိပြီဖြစ်ကြောင်း၊ ကပ်ရောဂါဆိုး၏တိုက်ခိုက်ထိုးနက်မှုများကြား၌ ယခုခရစ္စ မတ်သည် မျှော်လင့်ချက်ကိုပြန်လည်ရှင်သန်စေသောခရစ္စမတ်ဖြစ်ရန် ရည်ရွယ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လောကဓံ၏ထိုနက်ချက်များကြောင့် ကိုပြန်ယှိုင်နဲ့ပျောက်ရှသွားသည့် အချို့သော ကျွန်ုပ်တို့၏ညီအစ်ကိုများ၏ယုံ ကြည်ခြင်းပြန်လည်ရှင်သန်လာစေရန်လည်းဖြစ်ကြောင်း၊ သူငယ်တော်အိမ်တစ်ခုစီ၏တင်ပြချက်များသည် အခြား တစ်ခုနှင့်ထပ်တူမကျနိုင်သော ခရစ္စမတ်သတင်းစကားကိုပါးနေကြောင်း၊ ၄င်းအပြင် ဗာတီကန်၏ခရစ္စမတ်သည် အခြားမည်သည့်နေရာမှခရစ္စမတ်နှင့်မတူသော အနှစ်သာရကိုပေးရန်ဖြစ်ကြောင်း ရဟန်းမင်းကြီး၏ ဧဝံဂေလိတ ရားတော်ကိုအသွင်သစ်ဖြင့်ကြေညာသောရုံးတော်၏တာ၀န်ခံ FR. IVAN RICUPERO ကပြောကြားသွားသည်။
RVA ဘာသာပြန်-ဖာသာရ်ကလဲမင့်းအားတယ်
Add new comment