ရဟန်းမင်းကြီးဖရန်စစ်က ဆိုးလ်နှင့် နိုင်ရိုဘီ ဂိုဏ်းချုပ်သာသနာများအတွက် ဂိုဏ်းချုပ်ဆရာတော်များခန့်အပ်

ရဟန်းမင်းကြီးဖရန်စစ်က ဆိုးလ်နှင့် နိုင်ရိုဘီ ဂိုဏ်းချုပ်သာသနာများအတွက် ဂိုဏ်းချုပ်ဆရာတော်များခန့်အပ်

ရဟန်းမင်းကြီးဖရန်စစ်က ဆိုးလ်နှင့် နိုင်ရိုဘီ ဂိုဏ်းချုပ်သာသနာများအတွက် ဂိုဏ်းချုပ်ဆရာတော်များခန့်အပ်

 

            မကြာသေးမီက ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် တောင်ကိုးရီးယား၏မြို့တော် ဆိုးလ်နှင့် ကင်ညာ နိုင်ငံ၏မြို့တော် နိုင်ရိုဘီဂိုဏ်းချုပ်သာသနာများအတွက် ဂိုဏ်းချုပ်ဆရာတော်များကို ကြေညာခန့်အပ်ခဲ့သည်။

           ဆိုးလ် ဂိုဏ်းသာသနာ၏ဆရာတော်မှာဆရာတော် Peter Chung Soon-Taick ဖြစ်ပြီး၊ ကာမယ်လိုက်အသင်း မှဖြစ်သည်။ ဆရာတော်သည် ဆိုးလ်ဂိုဏ်းချုပ်သာသနာ၏လက်ထောက်ဆရာတော်အဖြစ် (၂၀၁၃) ခုနှစ်ကပင် အမူ တော်ထမ်းခဲ့သည်။ ဆရာတော်သည် သက်တော် (၆၀) ရှိပြီဖြစ်ပြီး၊ ဇာတိမှာတောင်ကိုရီးယား၏ အရှေ့တောင်ဘက်ရှိ Daegu မှဖြစ်သည်။ သူသည် ဓာတုဗေဒအင်ဂျင်နီယာဘွဲ့ရထားသူဖြစ်သည်။ သူသည် ကာမယ်လိုက်အသင်း၀င်ရဟန်း တစ်ပါးအဖြစ် (၁၉၉၂) နှစ်၌ သိက္ခာထပ်ခဲ့သည်။ သူသည် ရောမ၌ သမ္မာကျမ်းစာအထူးပြုဘာသာရပ်ကို Pontifical Biblical Institute (Biblicum) တက္ကသိုလ်၌ သမ္မာကျမ်းစာကိုလေ့လာသင်ကြားခဲ့သည်။ ကိုးရီးယားနိုင်ငံလုံးဆိုင်ရာ ကာကယ်လိုက်အသင်း၏ ဒေသန္တရအကြီးအကဲအဖြစ်လည်းရွေးချယ်ခံခဲ့ရသကဲ့သို့၊ (၂၀၀၉ မှ ၂၀၁၃) ခုနှစ်အထိ အ‌ရှေ့ ပိုင်းနှင့်ကမ်းရိုးတန်းဒေသ၏တာ၀န်ခံအဖြစ်လည်း ရောမရှိအသင်း၏မိခင်ကျောင်းတော်ကြီး၌အမှုတော်ထမ်းခဲ့ဖူးသည်။    

            ဆိုးလ်ဂိုဏ်းချုပ်သာသနာသည် (၆၇၀၁) မိုင်ကျယ်၀န်းပြီး၊ ဘာသာသူ (၁.၅) သန်းရှိသည်။ ဤကက်သလစ်ဘာ သာတူဦးရေသည် (၂၀၁၇) ၏စစ်တမ်းအရ ဆိုးလ်ပြည်နယ်ရှိလူဦးရေ၏ (၁၅) ရခိုင်နှုန်းရှိသည်။ ပြည်နယ်တစ်ခုလုံး၏လူ ဦးရေမှာ (၉.၉) ရာခိုင်နှုန်းရှိသည်။ (၂၀၁၇) ခုနှစ်အထိ ဆိုးလ်ဂိုဏ်းချုပ်သာသနာအနေဖြင့် ကက်သလစ်ဘုန်းတော်ကြီး ဦးရေ (၁၀၀၀) သာရှိပြီး၊ (၇၅၆) ပါးမှာ သာသနာပိုင်ရဟန်းများဖြစ်ကြသည်။ အမျိုးသား၊ အမျိုးသမီးသူတော်စင်စုစု ပေါင်းမှာ (၂၃၆၇) ပါးရှိသည်။

             ထို့အတူ ရဟန်းမင်းကြီးဖရန်စစ်က နိုင်ရိုဘီဂိုဏ်းချုပ်သာသနာ၏ ဂိုဏ်းချုပ်ဆရာတော်ကိုလည်း ကြေညာခဲ့ သည်။ ဆရာတော် Philip A. Anyolo သည် သက်တော် (၆၅) နှစ်ရှိပြီဖြစ်ပြီး၊ Kisumu ဂိုဏ်းချုပ်သာသနာကို (၂၀၁၈) ခုနှစ်ကပင် တာ၀န်ယူအမှုတော်ထမ်းဆောင်ခဲ့သည်။ ဆရာတော်သည် (၂၀၁၅) ခုနှစ်မှ၍ ကင်ညာနိုင်ငံ၏ ကက် သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဌအဖြစ်ထမ်းဆောင်ခဲ့သည်။ သူသည် ဂိုဏ်းချုပ်ဆရာတော်ဖြစ်မလာမီက (၂၀၀၃ မှ ၂၀၁၈) အထိ Homa Bay ၏ သာသနာပိုင်ဆရာတော်အဖြစ်လည်းကောင်း၊ (၁၉၉၆ မှ ၂၀၀၃) အထိ Kericho သာသနာ၏ဆရာတော်အဖြစ်လည်းကောင်းအမှုတော်ထမ်းဆောင်ခဲ့သည်။ ဆရာတော်သည် Kericho သာသ နာ၏ သာသနာပိုင်အဖြစ်ရွေးချယ်ခံရချိန်၌ သက်တော် (၃၉) နှစ်သာရှိသေးသည်။ သူသည် (၁၉၈၃) ခုနှစ်၌ ရဟန်းသိက္ခာထပ်ခဲ့သည်။ နိုင်ရိုဘီ ဂိုဏ်းချုပ်သာသနာသည် (၁၂၆၃) မိုင်ကျယ်၀န်းပြီး၊ (၂၀၁၉) စစ်တမ်းအရ ကက်သလစ်ဘာသာတူဦးရေမှာ ပြည်နယ်၏လူဦးရေ (၃.၈) သန်းအနက် (၅၀) ရာခိုင်နှုန်းသည် ကက်သလစ်ဘာသာတူများဖြစ်သည်။    

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3qhaVsZ

 

Add new comment

3 + 1 =