ဧဝံဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည်စတင်ဟောကြားရန်လိုအပ်ကြောင်း ပုပ်ဖရန်စစ် က ဥရောပမှ  ခရစ်ယာန်များအားမိန့်ကြား

ဧဝံဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည်စတင်ဟောကြားရန်လိုအပ်ကြောင်း ပုပ်ဖရန်စစ် က ဥရောပမှ  ခရစ်ယာန်များအားမိန့်ကြား

ဧဝံဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည်စတင်ဟောကြားရန်လိုအပ်ကြောင်း ပုပ်ဖရန်စစ် က ဥရောပမှ  ခရစ်ယာန်များအားမိန့်ကြား

 

            ရဟန်းမင်းကြီး သည်ဆိုင်ပရပ်စ်နိုင်ငံ၌ရောက်ရှိနေပြီး၊ ကျေးဇူးတော်အပေါင်းတို့၏သခင်မ Maronite ကယ်သီဒရယ်သို့ ကြွရောက်ခဲ့သည်။ အဆိုပါဘုရားကျောင်း၌ ရဟန်းမင်းကြီးအား ဓမ္မအမှုတော်ဆောင်များ၊ ရဟန်းတော်များ၊ ဆရာတော်များ၊ သုံးပါးသစ္စာရှင်သူတော်စင်များနှင့် ဘာသာရေးအသင်းအဖွဲ့၀င်များ၏လှိုက်လှဲနွေးထွေးစွာကြိုဆိုမှုကိုခံယူခဲ့သည်။

ဤဘုရား‌ကျောင်းတော်ကြီးသည် နှစ်ခြမ်းကွဲနေသော နိုင်ငံအတွင်းပဋိပက္ခမဲ့ဇုံဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသားများမျှော်လင့်တကြီးမျှော်လင့်ခဲ့သော R2P (ကုလ) ထိန်းချုပ်ထားသောစစ်မဲ့ဒေသဖြစ်သည်။  ကျွန်းစု၏ မြောက်ပိုင်းဒေသ သုံးပုံတစ်ပုံမှာ (၁၉၇၄) ခုနှစ်ကပင် တူရကီ၏နယ်ချဲ့သိမ်းပိုက်ခံထားရသည်။ ထိုအချိန်မှစ၍ ယနေ့ထိတိုင် ဆိုင်းပရပ်စ်၏ ထိုအပိုင်းသည် ၄င်းတို့၏နယ်နိမိတ်ဖြစ်သည်ဟုတောင်းဆိုနေခဲ့သည်။ သို့သော် တူရကီ၏အုပ် ချုပ်မှုအပြည့်အ၀ရှိနေသောဒေသဖြစ်နေသည်။

ဤအခြေအနေသည် အလွန်ဆိုးရွားသောရိုက်ခတ်မှုကြီးကို နိုင်ငံတော် အားလည်းကောင်း၊ နိုင်ငံအတွင်းရှိနေသောခရစ်ယာန်များအားလည်းကောင်းသက်ရောက်မှုရှိကြောင်း အန္တီအုတ်၏           ကာ ဒီနယ် Boutros Rai အားလျှောက်ထားခဲ့သည်။ နယ်ချဲ့မှုဖြစ်ပွားပြီးနောက်ပိုင်း၌ ခရစ်ယာန်ဦးရေသည် (၇၀၀၀) သာကျန်တော့ကြောင်း၊ (၁၃) ရာစုက Maronite ဦးရေ (၈၀၀၀၀) အထိရှိခဲ့ကြောင်း၊ ဦးရေးလျော့နည်းလာရခြင်းမှာ ဒေသအတွင်း စစ်မက်ဖြစ်ပွားခြင်း၊ ဘာသာရေး ဖိနှိပ်မှုများရှိခြင်းတို့ကြောင့်ဖြစ်သည်ဟုဆိုသည်။

 

            ရဟန်းမင်းကြီးက သစ္စာသုံးပါးခံ သူတော်စင်တို့ ၏တင်ပြလျှောက် ထားချက်များကိုအာရုံပြုနားစွင့်ပေးခဲ့သည်။ (၁၉၇၄) ခုနှစ်၏အဖြစ်အပျက်ကို သက်ကြီး၀ါကြီး သီလရှင်တစ်ပါးထံမှ ကြားခဲ့ရသည်သမိုင်းကြောင်းကို ပြန်လည်ပြောပြခဲ့သည်။ ရင်နစ်စရာအဖြစ်ကို ကြုံခဲ့သော သီလရှင်က ထိုအဖြစ်အပျက် သည် မကြာမီပြီးသွားမည်ဟုမှတ်ထင်ခဲ့ရာ ယခုဆိုလျှင် (၄၇) နှစ်ပင်ရှိပြီဟုဆိုပါသည်။

 

            တင်ပြချက်များကိုကြားနာပြီးနောက် ရဟန်းမင်းကြီးက စိတ်ရှည်သီးခံရန်လိုအပ်ကြောင်း၊ ဆိုင်းပရပ်စ်နှင့်သာသနာတော်ကြီးသည် ညီညွှတ်ပေါင်းစည်းရန်လိုကြောင်း၊ စိန့်ဘားနာ ဘာစ်ကိုဥပမာပေးခဲ့သည်။

စိန့်ဘားနားဘာစ်သည် ဆိုင်းပရပ်စ်ကျွန်းစုအားမှိုင်းမသောရဟန္တာဖြစ်သည်။ ရှေ့ဦးခရစ်ယာန်များ ဧဝံဂေလိသတင်းကောင်းကြေညာဟောကြားရာတွင် လူတို့၏ရန်လိုမုန်းထားမှုဖြင့်တုန့်ပြန်မှုကို အဘယ်သို့စိတ်ရှည်သီးခံခဲ့ကြောင်း၊ ယနေ့သာသနာတော်ကြီးသည် လည်း ထိုနည်းတူကျင့်ကြံ ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဥရောပရှိခရစ်ယာန်များသည် ဤခရစ်ယာန်တို့၏အမှတ် သင်္ကေတ ပျောက်ရှလာနေကြောင်း၊ ယနေ့ကြားလိုက်ရသော သတင်းစကားသည်လည်း ဥရောပရှိ သာသနာတော် ကြီးအတွက် အလွန်အရေးပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယုံကြည်ခြင်းနှင့်ဆိုင်သော ပဋိပက္ခ ဖြစ်ကြောင်း၊ မကောင်းမှုကို ကောင်းမှုအနည်းငယ်ဖြင့်အနိုင်ယူရန်လုပ်ဆောင်နေကြောင်း၊ စိတ်ဓာတ် မကျနောက်မဆုတ်ဘဲ အချိန်အခါ၏အနေအထားနှင့်ပဋိပက္ခကိုကြည့်၍ ရှေ့ဆက်တိုးရန်လိုအပ်ကြောင်း၊  ဧဝံဂေလိတရားကို စိတ်ရှည်သီးခံ၍ဟောကြားရမည်ဖြစ်ကြောင်းမိန့်ကြားခဲ့သည်။

 

            ဆိုင်းပရပ်စ်ရှိကက်သလစ်သာသနာတော်သည် လာတင်း၀ိနည်းနှင့် Maronite ၀ိနည်း နှစ်ပါးလုံးကိုကျင်းသုံးသော ဘာသာတူများပါ၀င်သည်။ သူတို့၏သမိုင်းတစ်လျှောက်၌ ဘာသာရေး နှင့်စပ်လျင်း၍ ညှဉ်းပမ်းနှိပ်စက်မှုများနှင့် ကင်းခဲ့သည်ဟုမရှိခဲ့ကြောင်း၊ Maronite ၀ိနည်းကျင့်သုံး သောခရစ်ယာန်အများပိုင်းသည် လက်ဘနွန်မှပြောင်းရွေ့လာခဲ့ကြ သူများဖြစ်ကြောင်း။ ဆိုင်းပရပ်စ်ခရစ်ယာန်များကမူ အခြားသောနိုင်ငံသို့ရွေ့ပြောင်းသွားကြကြောင်း၊  ယခုအခါ ဩစတေးလျ၊ မက္ကဆီကို၊ အမေရိကန်ပြည်ထောင်စုနှင့်အာဂျင်တီးနားတို့၌ Maronite ခရစ်ယာန်များရှိနေကြသည်ဟုဆိုသည်။    

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3rBxVU7

Add new comment

13 + 3 =