
ခရစ္စမတ်သစ်ပင်နဲ့ သခင်ယေဇူးမွေးဖွားခြင်းပြပုံတော် အခင်းအကျင်း များဗာတီကန်တွင် မီးထွန်းဖွင့်လစ်
ခရစ္စမတ်သစ်ပင်နဲ့ သခင်ယေဇူးမွေးဖွားခြင်းပြပုံတော် အခင်းအကျင်း များဗာတီကန်တွင် မီးထွန်းဖွင့်လစ်
ဗာတီကန် စိန့်ပီတာ ရင်ပြင်တော်မှာ နှစ်စဉ်ခရစ္စမတ်အတွက် ခရစ္စမတ်သစ်ပင် နဲ့ သခင်ယေဇူးမွေးဖွားခြင်းပြယုဂ် ဖြစ်တဲ့ ပုံတော်အခင်းအကျင်း တွေကို ဒီဇင်ဘာ လဆန်းပိုင်းမှာ မီးထွန်းဖွင့်လေ့ရှိပြီး ဒီနှစ်အတွက်လည်းဖွင့်လစ်လိုက်ပြီဖြစ်ပါတယ်။
အဆိုပါ ခရစ္စမတ်သစ်ပင်နဲ့ ယေဇူးမွေးဖွားခြင်းယုဂ်ပြ အခင်းအကျင်း ပုံတော် များဟာ ဆိုရင်တော့ တစ်နှစ်နဲ့ တစ်နှစ် မတူညီတဲ့ နေရာဒေသ နိုင်ငံတွေကနေ တမူထူးတဲ့ ရိုးရာယဉ်ကျေးမှု ပုံဆန်းလေးတွေနဲ့ ဗာတီကန် ကို အရောက်ပို့ဆောင်ကြပြီး အသင်းတော်ကြီးရဲ့ ဗဟိုချက်မ ၊ ပုပ်ရဟန်းမင်းကြီးရုံးတော် တည်ရာ ဗာတီကန်မှာရှိတဲ့ စိန့်ပီတာရင်ပြင်တော်ကြီးကို အလှဆင်ပေးကြတာဖြစ်ပါတယ်။
ဒီနှစ်အတွက် ခရစ္စမတ်သစ်ပင် ကတော့ အီတလီမြောက်ပိုင်း ထရဲန်တီးနို ဒေသ ၊ အဲန်ဒါးနို ကဖြစ်ပြီး သစ်ပင်ဟာ အမြင့်ပေ ၉၀ ရှည်လျားတဲ့ ထင်းရှူးပင်ဖြစ်ပါတယ်။
သခင်ယေဇူးမွေးဖွားခြင်းပြယုဂ် ဖြစ်တဲ့ ပုံတော်အခင်းအကျင်း (nativity scene) ကိုတော့ Peruvian Andes ၊ Huancavelica မှ ပို့ဆောင်တာဖြစ်ပြီး ဆင်းတုတော် ၃၅ ခုနဲ့ တည်ခင်းပြသထားတာပါ။
ခရစ္စမတ်သစ်ပင်နဲ့ (nativity scene) ကို လာမယ့် ၂၀၂၂ ဇန်နဝါရီ ၉ ရက်နေ့အထိ ခင်းကျင်းပြသ အပူဇော်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA


Add new comment