အီတလီမှ ခရစ်ယာန်သွေးလှူရှင်အသင်းက ပုပ်ဖရန်စစ်အား အသင်း၀င်အဖြစ်ဂုဏ်ပြုလက်မှတ်ချီးမြှင့်

အီတလီမှ ခရစ်ယာန်သွေးလှူရှင်အသင်းက ပုပ်ဖရန်စစ်အား အသင်း၀င်အဖြစ်ဂုဏ်ပြုလက်မှတ်ချီးမြှင့်

အီတလီမှ ခရစ်ယာန်သွေးလှူရှင်အသင်းက ပုပ်ဖရန်စစ်အား အသင်း၀င်အဖြစ်ဂုဏ်ပြုလက်မှတ်ချီးမြှင့်

ဤဘုရားဖူးအဖွဲ့သည် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်အားဖူးခွင့်ရရန် အီတလီတောင်ပိုင်းမှရောမမြို့သို့ရောက်ရှိလာ ခြင်းဖြစ်သည်။ ရဟန်းမင်းကြီးအား အထူးလက်ဆောင်တစ်ခုကိုလည်းပေးရန်စီစဉ်ထားသည်။ ၄င်းတို့အဖွဲ့ကို ‘Fratres San Cassiano’ ဟုခေါ်သည်။ ဤအဖွဲ့၏ဥက္ကဌဖြစ်သူ Maria Chiara Loti က ‘ရဟန်းမင်းကြီး၏ ဘုရားဖူးများနှင့်တွေ့ဆုံ ပွဲသို့ရောက်ရှိလာရခြင်းမှာ ရဟန်းမင်းကြီးအား ဂုဏ်ပြုမှတ်တမ်းတစ်စောင်ပေးရန်ဖြစ်ကြောင်း၊ ထိုဂုဏ်ပြုမှတ်တမ်းလွှာ သည် ‘Fratres San Cassiano’ ၏အဖွဲ့၀င်အဖြစ်သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ဤအဖွဲ့သည် ‘သွေးလှူရှင်’ အသင်းဖြစ် ကြောင်း၊ ၄င်းတို့၏ဒေသထွက် အထူးလက်ဆောင်ကိုလည်းပေးခဲ့ကြောင်း၊ သူနှင့်ဆုံဆည်းပြီးစကားပြောဆိုရ၊ ရင်းနှီးစွာ လက်ဆွဲနုတ်ဆက်ခွင့်ရသောကြောင့် အလွန်ဂုဏ်ယူမိကြောင်း၊ ရဟန်းမင်းကြီးနှင့်တွေ့ဆုံစဉ် ‘ကျွန်တော့သွေးကိုဖောက် ယူသွားဖို့ အပ်ရောပါလာသလား’ ဟု သူ၏အကျင့်အတိုင်းပင် အဖွဲ့သားများအားလည်း ရယ်စရာအရွှန်းဖောက်ခဲ့ ကြောင်း၊ အဖွဲ့သားများကလည်း ‘ပါကြောင်း’ ပြန်ဖြေ၍ပွဲကျသွားခဲ့ရကြောင်းနှင့် ရဟန်းမင်းကြီးနှင့်တွေ့ဆုံခဲ့ရသည့်အမှတ် တရကိုပြန်လည်ပြောပြပါသည်။

ဆက်လက်၍သူက ‘ကျွန်မတို့သည် သွေးလှူဒါန်းသင့်ကြောင်း၊ သွေးလှူဒါန်းခြင်းသည် အသက်ကိုလှူဒါန်းခြင်းဖြစ်ကြောင်း၊ မည်သည့်မျှော်လင့်ချက်မျှမထားဘဲ လှူဒါန်းခြင်းဖြစ်ကြောင်း၊ ဤအကြောင်းကို လည်း ရဟန်းမင်းကြီးဖရန်စစ်၏ ယနေ့ထောက်ရူချက်ထဲတွင်လည်းပါသွားကြောင်း’ ဖြင့်သွေးလှူဒါန်းကြရန် အားပေး တိုက်တွန်းခဲ့ပါသေးသည်။

ဤအဖွဲ့သည် ခရစ်ယာန်ကရုဏာရေးအသင်းအဖွဲ့ဖြစ်သည်။ အီတလီတစ်ခွင်၌ သွေးလှူဒါန်း လိုသူများ၊ ကိုယ်အင်္ဂါလှူဒါန်းလိုသူများအား စီစဉ်ချိပ်ဆက်ပေးလေ့ရှိသည်။ ရဟန်းမင်းကြီးပင်လျှင် သွေးလှူနေဟန်ရှိ သည်။ ရဟန်းမင်းကြီး၏ထောက်ရူချက်ထဲ၌ ရဟန်းမင်းကြီးက ခရစ်ယာန်များသည် အခြားသူများအား လွတ်လပ်စွာ အစေခံရန်အကြောင်းကိုမိန့်ကြားခဲ့သည်။ ဤရောဂါကပ်ဆိုးကြောင့် သွေးလှူဒါန်းသူဦးရေများစွာကျဆင်းခဲ့သည်။ ယခု အခါရဟန်းမင်းကြီးသည် သွေးလှူဒါန်းခြင်းကိုပြု၍ လူ့အသက်ကိုကယ်တင်ရန် အားပေးတိုက်တွန်းလျှက်ရှိသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of Rome Reports

 

https://bit.ly/3bcxAhq

Add new comment

13 + 3 =