ပီရူးသံအမတ်က ရဟန်းမင်းကြီးဖရန်စစ်အား တွေ့ဆုံကာ မိသားစုမှ ချုပ်လုပ်ထားသည့် ရောင်စုံခြယ်သထားသော နှာခေါင်းစီး တစ်ခုကို လက်ဆောင်ပေး

ပီရူးသံအမတ်က ရဟန်းမင်းကြီးဖရန်စစ်အား တွေ့ဆုံကာ မိသားစုမှ ချုပ်လုပ်ထားသည့် ရောင်စုံခြယ်သထားသော နှာခေါင်းစီး တစ်ခုကို လက်ဆောင်ပေး

ပီရူးသံအမတ်က ရဟန်းမင်းကြီးဖရန်စစ်အား တွေ့ဆုံကာ မိသားစုမှ ချုပ်လုပ်ထားသည့် ရောင်စုံခြယ်သထားသော နှာခေါင်းစီး တစ်ခုကို လက်ဆောင်ပေး

 

            ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဗာတီကန်အတွက် ပီရူးနိုင်ငံ၏သံအမတ် အသစ်ထံမှ ခန့်အပ်လွှာကိုလက်ခံရ ရှိခဲ့သည်။ သံအမတ်သစ်မှာ Jorge Eduardo Roman Morey ဖြစ်သည်။ လက်ဆောင်များဖလှယ်ကြသောအခါ ရဟန်း မင်းကြီးက သူ၏စာချွန်တော် (၈) စောင်ကိုလက်ဆောင်ပေးပြီး၊ ဤဟာသည် စာကြည်တိုက်ဖြစ်ပါသည်။ ဤနေရာ သို့ရောက်ရှိလာကြသူများအတွက် အလွန်အရေးကြီးသည်ဟုဆို၍ ရဟန်းမင်းကြီးက အရွန်းဖောက်ကာလက်ဆောင် ကိုပေးလိုက်သည်။ ထို့အတူရဟန်းမင်းကြီးဖရန်စစ်၏ ရဟန်းမင်းကြီးအမှတ်တံဆိပ်ပါသော ဆွဲပြားကိုလည်းပေးအပ်ခဲ့သည်။

သံအမတ်သစ်ကလည်း အမေရိကား၏ပထမဦးဆုံးရဟန္တာမ၏ပုံတော်ကို  ဘေးအနားများကို ငွေအကွပ်နှင့်ကွပ်ထားသည့် ပီရူးနိုင်ငံ ၏ရဟန္တာမ ‘ရိုစ့် ၏ပုံတော်ကိုလည်းကောင်း၊ ရဟန်းတို့ စက္ကရာမင်တူးများ ကျင်းပ တိုင်သုံးသောစလွယ် (စတိုးလ်) တစ်ခုကိုလည်းကောင်း၊ ထို့နောက် ရောင်စုံသွေးကြွလှပသော နှာခေါင်းစည်းကိုလည်းကောင်း လက်ဆောင်ပေးခဲ့ သည်။ ဤနှာခေါင်းစည်းသည် သံအမတ်အသစ်မိသားစု၏လက်ရာဖြစ်သည်။ အီတလီ၌နှာခေါင်းစည်းသည် မသုံးကျ တော့သော်လည်း အမှတ်တရအဖြစ်လက်ဆောင်ပေးခဲ့သည်။ ပီရူးနိုင်ငံ၌မူသုံးရမည့် တည်ဆဲဥပဒေရှိ နေသေးသည်။

 ပီရူးနှင့် ဗာတီကန်နိုင်ငံသည် ကောင်းမွန်သောသံကင်းတမန်ကင်းများဆက်လက်ရှိနေသည်။ ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) သည် သူ၏ရဟန်းမင်းကြီးသက်တမ်း၌ ပီရူးသို့ (၂) ကြိမ်တိုင်တိုင်ကြွရောက်ခဲ့ပြီး၊ ရဟန်းမင်းကြီးဖရန်စစ်သည် လည်း (၂၀၁၈) ခုနှစ်တစ်ကြိမ်ကြွရောက်ခဲ့သည်။        

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3HOYdrJ

Add new comment

8 + 4 =