အပြုံးတစ်ပွင့်က ဖျားနာသူတစ်ယောက်အတွက် တစ်နေ့တာအားဆေးဖြစ်စေနိုင်သည် ဟု ပုပ်ဖရန်းစစ်မိန့်ကြား

အပြုံးတစ်ပွင့်က ဖျားနာသူတစ်ယောက်အတွက် တစ်နေ့တာအားဆေးဖြစ်စေနိုင်သည် ဟု ပုပ်ဖရန်းစစ်မိန့်ကြား

နို၀င်ဘာ (၇)ရက် ၂၀၂၁

လွန်ခဲ့သော သောကြာနေ့၌ ပုပ်ရဟန်းမင်းကြီးဖရန်းစစ်သည် ရောမရှိ ဂါမီလီကက်သလစ်တက္ကသိုလ်တွင် ဖွင့်လစ်ထားသော ယေဇူးရွှေနှလုံးတော် ခွဲစိပ်ဆေးရုံ၏ နှစ် (၆၀)ပြည့် အထိမ်းအမှတ်ဖြစ် မစ္ဆားတရား ဦးဆောင်ပူဇော်ပေးခဲ့သည်။

"ယေဇူးရွှေနှလုံးတော်ကို အပ်နှံထားသော ဒီဆေးရုံကြီးမှာ ကျွန်ုပ်တို့ ဒီနေ့တွက် စကားသုံးခွန်းကိုထောက်ရှုကြရအောင် မှတ်ဉာဏ်ရယ် သနားကြင်နာခြင်းရယ် နှစ်သိမ့်ပေးခြင်းပေါ့" ဟု သူ၏ ဩဝါဒကို အစချီဟောကြားခဲ့သည်။

"ခရစ်တော်ဘုရားရဲ့ နှလုံးတော်က အဆက်မပြတ်ချစ်ခြင်းမီးတွေနဲ့တောက်လောင်နေတယ်... အဲ့ဒီအရာတွေကို ခံစားတတ်အောင်လုပ်ရပါမယ် ယနေ့ ကမ္ဘာကြီးဟာ ကျွန်ုပ်တို့ရဲ့ နှလုံးသားတွေကို မာကျောအောင်လုပ်နေတယ် လွယ်လင့်တကူ မသနားတတ်အောင် မချစ်‌တတ်အောင်လုပ်နေတယ် ခရစ်တော်ဘုရားကတော့ သူ့ရဲ့ အဆုံးမဲ့ချစ်ခြင်းကို ယုံဖို့ အချစ်ခံတတ်ဖို့ မိန့်မှာနေတယ်" ဟု သူမိန့်ကြားခဲ့သည်။

သူက ဆက်လက်၍

"ကျွန်ုပ်တို့တတွေ ကျွန်ုပ်တို့ရဲ့ကောင်းကြောင်းတွေကြားရတဲ့အခါ မမျှော်လင့်ဘဲရတဲ့ သူများရဲ့အပြုံးတွေ အကူညီတွေရတဲ့အခါ ဘယ်လိုခံစားရလဲဆိုတာ တစ်ချက်လောက်ပြန်စဉ်းစားကြည့်ပါ အဲ့ဒါတွေဟာ အချစ်တွေနဲ့ထုပ်ပိုးထားတာပဲ ဒါတွေဟာ ကျွန်ုပ်တို့ရဲ့မှတ်ဉာဏ်ထဲကျန်ခဲ့တယ် ဒါတွေဟာ ကျွန်ုပ်တို့ကို ချစ်တတ်စေတယ် ကျွန်ုပ်တို့ကို ထိစေတယ်မဟုတ်လား " ဟု ဟောကြားခဲ့သည်။

"သစ်ပင်တွေဟာ အမြစ်မရှိရင်အသက်မရှိနိုင်ဘူး ကျွန်ုပ်တို့ရဲ့ နှလုံးသားတွေလည်း အမြစ်ဖြစ်တဲ့ယေဇူး‌ရွှေနှလုံးတော်နဲ့ မဆက်နွယ်ရင် အသက်မရှင်နိုင်ဘူး သူတစ်ပါးကိုချစ်နိုင်ဖို့ဆိုတာ အရင်ဆုံး ဘုရားအချစ်ကို လိုလိုလားလားခံယူရပါတယ် ကျွန်ုပ်တို့ရဲ့ ‌လုပ်ရဲ့ကိုကြည့်ပြီး ဘုရားအချစ်ဟာ အနည်းများပြောင်းလဲသွားတာမျိုးမဟုတ်ဘဲ အမြဲချစ်နေတဲ့ဘုရားပါ ကျွန်ုပ်တို့တွေ မရေမတွက်နိုင်တဲ့အခက်ခဲတွေ ကြုံမှာပါ ဒါပေမယ့် ဘုရားသခင်ကို ကျွန်ုပ်တို့ပြသနာထက်ကြီးမြတ်တယ် သူ့ရဲ့ အဆုံးမရှိတဲ့အချစ်တွင်းထဲကို ကိုယ်တော်မြတ်စက္ကရာမင်တူးရှေ့ လိုလိုလားလားစိမ်လိုက်ပါ" ဟု ပုပ်ရဟန်းမင်းကြီး မိန့်ကြားတော်မူခဲ့သည်။

လွန်ခဲ့သောလ အနည်းငယ်ကမှ ခွဲစိပ်ကုသမှုခံရထားသူ ပုပ်ဖရန်းစစ်သည်လည်း ဤဆေးရုံ၌ ခွဲစိပ်ကုသခံထားခြင်းဖြစ်ပြီး သူဖျားနာစဉ် ကူညီပေးကြသူများအားလုံးကို ကျေးဇူးတင်ကြောင်းမိန့်ကြားခဲ့သည်။

Credit to 1001NEWS

https://bit.ly/3bRN6zl 

Add new comment

3 + 1 =