Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ဖရန်စစ်သည် တိုက်ဖုန်းမုန်တိုင်း ‘ရိုင်’ အတိဒုက္ခရောက်နေသူများအတွက် အကူအညီတောင်းခံ
ပုပ်ဖရန်စစ်သည် တိုက်ဖုန်းမုန်တိုင်း ‘ရိုင်’ အတိဒုက္ခရောက်နေသူများအတွက် အကူအညီတောင်းခံ
ဖိလစ်ပိုင် တောင်ပိုင်းနှင့်အလယ်ပိုင်း၌ အင်အားပြင်းထန်စွာတိုက်ခတ်ခဲ့သော ‘ရိုင်’ တိုက်ဖုန်းမုန်တိုင်းကြောင့် လူသေမှု၊ အဆောက်အုံပျက်စီးဆုံးရှုံးမှုများစွာဖြစ် ပွားခဲ့သည့်အတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က မုန်တိုင်းဒုက္ခသည် များအတွက် ဆုတောင်းပေးရန်နှင့် အကူအညီများပေးကြရန်ပန်ကြား လိုက်သည်။
တိုက်ဖုန်းမုန်တိုင်း တိုက်ခတ်ခံရသည့် ဖိလစ်ပိုင်နိုင်ငံသူနိုင်ငံသားများ၏ ဒုက္ခနှင့် ထပ်တူခံ စားမျှယူလျှက်ရှိ ကြောင်း၊ နှစ်သိမ့်ခြင်းနှင့်မျှော်လင့်ခြင်းကောင်းကြီးပေးသနားရန်လည်း ပရိတ်သူငယ် တော်ယေဇူးအားဆုတောင်း ပေးပါကြောင်းတနင်္ဂနွေနေ့ မွန်းတည့် အန်ဂျေလူးဆုတောင်းမေတ္တာအပြီး၌ စိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေသော ဘုရားဖူးများအားပန်ကြားခဲ့သည်။ ရေကြီးရေလျှံမှု၊ မြေပြိုမှု၊ သစ်ပင်များကျိုးကျ၊ လဲကျခြင်းများကြောင့် အသက်ဆုံး ရှုံးသွားသူ (၁၄၆) ဦးအထိရှိပြီဖြစ်သည်။ လူများစွာဆက်လက်ပျောက်ဆုံးလျှက်ရှိသည်။
တိုက်ဖုန်းမုန်တိုင်းသင့်သွားသောဒေသမှ ဖိလစ်ပိုင်နိုင်ငံသားများ အတွက် ဆုတောင်းပေးရန်ပန်ကြားရင်း၊ လက်တွေ့ကျသော အကူအညီကိုလည်း ကမ်းလှမ်းကြရန်ကိုလည်း အရှင်သူမြတ်က ပန်ကြား ခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများလည်း ဆက် လက်လုပ်နေပြီး၊ သဘာ၀ဘေးအန္တာရာယ်ဆိုင်ရာကူညီကယ်ဆယ်ရေးအစီအစဉ်များဖြစ်ကြသော အရံသင့်အစားအ စာများ၊ သောက်ရေများကိုဖြန့်ဝေပေးလျှက်ရှိသည်။ မုန်တိုင်းသည် ပြီးခဲ့သော ကြာသပတေး နှင့်သောကြာနေ့များ က တိုက်ခတ်သောလေပြင်းမုန်တိုင်းမှာ တစ်နာရီလျှင် (၁၉၅) မိုင်နှုန်းတိုက်ပြီး၊ ယခုနှစ်များအတွင်းတိုက်ခတ်သွား သည့်မုန်းတိုင်းများအနက် အင်အားအလွန်အမင်းပြင်းထန်သည်။ ဤမုန်တိုင်းသည် ပစီးဖိတ်သမုဒ္ဒရာနှင့်တရုတ်ပင် တောင်ပိုင်းကိုရိုက်ခတ်သွားခဲ့သည်။ ရွာအချို့သည် ရွံ့နွံ့ထဲနစ်မြှုပ်မျောပါသွားပြီး၊ အချို့ရွာများသည် ရွံ့နွံအောက် လည်းရောက်သွားခဲ့ကြသည်။ မြို့ပေါင်း (၂၂၇) မြို့အတွင်း၌ လျှပ်စစ်မီးပြတ်လည်းတောက်နေသည်။ ၄င်းတို့အနက် ဒေသ (၂၁) အထိပြန် လည်ပြင်ဆင်မွမ်းမံနိုင်ခဲ့ပြီဖြစ်သည်။
RVA ဘာသာပြန်-ဖာသာရ်ကလဲမင့်းအားတယ်
Add new comment