သူငယ်တော်အိမ်မှသင်ယူစရာ အကြောင်းရင်း (၁၀) ဖြာ

သူငယ်တော်အိမ်မှသင်ယူစရာ အကြောင်းရင်း (၁၀) ဖြာ

သူငယ်တော်အိမ်မှသင်ယူစရာ အကြောင်းရင်း (၁၀) ဖြာ

 

            လွန်ခဲ့သော (၂၀၁၉၊ ဒီဇင်ဘာ ၁) ရက်နေ့က ရဟန်းမင်းကြီးဖရန်စစ်သည် သူငယ်တော်အိမ်နှင့်စပ်လျင်း၍ အရေးကြီးပုံကို စာချွန်တော်ထုတ်ပြန်ပြန်ခဲ့သည်။ ထိုစာချွန်တော်ကို ‘Admirabile signum (“Enchanting image” ကြည်နူးစေသောမြင်ကွင်း)’ ဟုအမည်ပေးထားသည်။ စာချွန်တော်ကို ထိုနှစ် (ဒီဇင်ဘာ ၁) ရက်နေ့၊ အီတလီနိုင်ငံ၊ လာဇီယိုခရိုင်၊ တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်သော Greccio ၌လက်မှတ်ရေးထိုးခဲ့သည်။ အဘယ် ကြောင့် ထိုတောင်ပေါ်မြို့လေးကိုရွေးချယ်ရသနည်းဟုမူကား  စာချွန်တော်ပါအကြောင်းအရာနှင့် အလွန်အပ် စပ်သောကြောင့်ဖြစ်သည်။ ထိုဒေသ၌ စိန့်ဖရန်စစ်အာစီးစီသည် လွန်ခဲ့သော (၁၂၂၃) ခုနှစ်က သူငယ်တော်အိမ်ကိုပထမဦးဆုံးသမိုင်း၀င် တည် ဆောက်ခဲ့သောကြောင့်ဖြစ်သည်။ 

           ထိုစာချွန်တော်ထဲ၌ ရဟန်းမင်းကြီးဖရန်စစ်၏ အလွန်ထိမိပြီး၊ စိတ်လှုပ် ရှားစရာကောင်းလှ သောစာချွန်တော်ဟုပင်ညွှန်းနိုင်ပါသည်။ ဤစာချွန်တော်ရေးသားရခြင်းမှာ ခရစ္စမတ် ရောက်လေတိုင်း သူငယ်တော် အိမ်ကိုအသင့်၀ယ်ယူသောပစ္စည်းများဖြင့် တည်ဆောက်ခြင်းထက် အစဉ်အလာအရ အချိန်ယူပြင်ဆင်လာခဲ့သော ပ စ္စည်းများဖြင့်တည်ဆောက်သော မိသားစုအ‌လေ့အထကို အားပေး ဂုဏ်ပြုလို၍ဖြစ်သည်။

            စာချွန်တော်မှ ကောက်နုတ်သော သူငယ်တော်အိမ်နှင့်စပ်လျင်း၍ သင်ယူစရာအကြောင်းခြင်း (၁၀) ဖြာမှာအောက်ပါအတိုင်းဖြစ်သည်။

၁။ သူငယ်တော်အိမ်သည် အသက်၀င်နေသော ဧဝံဂေလိကျမ်းစာနှင့်တူသည်။

            သူငယ်ယေဇူးသခင်၏ မွေးဖွားသည့်မြင်ကွင်းသည် အလွန်ရိုးရှင်းသည်။ သို့သော် ဘုရားသခင် ၏သားတော် လူ့အဖြစ်ကိုခံယူသော ပျော်ရွင်မူ၏နက်နဲရာကိုကြေညာနေသည်။ သူငယ်တော် မွေးဖွား သည့်မြင် ကွင်းသည် ကျွန်ုပ်တို့ အားလုံးကို နှိမ့်ချခြင်းဖြင့်နှင်သော ၀ိညာဉ်ရေး ခရီးစဉ်အ ကြောင်းဆင်ခြင်ရန် အလင်းပေးနေသည်။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်၏သားတော်သည် လူတို့နှင့်ဆုံဆည်းရန်အတွက် နှိမ့်ချစွာလူ့အဖြစ်ကိုခံယူသောကြောင့်ဖြစ်ပါ သည်။

၂။  သူငယ်တော်မွေးဖွားခြင်း၏ ဇစ်မြစ်သည် ကျမ်းစားတော်မြတ်ထဲ၌ရှိသည်။

            သူငယ်တော်မွေးဖွားခြင်းဖြစ်စဉ်သည် လူတို့ဖန်တီးထားခြင်းမဟုတ်ဘဲ သမ္မာကျမ်းစာတော် မြတ်ထဲမှဖြစ် ကြောင်း ရဟန်းမင်းကြီးက မီးမောင်းထိုးရှင်းပြထားသည်။ သံလုကာ၏ဧဝံဂေလိကျမ်းစာ၌ အမိ မယ်တော်က သူ၏ သားဦးကိုဖွားမြင်တော်မူ၍အနှီးနှင့်ပတ်လျှက် နွားစားခွက်၌သိပ်ထားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အတွက် တည်းခိုစရာနေရာမရှိ’ ဟုဆိုပါသည်။ (သံလုကာ ၂း၇) နွားစားခွက်သည် မွေးဖွားခြင်းမြင်ကွင်း၏ဗဟိုဖြစ်သည်။ သူငယ်တော်အိမ်ကို အီတလီစကားဖြင့် ‘presepe’ ဟုခေါ်ပြီး၊ လာတင်းဘာသာစကားဖြစ်သည့် ‘praesepium’ မှ မွေးစားထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ‘နွားစာခွက်’ ဟုပင်ဖြစ်သည်။

၃။ သူငယ်တော်အိမ်တည်ဆောက်သည့်အစဉ်အလာသည် အီတလီနိုင်ငံ၏မြို့တစ်မြို့၌မွေးဖွားခဲ့သည်။

            စိန့်ဖရန်စစ်အာစီးစီသည် (၁၂၂၃) ခုနှစ်  ရောမမြို့မှ ရဟန်းမင်းကြီးနှင့်တွေ့ဆုံပြီး၊ ဖရန်စ္စကင်အသင်းတည် ထောင်ရန်၀ိနည်းများကိုအတည်ပြုပေးလိုက်ပြီး အပြန်ခရီးတွင် Greccio မြို့၌ခရီးတစ်ထောက်နားခဲ့သည်။ ထိုအချိန်ကား ခရစ္စမတ်မရောက်မမှီ (၁၅) ရက်လိုသေးသည်။ ထိုအခါ ဂျွန်ဆိုသူတစ်ဦးအား အကူအညီတစ်ခုတောင်း ခဲ့သည်။ ထိုအကူအညီကား ဘက်သလင်ဟင်၌ဖွားသန့်စင်ခဲ့သော သူငယ်တော်ကို ပြန်လည်အမှတ်ရအသက်ပြန် သွင်းရန်ဖြစ်သည်။ သူမွေးဖွားစဉ်က အေးခဲလှပြီး၊ နွားစားခွက်အတွင်းသွေးနုသားနုဖြင့်  အဘယ်မျှသက်တောင့်သက် သာမဲ့လှသည်ကို မျက်စိဖြင့်မြင်တွေ့ခံစားရအောင် ဖန်တီးပေးရန်ဖြစ်သည်။ နွားများ၊ မြည်းများ၏တင်းကုပ်ဖြစ်၍ ၄င်းတို့အဘယ်သို့ငေးမှိုင်ရပ်ကြည့်နေမည်၊ ကောက်ရိုးပေါ်၌ အဘယ်မျှနာကျင်စွာလှောင်းစက်နေမည်တို့ကိုရုပ်လုံး ကြွမြင်ယောင်လာအောင်ဖြစ်သည်။ ခရစ္စမတ်နေ့ရောက်သောအခါ စိန့်ဖရန်စစ်သည် သူ၏ဘ၀တူညီအစ်ကို ရသေ့ များနှင့်အတူအနီးအနားရှိဘာသာတူများစု‌ေ၀းလျှက် သူငယ်တော်အိမ်ရှေ့၌ ကောက်ရိုးပုံကြား၊ နွား၊ မြည်းများ လည်းခြံရံလျှက်ဖူးမြှော်ကြလေ၏။     

၄။ ပထမမွေးဖွားခြင်းမြင်ကွင်းသည် ကိုယ်တော်မြတ်စက္ကရာမင်တူးနှင့်နွယ်ယှက်သည်။

            အဘယ်သို့နည်း။ စိန့်ဖရန်စစ်နှင့်အတူ ပထမဦးဆုံးသော သူငယ်တော်အိမ်ကိုဖူးတွေ့ခဲ့ရသော ထိုနေရာ၌ ရောက်ရှိနေသူများအားလုံက အတွေ့အကြုံအသစ်ကိုရရှိခဲ့သည်။ ထိုအတွေ့အကြုံကား ဖော်မပြနိုင်လောက်အောင် ခံစားရသော ပျော်ရွှင်မူဖြစ်သည်။ ထို့နောက် ရဟန်းတော်က နွားစားခွက်ပေါ်၌ မစ္ဆားတရားကိုတင်လှူပူဇော်ခဲ့သည်။ ဤသို့ပူဇော်ခြင်းဖြင့် ယေဇူးသခင်၏မွေးဖွားခြင်းနှင့်ကိုယ်တော်မြတ်ဆက်စပ်ပုံကိုဖျော်ပြနေသည်။ ယနေ့ခေတ် ဆောက်လုပ်သော သူငယ်တော်အိမ်နှင့်မတူ။ အဘယ်ကြောင့်ဆိုသော် ရုပ်တု၊ ဆင်းတုများမရှိ။ သူငယ်တော်အိမ်ကို ထိုလာရောက်ဖူးမြှော်သူများနှင့်သာပြည့်သွားစေခဲ့သည်။ ထိုသို့ပြည့်သွားစေရန်ရည်ရွယ်ခြင်းပင်ဖြစ်သည်။

၅။ မူလသူငယ်တော်မွေးဖွားခြင်းသည် အမြင်တစ်ခုကိုမွေးဖွားလာစေသည်။

            ပထမဦးဆုံးသော သူငယ်တော်အိမ်သည် အလွန်အံ့ဩဖွယ်ရာမြင်ကွင်းကိုဖြစ်ပေါ်စေခဲ့သည်။ ချေလားနိုမြို့မှ သောမတ်စ် (Thomas of Celano) သည်စိန့်ဖရန်စစ်အာစီးစီ၏ အတုတ္ထုပ္ပတ္တိကို ပထမဦးဆုံးရေးသားပြုစုသူဖြစ် ပြီး၊ သူသည်လည်း ထိုသူငယ်တော်အိမ်အား ပထမဦးဆုံးအကြိမ်သွားရောက်ဖူးမြှော်ခဲ့သောသူများအနက်တစ်ဦးဖြစ် ပြီး၊ သူငယ်တော်ယေဇူးလှောင်းစက်နေသည်ကိုဖူးခဲ့ရသူဖြစ်သည်။

၆။ သူငယ်တော်၏အိမ်သည် ဧဝံဂေလိတရားဟောကြားရန်နည်းလမ်းများဖြစ်ကြသည်။

            သူငယ်တော်အိမ်ကိုဖန်တီးလိုက်ပြီးနောက် စိန့်ဖရန်စစ်သည် ဧဝံဂေလိတရားဟောကြားသည့် လုပ်ငန်းစဉ် ကြီးကိုစတင်လိုက်သည်။ ထိုလုပ်ငန်းစဉ်ကြီးသည် ယနေ့အထိကျွန်ုပ်တို့ ၏စိတ်နှလုံး သားအား ထိခတ်လျှက်ရှိသည်။ စိန့်ဖရန်စစ်ရှာဖွေတွေ့ရှိခဲ့သော ဧဝံဂေလိ ဟောကြား သည့်နည်း လမ်းသည် ရိုးရှင်းသော်လည်း အဖြစ်အပျက်အမှန်ကို ပြန်လည်ခံစား၍ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ယနေ့ထိတိုင်လှုပ်ခတ်လျှက်ရှိနေသည်။ လူတိုင်းလည်းခံစားနိုင်သည့် နည်းလမ်းဖြစ်သည်။  

၇။ နွားစာခွက်သည် ဘုရားသခင်၏ချစ်ခြင်း  သင်္ကေတ ဖြစ်သည်။

            သူငယ်တော်အိမ်တော်သည် အလွန်နက်ရှိုင်းစွာရိုက်ခတ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အ လွန်နုညံ့သောချစ်ခြင်းကိုပြသနေသည်။ ထိုမြင်ကွင်းသည် ကျွန်ုပ်တို့အား စကြာဋာကိုဖန်ဆင်းသောအရှင်သည် ကျွန်ုပ်တို့လူသားတို့၏ သေးသိမ်မှုကိုခံယူရန်နှိမ့်ချခဲ့သည်။ ဤမြင် ကွင်းသည် ခံစားစရာ၊ တွေးတောစရာဖြစ်ပေါ်စေ သည်။ လူသားတို့အားလည်းဘုရားသခင်၏သားတော် လူ့အဖြစ်ကိုခံယူသောဤနှိမ့်ချသည့်အဖြစ်ကို  ‘ကြောက်ရွံ့ ခြင်း၊ ထိတွေ့ခြင်း’ များဖြင့် နွမ်းပါးမှုကိုခံစားရန် အတွေးကိုမွေးဖွားပေးသည်။

 

၈။ သူငယ်တော်အိမ်သည် ကျွန်ုပ်တို့အား အစေခံရန်တိုက်တွန်းနေသည်။

            ခရစ္စမတ်၌တည်ဆောက်သော သူငယ်တော်အိမ်၌ အလွန်ပေါ်လွင်သော သတင်း စကားပါး ထားပါသည်။ ကျွန်ုပ်တို့အားလည်း သူကဲ့သို့ နှိမ့်ချသော၊ မပြည့်စုံသော၊ မိမိအလိုကိုငြင်းပယ်နိုင်သော လမ်းစဉ်ကိုလျှောက်ရန်ဖိတ် ခေါ်နေသည်။ ထိုလမ်းစဉ်ကား ဘက်သလင်ဟင်မြို့ နွားစာခွက်မှ သည်ကား တိုင် တော်ချီသောလမ်းဖြစ်သည်။ ထို လမ်းစဉ်ကိုလျှောက်နေစဉ် ပြုရန်အသိမ် ငယ်ဆုံးသော ညီအစ်ကို မောင်နှမတို့အား အကူအညီပေးခြင်းဖြင့် သူနှင့်တွေ့ ဆုံရန်၊ သူ့အားအလုပ်အကျွေးပြုရန်ဖြစ်သည်။

 

၉။ သူငယ်တော်အိမ်၏ ရှုခင်းရှုကွက်များသည် အလွန်အဓိပ္ပါယ်ရှိလှသည်။

            သူငယ်တော်အိမ်တည်ဆောက်သောအခါများ၌ မကြာခဏ အိမ်အိုဟောင်းများ၊ ပြိုပျက်လဲကျနေသောအ ဆောက်အဦးနောက်ခံများလည်းပါတတ်သည်။ အခြားသောအရာများထက် ထိုပြိုပျက်လဲကျနေသော မျက်စိဖြင့် မြင်နိုင်သော ပြိုပျက်လဲကျနေသည့် လူ့အသိုင်းအ၀ိုင်းပင်ဖြစ်သည်။ ပျက်ဆီးခြင်း၊ ပုပ်သိုးဆွေးမြေ့ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကိုမရှောင်နိုင်ပေ။  ထိုအခြေအနေ၌ ယေဇူးသခင်သည် ဟောင်းနွမ်းသောကမ္ဘာ့အလယ်၌ ပြန် လည်သစ်လွှင့်ခြင်းဖြစ်သည်။ ယေဇူးသခင် လောကသို့ကြွ လာခြင်းသည် ကုသရန်၊ ပြန်လည်တည်ဆောက်ရန်၊ ကမ္ဘာ ကြီးအား ဖန်ဆင်းခြင်း အစကပုံစံ အတိုင်း ကျွန်ုပ်တို့၏ဘ၀ကို ပြန်လည်မွမ်းမံပေးရန်ဖြစ်သည်။

 

၁၀။ သူငယ်တော်အိမ်သည် မယ်တော်နှင့်စိန့်ဂျိုးဇက်တို့အား ကြည်ညိုရန်တိုက်တွန်းနေသည်။

            သူငယ်တော်အိမ်၌ဖူးတွေ့ရမည့် အမိမယ်တော်သည် မွေးဖွားသန့်စင်သော သားတော် အကြောင်း ဆင်ခြင်နေ သောမိခင်အဖြစ်ဖော်ပြနေသည်။ လာရောက်ဖူးမြှော်သူတိုင်းအား ပြသပေးရှာ သည်။ သူ၌ ဘုရား၏မယ်တော်ကိုမြင် တွေ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏သားကို တစ်ကိုယ်ကောင်းဆန်စွာသိမ်းမထား။ သားတော်၏ နှုတ်တော်ထွက်စကားကို လူတိုင်းနာခံပြီး၊ ကျင့်ကြံရန်တိုက်တွန်းလျှက်ရှိသည်။

            စိန့်ဂျိုးဇက်သည်လည်း မယ်တော်၏ဘေး၌ရပ်လျှက် မယ်တော်နှင့်သူငယ် တော်ယေဇူးကိုကာကွယ်စောင့် ရှောက်လျှက်ရှိသည်။ စိန့်ဂျိုးဇက်သည် ဘုရားသခင်၏အလိုတော်ကို အစဉ်အပ်နှံထားသူဖြစ်ပြီး၊ လက်တွေ့ကျကျ ဖော်ဆောင်သူဖြစ်ကြောင်းကို သူငယ်တော်အိမ်က ကျွန်ုပ်တို့အသိပေးနေသည်။ သူကဲ့သို့လုပ်ဆောင်ရန်လည်း ကျွန်ုပ် တို့ကိုအားပေးတိုက်တွန်းနေပါသည်။     

 

RVA ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3H2iRDv

Add new comment

1 + 11 =