မလိဂင်ဒိုင် မိခင်နှင့်ကလေး အထူးကုဆေးခန်းအကြောင်းတစေ့တစောင်း

မလိဂင်ဒိုင် မိခင်နှင့်ကလေး အထူးကုဆေးခန်းအကြောင်းတစေ့တစောင်း

--------------------------------

နို၀င်ဘာလ (၄)ရက် ၂၀၂၁

မလိဂင်ဒိုင်ဆေးခန်းသည် မူလတွင် မြစ်ကြီးနားဂိုဏ်းအုပ်ကက်သလစ်သာသနာတော်မှ ကက်သလစ်ရဟန်းတော်များ၊ ခရစ်ယာန်ကိုရင် သီလရှင်များ၊ ဓမ္မအမှုတော်ဆောင်များ၊ မိဘမဲ့ကလေးများ၊ အသင်းတော်ဘော်ဒါကျောင်းနေကလေးများ၊ စစ်ရှောင်များနှင့် မရှိဆင်းရဲသားများအားကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးနိုင်စေရန်အလို့ငှါမြစ်ကြီးနားကက်သလစ်သာသနာပိုင် (ငြိမ်း)အဖဆရာတော်ဘုရားကြီး ဖရန်စစ်ဒေါ့တန်မှ စတင်တည်ထောင်ပေးခဲ့သော ဆေခန်းတစ်ခုဖြစ်ရာ ထိုအတိုင်းယနေ့ထိတိုင် ဆက်လက်ဆောင်ရွက်

လျှက်ရှိပါသည်။

ထို့အပြင် ၂၀၂၁ ဖေဖော်ဝါရီလမှစတင်၍ အခြေအနေမျိုးစုံကြောင့်ကလေးမွေးရန် ဆင်းရဲခက်ခဲသော လူမျိုးဘာသာမရွေးသော မိဘညီအစ်ကိုမောင်နှမများအားဖေးမ ကူညီပေးရန်ရည်ရွယ်ပြီး မိခင်နှင့်ကလေးအထူးကုသစောင့်ရှောက်ရေးဆေးခန်းအဖြစ်သို့ တိုးချဲပြောင်းလဲဆောင်ရွက်လိုက်ခြင်းပင်ဖြစ်ပါသည်။

အဆင်ပြေသူများအား စရိတ်မျှ လက်ခံဆောင်ရွက်ပေးသည်။လုံးဝခက်ခဲသူများအား အလှူရှင်များနှင့်ချိတ်ဆက်ပေးကာ ကုသပေးပါသည်။ခက်ခဲသူတွေအတွက် အကယ်၍ အလှူရှင်ရှာမရလျှင် ဆေးခန်းမှ အခမဲ့ဝန်ဆောင်မှုပေးသည်

(အကန့်သတ်ဖြင့်)။

ကလေးမွေးရက်နီးလာသော်လည်း မွေးစရိတ်မရှိသူ ကိုယ်ဆောင်မိခင်မြောက်များစွာရှိပါသောကြောင့်ငွေကြေးကူညီလိုသူများ မလိဂင်ဒိုင်ဆေးခန်းသို့ ဆက်သွယ် ကူညီလှူဒါန်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

ကံကောင်းထောက်မစွာ လူလာဖြစ်ခွင့်ရသော်လည်း ငွေကြေးအခက်ခဲကြောင့် ကောင်းမွန်စွာ၊ လုံခြုံအေးချမ်းစွာ မွေးခွင့်မရသောသူများအား လူသားချင်းစာနာမှုအပြည့်နှင့် ဖေးမရိုင်းပင်းကူညီပေးကြပါစို့လားချစ်မိတ်ဆွေတို့………

“စိတ်ကောင်းနှလုံးကောင်းရှိသူတို့အား

မင်္ဂလာရှိစေသတည်း” (ရှင်လုကာ ၂:၁၄)

လှူဒါန်းရန် လိပ်စာ

မလိဂင်ဒိုင်ဆေးခန်း

တိုက်အမှတ်(၂၇)၊ အောင်နန်းရပ်ကွက်၊

မြစ်ကြီးနားမြို့။

ဖုန်း- ☎️-ဆေးခန်းဖုန်း- 09761269501

စစ္စတာရ်အေဲန်းရော်ဇား နူးတောင်- 09401505830

- 09784227642

- 09756327915

ဖာသာရ် ဂျိုးဇက်လနူး - 09774405921

ဆရာအန်ထော်နီ ခွန်းမြတ် -09459460240

-09762333275

Catholic Health Commission- Myitkyina Diocese page မှ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

 

Add new comment

16 + 0 =