ရဟန်းမင်းကြီးဖရန်စစ်သည် အောက်ပါအချက် (၅) ချက်ကိုရင်၀ယ်ပိုက်၍ ဂရိနိုင်ငံသို့ကြွချီiသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် အောက်ပါအချက် (၅) ချက်ကိုရင်၀ယ်ပိုက်၍ ဂရိနိုင်ငံသို့ကြွချီiသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် အောက်ပါအချက် (၅) ချက်ကိုရင်၀ယ်ပိုက်၍ ဂရိနိုင်ငံသို့ကြွချီiသည်။

 

            ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဒီဇင်ဘာလ (၂) ရက်နေ့၌ စီစဉ်ထားသည့်အတိုင်း ဆိုင်းပရပ်စ်ကျွန်းနိုင်ငံသို့ကြွရောက်ပြီဖြစ်သည်။ ရဟန်းမင်းကြီးသည် ဆိုင်းပရပ်စ်နိုင်ငံ၌ (၂) ရက်တာတမန်တော်ခရီးတစ်ထောက်နားပြီး ဂရိနိုင်ငံသို့ဆက်လက်၍ တမန်တော် ခရီးကြွချီမည် ဖြစ်သည်။ ဂရိနိုင်ငံသို့ကြွရောက်မည်ဖြစ်သော ရဟန်းမင်းကြီး သည် နိုင်ငံအတွင်း (၂) ရက်တာကြာမည့်ထိုတမန်တော်ခရီးစဉ်၌ အောက်ပါအချက် (၅) ချက်ကိုဆွေးနွေးမည်ဟုသိ ရပါသည်။ ထိုအချက်များမှာ

 

၁။ ရွေ့ပြောင်းနှင့်ဒုက္ခသည်တို့၏ပြဿနာ

 

            ရဟန်းမင်းကြီးသည် လွန်ခဲ့သော (၅) နှစ်ကလည်း ဤကျွန်းနိုင်ငံသို့တစ်ခေါက် တမန်တော်ခရီးကြွချီပြီးနောက် ယခုတစ်ကြိမ်ထပ်မံကြွရောက်ခြင်းဖြစ်သည်။ အမှန်ဆိုသော် ဂရိနိုင်ငံ၌ ကက်သလစ်ခရစ်ယာန်ရာခိုင်နှုန်းမှာ နိုင်ငံ့လူဦး ရေ၏ (၁) ရာခိုင်နှုန်းမျှပင်မရှိပေ။ သို့သော် ဂရိနိုင်ငံအ နေဖြင့် ရွေ့ပြောင်းနှင့်ဒုက္ခသည်ပြဿနာနှင့်နိုင်ငံ၏စီးပွားရေး၊ လူမူရေးအကြပ် အတည်းများစွာ ကိုလည်းရင်ဆိုင်ကြုံတွေ့နေရသောကြောင့် ရဟန်းမင်းကြီးအနေဖြင့် ကမ္ဘာကြီး၌ဖြစ် ပျက်နေသော အရာများသည် မိမိနှင့်မဆိုင်သကဲ့သို့ မပူမအေးမနေကြရန်ဆော်ဩနေသူဖြစ်သည့်အားလျော်စွာ ယခု လည်း သွေးရင်းစိတ်ဖြင့်တတ်နိုင်သည်ကိုကူညီပေးရန်ကြွရောက်ခြင်းဖြစ်သည်။

 

ရဟန်းမင်းကြီးဖရန်စစ်၏ ယခုတစ် ကြိမ်ကြွရောက်သည့်ခရီးစဉ်မှာ  ရဟန်းမင်းကြီးအဖြစ် အမှုတော်ထမ်းပြီးနောက် ပြည်ပကြွရောက်သော (၃၅) ကြိမ်မြောက်ခရီး စဉ်ဖြစ်သည်။ ဤသို့ကြွရောက်ခြင်းအားဖြင့် ပြီးခဲ့သောအပတ်က ပင်လယ်၌ရေနစ်သေဆုံးခဲ့ကြသော၊ အတိဒုက္ခ ရောက်ခဲ့ကြသော ရွေ့ပြောင်းနှင့်ဒုက္ခသည်များ၏ဘ၀ကို ကမ္ဘာကြီးက အာရုံထားလာ ကြရန်လည်း ဖြစ်သည်။ ဆိုင်းပရပ်စ်၌ ရဟန်းမင်းကြီးသည် ဩသိုဒေါစ်ခရစ်ယာန်များနှင့်အတူ ဒုက္ခသည်များအတွက် ရည်ရွယ်သော စုပေါင်းဆု တောင်းခြင်း၌ပါဝင်မည်ဖြစ်သည်။ ထိုနေရာရှိဒုက္ခသည်အချို့နှင့်စကားပြောပြီး၊ ၄င်းတို့အနက်အချို့ကို အီတလီသို့ခေါ် ဆောင်လာ မည်ဖြစ်သည်။           

 

၂။ စုပေါင်းဆုတောင်းခြင်းအစီအစဉ်

 

            ဆိုင်းပရပ်စ်ကဲ့သို့ ဂရိနိုင်ငံ၌လည်း ရဟန်းမင်းကြီးသည် ဒေသန္တရခရစ်ယာန် အသင်းအဖွဲ့ မျာအကြီးအကဲ ဖြစ်သော Chrysostom II နှင့် Hieronymus II တို့နှင့်တွေ့ဆုံမည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ဆိုင်းပရပ်စ်မြေသို့ခြေချသော ဒုတိယမြောက်ရဟန်းမင်းကြီးအဖြစ် ဆိုင်းပရပ်စ်နိုင်ငံ၏ သမိုင်းတွင်ခဲ့ပြီဖြစ်သည်။ သူမတိုင်မီ (၁၁) နှစ်ခန့်က ရဟန်းမင်း ကြီးဘေနေဒစ် (၁၆) (ငြိမ်း) ကြွရောက်ခဲ့သည်။ ဂရိနိုင်ငံ၌ ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်း မင်းကြီးစိန့်ဂျွန်ပေါလ် (၂) ၏ခြေရာအတိုင်းလိုက်မည်ဖြစ်သည်။ စိန့်ဂျွန်ပေါလ် (၂) သည် (၁၀၅၄) ခုနှစ်မှစ၍ ဘာ သာရေးယုံကြည်ချက်၊ သွန်သင်ချက်များကြီးကြီးမားမားကွဲလွဲသွားပြီးနောက်ပိုင်း အဘယ် ရဟန်းမင်းကြီးမျှမကြွရောက်ဖြစ်ခဲ့ရာ စိန့်ဂျွန်ပေါလ် (၂) ကပြန်လည်စတင်ခဲ့သည်။ စိန့်ဂျွန်ပေါလ် (၂) က ထိုခေတ်အခါက ဩသိုဒေါ့စ် ခရစ်ယာန်များအား ကက်သလစ်သာသနာတော်ကြီး၏ လွဲမှားသော ဆုံးဖြတ်ချက်များအတွက်တောင်းပန်ခဲ့သည်။ ဤသို့ ခွင့်လွတ်တောင်းပန်စကားဆိုခဲ့သော်လည်း အေသင်မှဩသိုဒေါစ်ခရစ်ယာန်တို့၏အကြီးအကဲ ဆရာတော် Theodore Kontidis သည် ရောမနှင့်ဂရိခရစ်ယာန်များကြား မပြေလည်မှုများကိုထုတ်ဖော်ပြောဆိုလာလေ့ရှိ သည်။ ထို့ကြောင့် အဆိုပါခရီးစဉ်၌ စုပေါင်းဆုတောင်းပွဲရုတ်သိမ်းခဲ့ရဖူးသည်။ ဆိုင်းပရပ်စ်ရှိဩသိုဒေါ့စ်ခရစ်ယာန် တို့ကမူ နွေးထွေးမှုဖော်ရွေမှုကိုပို၍ပြသခဲ့သည်။        

 

၃။ ဆိုင်းပရပ်စ်နိုင်ငံ၏ နိုင်ငံရေးအခြေအနေ

 

            ‘ဆိုင်ပရပ်စ်နိုင်ငံ၏ နိုင်ငံရေးပဋိပက္ခသည် တင်းမာနေသော နိုင်ငံရေးပါတီးများကြား ရိုးသား ပွင့်လင်းပြီး၊ သစ္စာ စောင့်သိမှုရှိပါက ပြေလည်ဖြေရှင်းနိုင်ချေရှိပါသည်။ နိုင်ငံရေးပါတီးများအနေဖြင့် ကျွန်းနိုင်ငံ၏ကောင်းကျိုးကို ရှေ့ရူ လုပ်ဆောင်သင့်သည်’ ဟုဗာတီကန်၏ အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin က ရဟန်းမင်းကြီး ဆိုင်းရပ်စ်သို့မထွက်ခွာမီတစ်ညအလို၌ပြောကြားခဲ့သည်။ (၁၉၇၄) မှစ၍ ဩသောဒေါ့စ်ခရစ်ယာန်အများဆုံးနေထိုင် သော တောင်ဆိုင်းပရပ်စ်နှင့် မွတ်စလင် အများဆုံးနေထိုင်ပြီး၊ တူရကီနှင့်ပူးပေါင်းသော မြောက်ပိုင်းဆိုင်းပရပ်စ်ဟူ၍ကွဲ နေခဲ့သည်။ မြောက်ပိုင်းဆိုင်းပရပ်စ်ကို တူရကီကသာအသိအမှတ်ပြုသည်။ (၂၀၀၄) ခုနှစ်က ပြန်လည်စုစည်းနိုင်ရန် ကြိုးစားခဲ့သော်လည်း တောင်ပိုင်းဆိုင်းပရပ်စ်ပြည်နယ်သားများကငြင်းပယ်ခဲ့၍ အထမမြောက်ခဲ့ပေ။ သို့သော် နှစ် ဖက်လုံးကလိုက်နာရမည့် သတ်မှတ်ချက်ကိုမူချမှတ်ခဲ့ကြောင်း သံတမန် အဖွဲ့အစည်းမှသိရသည်။

 

            ဗာတီကန်အနေဖြင့် နှစ်ပိုင်းပြန်လည်ပေါင်းစည်းရေးအတွက် တတ်နိုင်သော အကူအညီကို အတတ်နိုင်ဆုံး အားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပေါင်းစည်းနိုင်ခြင်းသည် ငြိမ်းချမ်းရေး အတွက် တစ်ခုတည်းသောလမ်း ကြောင်းဖြစ်ကြောင်း ဗာတီကန်သတင်းပြန်ကြားရေးညွှန်ကြားရေးမှူး Matteo Bruni ကပြောကြားခဲ့သည်။ ရ ဟန်းမင်းကြီးအနေဖြင့် ဤအခြေအနေကိုချဉ်းကပ်ရာတွင် နိုင်ငံရေးဗျူဟာဖြင့်ချဉ်းကပ်မည်မဟုတ်။ ပြည်သူများနှင့် တစ်ထပ်တည်းရပ်တည် မည်သာဖြစ်ကြောင်း ဆိုင်းပရပ်စ်မှ Maronites ခရစ်ယာန်တို့၏ဂိုဏ်းချုပ်ဆရာတော် Maronites ကပြောကြားခဲ့သည်။        

 

၄။ ဥရောပတိုက်အတွက် မျက်ကွယ်ပြုမရသော မြေထဲပင်လယ်

 

            ‘ဥရောပတိုက်သည် မြေထဲပင်လယ်ကိုလစ်လျူရူ၍မရ’ ဟု ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏တမန်တော်ခရီးမစတင်မီ တစ်ပတ်အလို၌မိန့်ကြားခဲ့သည်။ လာမည့် (၂၀၂၂၊ ဖေဖော်၀ါရီ) လ၌ ရဟန်းမင်းကြီးသည် Mare Nostrum ဆရာတော်များအား အီတလီနိုင်ငံ၊ ဖလောရင့်စ်မြို့ ၌တွေ့ဆုံ မည်ဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် မြေထဲပင်လယ်ကို ဖလှယ်ရာနေရာအဖြစ်သဘောထားပြီး၊ လက်ရှိ၌ ရွေ့ပြောင်းတို့၏အရေးသည် အလွန်တရာအ ငြင်းခုံစရာဖြစ်နေသည်။ ပြီးခဲ့သောနို၀င်ဘာ (၂၈) ရက်နေ့က ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ကြီးကိုအန္တရာယ် ကြားဖြတ်သန်းသွား၍ ရေကြည်ရာ၊ မြတ်နုရာ တိုးတက်ရာတိုးတက်ကြောင်းအတွက်ရည်ရွယ်ခဲ့သော်လည်း နောက် ဆုံး၌အုတ်ဂူသာ ရသွားခဲ့ကြောင်းမိန့်ကြားခဲ့သည်။ ရွေ့ပြောင်းတို့၏အရေးသည် စုပေါင်းဆုတောင်းသည့်အစီအစဉ် နှင့်လည်းတိုက်ဆိုင်နေကြောင်း၊ နှစ်ခြမ်းဖြစ်နေသော ခရစ်ယာန်တစ်ဆုပ်အား တစ်ခုတည်း အဖြစ်ပြန်လည်စုစည်းလိုကြောင်းကို ပြင်သစ်အော်ဩသို‌ဒေါ့စ် Carol Saba ကပြောကြားခဲ့သည်။    

 

၅။ ရဟန်းမင်းကြီး၏ကုထုံး

 

            ရဟန်းမင်းကြီးဖရန်စစ်သည် အေသင်မှပြန်ကြွလာပြီးနောက် (၁၁) ရက်အကြာ သူ၏ (၈၅) နှစ်ပြည့်မွေးနေ့ ကို ဒီဇင်ဘာ (၁၇) ရက်နေ့၌ကျင်းပမည်ဖြစ်သည်။ ရဟန်းမင်းကြီးသည် (၂၀၂၁) ခုနှစ်စ၌ သူ၏အူမနာကြင်မှုဝေဒနာခံစားနေခဲ့ရ၍ အရေးကြီးသော အစီအစဉ်အချို့ကိုရွေ့ဆိုင်းခဲ့ရသည်။ စက်တင်ဘာလ၌လည်း ရဟန်းမင်းကြီး သည် ကျန်းမာရေးကြောင့်အနားယူတော့မည်ဟု ကောလဟာလများ ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်မှစ၍ ရဟန်း မင်းကြီး၏ အစီအစဉ်များမှာ ပြည့်နက်နေခဲ့သည်။ သို့သော် ရဟန်းမင်းကြီးတမန်တော်ခရီးမကြွသွားမီ တစ်ညအလို၌ ရဟန်းမင်းကြီးအနေဖြင့် တမန်တော်လုပ်ငန်းများကိုလုပ်ဆောင်ရာ၌ ပင်ပင်ပန်းပန်းမလုပ်ရန် စကားထွက်လာခဲ့ သည်။ ရဟန်းမင်းကြီးခရီးမှပြန်ရောက်ပြီး (၃) ရက်အကြာ၊ ဒီဇင်ဘာ (၉) ရက်နေ့၌ ပြင်သစ်နိုင်ငံ၌ ကက်သလစ်ဘာ သာရေးခေါင်းဆောင် များကျူးလွန်ခဲ့သော လိင်အရှုပ်တော်ပုံနှင့် ပတ်သက်၍ တွေ့ဆုံရန်ချိန်းဆိုထားမှုကိုရွေ့ဆိုင်းထား ကြောင်းစကားထွက်လာခဲ့သည်။ ဤအကြောင်းအရာများစွာဖြင့် ရဟန်းမင်းကြီးသည် ယနေ့တမန်တော်ခရီးစထွက်သွားခဲ့ပြီဖြစ်သည်။

 

ရဟန်းမင်းကြီး၏ခရီးစဉ်ဘေးကင်းလုံခြုံစေရန်၊ တွေ့ဆုံဆွေးနွေးညှိနှိုင်းမည့်အရေးများအောင် မြင် စေရန်၊ ကျန်းမာသက်ရှည်၍ သာသနာတော်ကြီးကို သိုးထိန်းကောင်းပီသစွာဖြင့် ဆက်လက် ဦးဆောင်နိုင်ရန် ဆု တောင်းပေးကြပါစို့။    ‌

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3xOGGva

Add new comment

4 + 1 =