လွိုင်ကော်မြို့ ခရစ္စတူးဘုရင်ဘုရားကျောင်းတော်ကြီးနဲ့ ကျောင်းဝင်းအတွင်းရှိ ဂရုဏာဆေးခန်းကို စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်း

လွိုင်ကော်မြို့ ခရစ္စတူးဘုရင်ဘုရားကျောင်းတော်ကြီးနဲ့ ကျောင်းဝင်းအတွင်းရှိ ဂရုဏာဆေးခန်းကို စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်း

Edit: (ဂရုဏာဆေးခန်း၀န်ထမ်းများ စစ်ဆေးနေဆဲဖြစ်ကြောင်း ၊ ကျေးဇူးပြု၍စိတ်ရှည်ပေးစေလိုပါကြောင်း၊ ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်ကြောင်း ၊ ဆုတောင်းပေးခြင်းဖြင့်သာ ကူညီပေးကြပါရန် သာသနာ့ တာ၀န်ခံ မွန်ဆီညော် ချဲလ်ဆို မှ တိုက်တွန်းနှိုးဆော်ထားပါသည် ။ )

လွိုင်ကော်မြို့ ခရစ္စတူးဘုရင်ဘုရားကျောင်းတော်ကြီးနဲ့ ကျောင်းဝင်းအတွင်းရှိ ဂရုဏာဆေးခန်းကို စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်း"

နိုဝင်ဘာ ၂၂၊ ၂၀၂၁ခုနှစ်။

ဒီကနေ့ မနက်အစောပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယား ခရစ်ယာန်ကျောင်းတိုက်၊ ခရစ္စတူးဘုရင်ဘုရားကျောင်းတော်ကြီးကို စစ်ကောင်စီတပ်တွေ ဝိုင်းထားပြီး ပြင်ပလူ ပေးမဝင်ဘဲ ကျောင်းတိုက်၏အပြင်ဘက်မှာလည်း အသင့်အနေထားနဲ့ တပ်တွေချထားကြောင်းသိရပါတယ်။

ကျောင်းတိုက်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ ဂရုဏာဆေးခန်းရှိ လူနာတွေကို စစ်ကောင်စီတပ်တွေက လွိုင်ကော်ပြည်သူ့ဆေးရုံနဲ့ စစ်ဆေးရုံတွေဆီအတင်းအကျပ် ရွေ့ပြောင်းခိုင်းနေပြီး အခုလက်ရှိ ပရဟိတအသင်းဖြစ်တဲ့ ရွှေလွိုင်ကော်အသင်း ကား(၆)စီးနဲ့ လူနာသဘောဆန္ဒမမေးမြန်းပဲ နေရာပြောင်းရွေ့ ကုသခိုင်းနေကြောင်း သိရပါတယ်။

လက်ရှိမှာ ကျောင်းတိုက်အတွင်းက ဆေးဝန်ထမ်း (၁၇) ဦးခန့်ကို စစ်ကောင်စီတပ်တွေက မတရားဖမ်းဆီးထားကြောင်းလည်း သိရပါတယ်။

လွိုင်ကော်ဂရုဏာဆေးခန်းဟာ လူမျိုးဘာသာမရွေး အား အခမဲ့ ကြည့်ရှုစောင့်ရှောက်ကုသပေးနေတဲ့ ဆေးခန်းဖြစ်ပြီး တစ်ခုတည်းသော အားကိုးရာဆေးခန်းသဖွယ်ဖြစ်တယ်လို့ ဒေသခံအချို့ကဆိုပါတယ်။

ကွာရဲန်တင်းစင်တာမှာလုပ်အားပေးဘို့ အသင်းဂိုဏ်းအသီးသီးမှ သီလရှင်များဟာ မနေ့က ကက်သီဒြယ်ကျောင်းတိုက်သို့ရောက်ရှိလာခဲ့ကြပြီး ဒီနေ့မှာတော့ ယခုလိုအခြေအနေနဲ့ ရင်ဆိုင်ခဲ့ကြရတာဖြစ်ပါတယ်။

ဘုန်းတော်ကြီးများ ၊ သီလရှင်များဟာ ဖမ်းဆီးခံ ဆေးဝန်ထမ်းများဖမ်းဆီးသွားရာနောက်ကို ကူညီပေးရန် လိုက်ပါသွားခြင်းသာဖြစ်ပြီး တခြားမီဒီယာတွေမှာဖော်ပြသလို သူတို့ အဖမ်းခံရတာမဟုတ်ပါဘူးလို့ သာသနာ့ကျောင်းတိုက်အတွင်းပိုင်းနဲ့ အတည်ပြုပြောကြားခဲ့သူ ဘုန်းတော်ကြီးတစ်ပါးမှ သတင်းပို့လာပါတယ်။

လွိုင်ကော်သာသနာဟာ ပြီးခဲ့တဲ့ ၂၀၂၀ ၊ ဒီဇင်ဘာ ၁၆ ရက် ကထဲက ဆရာတော်နေရာ လစ်လပ်နေခဲ့တာပါ။ ဆရာတော်ကြီး Bishop Stephen Tjephe ပျံလွန်ပြီးကထဲက မွန်ဆီညော်ချဲလ်ဆို ဘရွှေဟာ သာသနာ့တာဝန်ခံအဖြစ် တာဝန်အပ်နှင့်ခြင်းခံထားရတာဖြစ်ပါတယ်။

မတရားဖမ်းဆီးခံထားရသူများအားလုံး အမြန်ဆုံးလွတ်မြောက်ရန်အတွက် ဆုတောင်းပေးကြပါစို့။

#rvamyanmar #loikawdiocese

Add new comment

1 + 7 =