ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်

ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်

ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်

            ယခုနှစ် ဗာတီကန်ရင်ပြင်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes နိုင်ငံမှဖြစ်ကြောင်းကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည်  မကြာသေးမီက  စိန့်ပီတာရင်ပြင်၌ရောက်ရှိနေသော ပီရူးနိုင်ငံမှဘုရားဖူးများအား အသိ ပေးကြေညာခဲ့သည်။

           အဆိုပါ သူငယ်တော်အိမ်၌ သာမန်လူတစ်ဦး၏အရပ်အမောင်းရှိသော ဆင်းတုတော် (၃၀) ခုပါ၀င် မည်ဖြစ်သည်။

     ယခင်နှစ်များအထိ သူငယ်တော်အိမ်များနှင့်ခရစ္စမတ်ထင်းရူးပင်များသည် ဥရောပတိုက်မှသာအဓိက လှူဒါန်းပြင်ဆင်ပေးခဲ့သည်။

ယခုနှစ်ဗာတီကန်ရင်ပြင် (စိန့်ပီတာရင်ပြင်) ၌ထားရှိမည့် သူငယ်တော်အိမ်သည် အမေရိက တိုက်မှပေးပို့သော ပထမဦးဆုံးသူငယ်တော်အိမ်ဖြစ်သည်။

ယခုကဲ့သို့ပေးပို့ရခြင်းမှာ ပီရူးနိုင်ငံလွတ်လပ်ရေးရသည့် နှစ် (၂၀၀) ပြည့်နှစ်ပတ်လည်နှစ်နှင့်လည်းတိုက်ဆိုက်နေသည်။ ခရစ္စမတ်သစ်ပင်ကိုမူ အီတလီနိုင်ငံမြောက်ပိုင်း၊ Trentino မှ လှူဒါန်းမည်ဖြစ်သည်။

ခရစ္စမတ်သစ်ပင်သည် အမြင့်ပေ (၉၈) ပေမြင့်မည်ဖြစ်သည်။ သူငယ်တော်အိမ်နှင့်ခရစ္စမတ်သစ်ပင်ကို လာမည့် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ဖွင့်လစ်သွားမည်ဖြစ်ပြီး၊ နောက်ှ ဇန္န၀ါရီလ (၉) ရက်နေ့အထိထားရှိသွား မည်ဖြစ်သည်။     

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of Rome Reports/ Google images 

https://bit.ly/3mUjuI6

Add new comment

3 + 12 =