ပုပ်ဖရန်စစ်နှင့်တွေ့ရန် ရာနှင့်ချီသော လူသရင်နှင့်ကက်သလစ်ညီအကိုမောင်နှမများ စုပေါင်း ဘုရားဖူးထွက်

ပုပ်ဖရန်စစ်နှင့်တွေ့ရန် ရာနှင့်ချီသော လူသရင်နှင့်ကက်သလစ်ညီအကိုမောင်နှမများ စုပေါင်း ဘုရားဖူးထွက်

ပုပ်ဖရန်စစ်နှင့်တွေ့ရန် ရာနှင့်ချီသော လူသရင်နှင့်ကက်သလစ်ညီအကိုမောင်နှမများ စုပေါင်း ဘုရားဖူးထွက်

 

လူသာရင်အသင်းတော်မှ ညီကိုမောင်နှမများနဲ့ကက်သလစ်များစုပေါင်းပြီး ရောမမြို့တော်သို့ ဘုရားဖူးခရီးစဉ်တစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ သူတို့အဖွဲ့လေးရဲ့ ခရီးစဉ်အမည်ကိုတော့ “လူသာ တို့နဲ့ပါပါးဆီသို့” လို့အမည်ပေးလိုက်ကြတာပါ။ ပုပ်ဖရန်စစ်ကို တွေ့ဘို့အလှည့်ကျတဲ့အခါမှာတော့ ဒီအဖွဲ့ဟာ မြူးစစ်သံစဉ်များနဲ့နူတ်ဆက်ခဲ့ကြပါတယ်။

ချစ်လှစွာသော ပါပါး၊ ချစ်ခင်ရပါသော ခရစ်တော်၌ညီအကိုမောင်နှမတို့ ဆိုပြီး ဉီးဆောင်သူက အစချီနုတ်ဆက်ခဲ့တာပါ။

ယခုလိုပူးပေါင်းစုစည်းကာအတူတကွ ဘုရားဖူးခရီးပြုခြင်းကို ပါပါးဖရန်စစ်က သံစုံကွိုင်ယာမှာ အတူတကွ သီဆိုကြခြင်းနဲ့ အခုလိုနှိုင်းပြမြွက်ကြားခဲ့ပါတယ်။

“သံစုံကွိုင်ယာမှာ၊ တစ်ယောက်မှ အထီးကျန်မနေပါဘူး။ တစ်ဦးတစ်ယောက်က နောက်တစ်ယောက်ကို နားထောင်တတ်ဘို့ဟာလည်း အရမ်းကို အရေးကြီးတဲ့အရာဖြစ်တယ်။ အဲ့ဒီလို စိတ်ပါပါနဲ့ နားထောင်တတ်ခြင်းမျိုးကို အသင်းတော်ကြီးအတွက် ကျွန်ုပ်လိုချင်လိုက်တာ၊ ကျင်းပနေဆဲ ညီလာခံကြီးရဲ့ အစီအစဉ်တွေကို ကျွန်ုပ်တို့ လိုက်နာသင်ယူနေကြတုန်းပါ။ သီချင်းတစ်ပုဒ်ကနေ အသံစုံထွက်လာပါတယ်။ ဒါဟာလည်း ဂျာမနီနဲ့ တခြားကမ္ဘာ့နေရာအနှံ့တိုင် သာသနာတော်ကြီး တစ်လုံးတစ်ဝတည်းဖြစ်ရေးဆိုတဲ့ အယူအဆလိုပါပဲ” လို့ဆိုပါတယ်။

“အတူတကွခရီးပြုခြင်းသည်ကောင်းပေစွ” ဆိုတဲ့ဘုရားဖူးခရီးစဉ်ရဲ့ ဆောင်ပုဒ်အတွက်ကျေးဇူးတင်ရင်း ဘုရားဖူးပရိတ်သတ်များကို ပါပါးဖရန်စစ်က ၎င်းတို့အဖွဲ့ကို နူတ်ဆက်ကာထွက်ခွာသွားခဲ့ပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of NPR

 https://bit.ly/3EkoDyO

Add new comment

1 + 16 =