အသိမ်ငယ်ဆုံးသောသူများကိုကူညီရသည်မှာ အဓိပ္ပါယ်လည်းရှိပြီး၊ ဘုရားဖြစ်ပွားသောစိတ်ထားဟု ဘာသာပေါင်းစုံမှခေါင်းဆောင်များပြောကြား

အသိမ်ငယ်ဆုံးသောသူများကိုကူညီရသည်မှာ အဓိပ္ပါယ်လည်းရှိပြီး၊ ဘုရားဖြစ်ပွားသောစိတ်ထားဟု ဘာသာပေါင်းစုံမှခေါင်းဆောင်များပြောကြား

အသိမ်ငယ်ဆုံးသောသူများကိုကူညီရသည်မှာ အဓိပ္ပါယ်လည်းရှိပြီး၊ ဘုရားဖြစ်ပွားသောစိတ်ထားဟု ဘာသာပေါင်းစုံမှခေါင်းဆောင်များပြောကြား

 

            မြန်မာနိုင်ငံမှ ဘာသာပေါင်းစုံခေါင်းဆောင်များမှ မိဘမဲ့ဂေဟာသို့ရောက်လာကြပြီး စွန့်ပစ်ခံကလေးများ အားကူညီထောက်ပံ့မှုများပေးခဲ့သည်။ The Myanmar Interfaith Network on AIDS (MINA) (ကိုယ်ခံအား ကျဆင်းရောဂါခံစားနေရသော ဝေဒနာသည်များအား ကူညီပံ့ပိုးပေးနေသော မြန်မာနိုင်ငံမှဘာ သာပေါင်းစုံကွန် ရက်ဟုအမည်ပေးထားအဖွဲ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ‘အေးမြသာယာ’ ရပ်ကွက်၌ဖွင့်လှစ်စောင့်ရှောက် ထားသော ‘မျှော်ခြင်းဂေဟာမိသားစု’ ဆီသို့ဒီဇင်ဘာလ (၁၃) ရက်နေ့က အရောက်သွားခဲ့သည်။ အဆိုပါအဖွဲ့၌ အ ဖွဲ့၀င် (၁၂) ဦးရှိပြီး၊ ဗုဒ္ဓ၊ ခရစ်ယာန်၊ အီစ္စလာမ်၊ ဟိန္ဒူနှင့်ဆစ့်ခ်ဘာသာ၀င်တို့ပါ၀င်ကြသည်။ ယခုကဲ့သို့သောအဖြစ်  မျိုးနှင့်ကြုံနေရသူများအား ကူညီရသည်မှာအလွန်အဓိပ္ပါယ်ရှိပြီး၊ ဘုရားလည်း ကြိုက်သောကုသိုလ် ရေးလုပ်ငန်းဖြစ် သည်ဟု Father Joseph La Nu ကပြောကြားသည်။ ဖာသာရ်သည် ဤအဖွဲ့၏   ဘဏ္ဍာထိန်းဖြစ်သည်။      

            ဖာသာရ့်အနေဖြင့် ယခုကဲ့သို့ ဘာသာပေါင်းစုံညီညွှတ်စွာဖြင့် ကုသိုလ်ရေးလုပ်ငန်း များကိုလုပ် ဆောင်နေကြ သည့်အတွက် စည်းလုံးညီညွှတ်မှုကိုလည်းပြသကြောင်းနှင့်ပီတိဖြစ်ရကြောင်း၊ အဖွဲ့၀င် များ ရောက်ရှိသွားချိန်၌ ဂေ ဟာမှကလေးများသည် ပြုံးရွှင်စွာဖြင့် ကြိုဆိုနေကြ သည်ကိုမြင် တွေ့ရ၍ အလွန် ပျော်ရွှင်ခဲ့ရကြောင်း၊ ကိုးဗစ်ကပ်ဆိုး ကြီးမဖြစ်ပွားမီက ဤအဖွဲ့သည် ဆေးရုံများ၌ ဆေးကုသမှုခံယူနေကြသော ကိုယ်ခံအားနည်းသည့်ရောဂါခံစားနေ သောလူနာများဆီသို့ ပုံမှန်သွား ရောက်၍ အားပေးခြင်း၊ ဆုတောင်းခြင်း၊ လိုအပ်သော အကူအညီများကိုတတ်နိုင်သ လောက်ပံ့ပိုးပေးခြင်းနှင့်၄င်းတို့၏ခံစားရင်ဖွင့်သံများကိုလည်းနားထောင်ပေးလေ့ရှိခဲ့သည်။  

            ဤအဖွဲ့ကိုဖွဲ့စည်းခဲ့သည်မှာ (၂) နှစ်ရှိပြီဖြစ်သည်။ အဖွဲ့၀င်များနှင့်ပြန်ဆုံကြသည်မှာ ယခုတတိယလှိုင်းအ နည်းငယ်ငြိမ်ကျသွားပြီးနောက်မှသာဖြစ်ကြောင်း၊ လက်ရှိ၌ ဤအဖွဲ့ကို မြစ်ကြီးနားတွင်သီတင်းသုံးသော ဗုဒ္ဓဘာသာမှ ဦးပဥ္စင်း  ဦးပညာ၀သကဦးဆောင်နေသည်။ ဤအဖွဲ့ကို (၂၀၁၉) ခုနှစ်က ရန်ကုန်မှစတင်လှုပ်ရှားခဲ့ကြောင်း၊ ဤ အဖွဲ့သည် အလှူများအနေဖြင့် အဖွဲ့၀င် တစ်ဦးလျှင် လစဉ် (၁၀၀၀) ကျပ် ထည့်၀င်လေ့ရှိကြောင်း၊ ဖာသာရ်ကလည်း ပြည်သူများအား ၀ိုင်း၀န်းကူညီပေးကြရန်၊ အဘယ်ကြောင့်ဆိုသော် ကိုယ်ခံအားနည်းရောဂါခံစားနေကြရသော လူ နာများသည် အပယ်ခံ၊ စွန့်ပစ်ခံများအဖြစ်ခံစားနေကြရကြောင်း၊ ဒေသခံဘာ သာရေးခေါင်း ဆောင်များလည်း တက် ကြွစွာပါ၀င်ကူညီပေးသောကြောင့် များစွာကျေနပ်ရပါကြောင်း၊ ယခင်နိုင်ငံခြား သာသနာပြုများ လုပ်ဆောင်နေစဉ် က ဒေသခံများသည် စိတ်အားထက်သန်မှုမရှိခဲ့။ လိုအပ် သည်ဟု လည်း မခံစားခဲ့ကြကြောင်း မြစ်ကြီးနာမှလူငယ်တစ် ဦးဖြစ်သည့် Thomas Hpan ကပြောကြားခဲ့သည်ဟုဆိုသည်။ 

 

RVA ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3pdCjqT

 

Add new comment

10 + 0 =