မြန်မာပြည် ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအသင်းများရုံးတော် ​

မြန်မာပြည် ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအသင်းများရုံးတော် ​

မြန်မာပြည် ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအသင်းများရုံးတော် ​

(National Office of the Pontifical Mission Societies of Myanmar)

မြန်မာပြည် ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအသင်းများရုံးတော်ကို ၂၀၀၅ ခုနှစ်မှ စတင်ပြီး ခြံအမှတ် ၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်ရှိ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ကျောင်းတိုက် ပရဝဏ်အတွင်းသို့ ပြောင်းရွေ့ဖွင့်လှစ်လာခဲ့သည်မှာ ယနေ့ထိတိုင် ဖြစ်ပါသည်။

ခေတ်အဆက်ဆက်တွင် မြန်မာပြည် ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအသင်းများရုံး၌ တစ်နိုင်ငံလုံးဆိုင်ရာ စီမံညွှန်ကြားရေးမှူးများအဖြစ် ဆက်ကပ်တာဝန်ထမ်းခဲ့ကြသော ဘုန်းတော်ကြီးများမှာ -

(၁) ဘုန်းတော်ကြီး အာရ်ရူးလ် (ရန်ကုန်)

(၂) ဘုန်းတော်ကြီး ဖရန်းစစ်လွန်းဒေါင် (မြစ်ကြီးနား)

(၃) ဆရာတော်ကြီးဖိလစ်ဇာဟောင်း (လာရှိုး)

(၄) ဘုန်းတော်ကြီးပေါလူလို (တောင်ကြီး)

(၅) ဘုန်းတော်ကြီး ကာလစ္စတုစ်စောအယ်မွီး (ပုသိမ်) အစရှိသော ဘုန်းတော်ကြီးအသီးသီးတို့က ဆက်ကပ်အမှုဆောင်ခဲ့ကြပြီး လက်ရှိဆက်ကပ်အစေခံနေသူမှာ

(၆) ဘုန်းတော်ကြီး ဘယ်နဒီးနိုနဲနယ် (လွိုင်ကော်) ဖြစ်ပါသည်။

ရည်မှန်းချက် (Vision)

“ကမ္ဘာ့သာသနာပြုလုပ်ငန်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် တက်ကြွလှုပ်ရှားသော မြန်မာကက်သလစ်သာသနာတော်ကြီး ဖြစ်ပေါ်လာရေးဆီသို့”

(Towards a dynamic Myanmar Catholic Church responding to the call for Universal Church)

လုပ်ငန်းတာဝန်များ (Missions)

မြန်မာပြည် ရဟန်းမင်းကြီးဆိုင်ရာသာသနာပြုအသင်းများသည် အောက်ပါလုပ်ငန်းတာဝန်များကို အမိကက်သလစ်သာသနာတော်ကြီးနှင့်အတူ လက်တွဲလုပ်ဆောင်သွားပါမည်။

(၁) “ယုံကြည်ခြင်းပြန့်ပွါးရေးအသင်း၊ သာသနာပြုကလေးသူငယ်များအသင်း၊ တမန်တော်ကြီးရှင်ပေတရုအသင်းနှင့် သာသနာပြုအစည်းအရုံး” စသည့် ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအသင်းများ၏ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ တိုးတက်ဖြစ်ပေါ်လာရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်သွားမည်။

(၂) ကက်သလစ်ဂိုဏ်းချုပ်/အုပ်သာသနာအတွင်းရှိ စီမံညွှန်ကြားရေးမှူးနှင့် တာဝန်ခံများ၏ တက်ကြွစွာ ပါဝင်ပူးပေါင်းခြင်းနှင့်အတူ ရည်မှန်းချက်များအား အကောင်အထည်ဖော် လုပ်ဆောင်သွားမည်။

(၃) ကက်သလစ်ဘာသာဝင်များကြားတွင် သာသနာပြု အသိစိတ်ဓါတ်များ နိုးကြားရှင်သန်လာစေရေး ဦးတည်လုပ်ဆောင်သွားမည်။

(၄) သာသနာပြုအချင်းချင်း အပြန်အလှန် ဆုတောင်းမေတ္တာပို့သပေးခြင်းကို ဆက်ကပ်လုပ်ဆောင်သွားမည်။

(၅) ကမ္ဘာတစ်လွှား သာသနာပြုနိုင်ရေးအတွက် သူတော်စင်ဘောင်သို့ခေါ်တော်မူခြင်းကဏ္ဍကို တိုးမြှင့်သွားမည်။

(၆) သာသနာပြုလုပ်ငန်းအတွက် လိုအပ်သည့် ပစ္စည်းပစ္စယများနှင့် ငွေကြေးများကို စုဆောင်းကောက်ခံကာ လိုအပ်သလို ထောက်ပံ့ကူညီသွားမည်။

 

“ယုံကြည်၊ ကျင့်ကြံ၊ ဝေမျှသက်သေခံ”

(Believe, Live, and Give)

 

 

Credit: PMS Myanmar (Facebook) 

Add new comment

5 + 4 =