ဗာတီကန်ရင်ပြင်တွင် ဖွင့်လှစ်ထားရှိမည့်သူငယ်တော်အိမ်ဖွင့်ပွဲအခမ်းအနား၌ ပီရူးနိုင်ငံမှကွာယာအဖွဲ့သီဆိုချီး မွမ်းမည်

ဗာတီကန်ရင်ပြင်တွင် ဖွင့်လှစ်ထားရှိမည့်သူငယ်တော်အိမ်ဖွင့်ပွဲအခမ်းအနား၌ ပီရူးနိုင်ငံမှကွာယာအဖွဲ့သီဆိုချီး မွမ်းမည်

ဗာတီကန်ရင်ပြင်တွင် ဖွင့်လှစ်ထားရှိမည့်သူငယ်တော်အိမ်ဖွင့်ပွဲအခမ်းအနား၌ ပီရူးနိုင်ငံမှကွာယာအဖွဲ့သီဆိုချီး မွမ်းမည်

 

            ဤကွာယာအဖွဲ့သည် တရားထောက်ယောက်ျားလေး အယောက် (၅၀) ဖြင့်ဖွဲ့စည်းထားသောအဖွဲ့ဖြစ်သည်။ ၄င်းတို့သည် ပီရူးနိုင်ငံအရပ်ရပ်မှယောကျာ်းလေးများဖြစ်သည်။ ၄င်းတို့သည် ဂရေဂေါ်ရီယံ သီချင်းများသီဆိုရာ၌လူ သိများသည့်အဖွဲ့ဖြစ်သည်။ ၄င်းတို့သည် နှစ်စဉ် ရှေးဦးခရစ်ယာန်တို့သီဆိုခဲ့သော ရာစုအဆက်ဆက်မှ  ဂန္တ၀င် မြောက်သောသီးချင်းဟောင်းများကိုပြန်လည်သီဆို၍  မြူးစိဗီဒီ ယိုခွေများထုတ်လုပ်ဖြန်ဖြူးလေ့ရှိသည်။

ရဟန်းမင်း ကြီးက အဖွဲ့သားများအား ၄င်းတို့၏ဇစ်မြစ်ကိုမမေ့ကြရန်၊ အတိတ်ကိုပြန်လည်ဖော်ထုတ်၍ အနာဂတ်မျိုးဆက်သစ် ကလေးများအားလက်ဆင်ကမ်းပေးရန်၊ ဤလုပ်ဆောင်မှုတွင် (၂၀၁၆) ခုနှစ် အဖွဲ့၏ပထမဦးဆုံးသော မြူးစိဗွီဒီယိုကို ခရစ္စမတ်သီချင်း (၆) ပုဒ်သီဆို၍ စတင်ထုတ်လုပ်ဖြန်ချီခဲ့ပြီး ယခုနှစ်၌မူ ဒီဇင်ဘာလ (၁၀) ရက်နေ့ ဗာတီကန်ရင် ပြင်၌ ထားရှိဖူးမြော်ခံမည့် ‘သူငယ်တော်အိမ်’ ဖွင့်ပွဲအခမ်းအနား၌သီဆိုမည်ဖြစ်သည်။

ကိုးဗစ် (၁၉) ကပ်ဆိုးကြီး ကြောင့်ကိုယ်တိုင်ကိုယ်ကျ အခမ်းအနား၌ပါ၀င်သီဆိုနိုင်မည်မဟုတ်ဘဲ မီရူးနိုင်ငံ၌နေ၍ လူမှုကွန်ရက်ဖြင့်သာ သီဆိုချီး မွမ်းပါ၀င်နိုင်မည်ဖြစ်သည်ဟုဆိုသည်။ ယခုကဲ့သို့ဖိတ်ခေါ်ရခြင်းမှာ ပီရူးနိုင်ငံ၏ ယဉ်ကျေးမှုကြွယ်၀ခြင်းကိုကမ္ဘာအားထုတ် ဖော်ပြသရန်၊ ထို့အတူ အမိသာသနာတော်ကြီး၏ဗဟိုချက်မဖြစ်သော ဗာတီကန်ရင်ပြင်မှကမ္ဘာကြီးသို့ သိအောင်ကြေညာလိုက် ခြင်းလည်းဖြစ်ကြောင်း၊ ဤအစီအစဉ်ကိုတာ၀န်ခံထုတ်လွှင့်မည့် ဖာသာရ် CARLOS LOPEZ က ယခုကဲ့သို့ထုတ်လွှင့် ခွင့်ရသည့်အတွက် ပီရူးနိုင်ငံ၏ယဉ်ကျေးမှုအမွေအနှစ်ကိုလည်းကောင်း ကမ္ဘာကြီးကသိရှိနားလည်စေရန်နှင့်ဤယဉ် ကျေးမှုအစဉ်အလာအားဖြင့် ဧဝံဂေလိတရားဟောကြားရာ၌ အဘယ်မျှအရေးပါကြောင်းကိုလည်း အဆိုပါဘုန်း တော်ကြီးကရှင်းပြခဲ့ပါသည်။                                                                                  

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3FQidbJ

Add new comment

8 + 7 =