‘ခရစ်ယာန်များသည် မိမိတို့ကိုယ်ကို ကမ္ဘာကြီးနှင့်အဆက်အသွယ်ဖြတ်မနေကြရန် ပုပ်ရဟန်းမင်းကြီးတိုက်တွန်း’ ဟုကာဒီနယ် Zuppi ပြောကြား

‘ခရစ်ယာန်များသည် မိမိတို့ကိုယ်ကို ကမ္ဘာကြီးနှင့်အဆက်အသွယ်ဖြတ်မနေကြရန် ပုပ်ရဟန်းမင်းကြီးတိုက်တွန်း’ ဟုကာဒီနယ် Zuppi ပြောကြား

‘ခရစ်ယာန်များသည် မိမိတို့ကိုယ်ကို ကမ္ဘာကြီးနှင့်အဆက်အသွယ်ဖြတ်မနေကြရန် ပုပ်ရဟန်းမင်းကြီးတိုက်တွန်း’ ဟုကာဒီနယ် Zuppi ပြောကြား

 

            အမိသာသနာတော်ကြီး၏အနာဂတ်သည် သာသနာပြုလိုသော စိတ်ထက်သန်မှု အပေါ်မူတည်မည်ဖြစ်ကြောင်း ကာဒီ နယ် Matteo Zuppi ကပြောကြားခဲ့သည်။

ကာဒီနယ်သည် အီတလီနိုင်ငံ၊ ဘိုလိုးညှာဂိုဏ်းချုပ်သာသနာ၏သာသနာပိုင် ဂိုဏ်းချုပ် ဆရာတော်ဖြစ်သည်။ သာသနာပြုနှင့်ဆိုင်သောတမန်တော် အသက်တာကိုကျင့်ကြံရှင်သန်ကြရန် ရဟန်းမင်းကြီးကတိုက်တွန်း ကြောင်း၊ ပိတ်နေသော အနေအထားဖြင့်မဟုတ်ဘဲ ဖွင့်လျှက်အနေအထား၌ရှိရန်လိုကြောင်း၊ လက်ရှိအခြေအနေ၌ မျှော်လင့် ခြင်းကိုခိုင်မာအောင်တိုးမြှင့်လုပ်ဆောင်ရန်လိုကြောင်း၊ ယနေ့ဒဏ်ရာကိုကုစား၍ နက်ဖန်အတွက်မျှော်လင့်ချက်ကိုမွေးမြူရန်၊ ဤနှစ်ခုသည် ယှက်နွယ်လျှက်ရှိသည်ဟုဆိုသည်။

ယနေ့၏ဒဏ်ရာကိုကုစားခြင်းမပြုပါက နက်ဖန်အတွက် မျှော်လင့်ချက်ကိုတည်ဆောက် ရန်မဖြစ်နိုင်ပေ။ ခရစ်ယာန်များသည် ကမ္ဘာကြီးအားကျောမပေးဘဲ မိမိတို့၏ယုံကြည်ခြင်းကိုရှင်သန်ရန် ဧဝံဂေလိကျမ်းစာမှခွန် အားများရယူနိုင်သည်။ ကမ္ဘာကြီးနှင့်အဘယ်သို့မျှ ကျောပေး၍မရ။ ဧဝံဂေလိတရား၏ခွန်အားဖြင့် ကမ္ဘာကြီး၏အလှအပကိုခံ စားရှင်သန်ရင်း လက်ရှိကမ္ဘာကြီးက ကြုံတွေ့နေသော ခက်ခဲသည့်အချိန်ကာလကိုဖြတ်သန်းရမည်။ ဤအချက်ကို ရဟန်းမင်း ကြီးအသားပေးမိန့်ကြားခဲ့ကြောင်းကိုလည်းထည့်သွင်းပြောကြားခဲ့သည်။

ကာဒီနယ်သည် ဤသို့ပြောကြားသော်လည်း လက်ရှိ ကမ္ဘာကြီး၌ဖြစ်ပျက်နေသော အပြောင်းအလဲကိုမူလစ်လျူမရှုခဲ့ပေ။ သူသည် ခက်ခဲသော မိုဇမ်းဘစ်နိုင်ငံ၏ငြိမ်းချမ်း ရေးစကား ၀ိုင်း၌ စိန့်အီဂျီးဒီအိုအဖွဲ့နှင့်ပါ၀င်ဆွေးနွေးခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်က သူအား (၂၀၁၉) ခုနှစ်တွင် ကာဒီနယ်အဖြစ်ရွေးချယ်ခန့်အပ်ခဲ့သည်။     

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3xk0hTz

Add new comment

1 + 0 =