Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင် ၏ တစ်ပြည့်အတွက် အောက်မေ့သတိရဆုတောင်းခြင်း ။
ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင် ၏ တစ်ပြည့်အတွက် အောက်မေ့သတိရဆုတောင်းခြင်း ။
(၂၄.၁၀.၂၀၂၁) RVA Myanmar
ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင် ပျံလွန်တော်မူခြင်း တစ်နှစ်ပြည့် အောက်မေ့သတိရဆုတောင်းခြင်း ကို (၂၄.၁၀.၂၀၂၁) နံနက် (၁၀) နာရီ က နန်းရှေ့ ဒွန်ဘောစကို ဘုရားကျောင်းတွင် ကချင်မိသားစုများက ဦးဆောင်ကာ ပူဇော်ကျင်းပခဲ့ပါသည်။ ကချင်ဘုန်းတော်ကြီး Rev. Fr. Philip Naw Aung က ဦးဆောင်၍ Rev. Fr. Bosco Bo Bo က ဩဝါဒ မြွတ်ကြားခဲ့ပါသည်။
Fr. Bosco Bo Bo မှ ဩဝါဒ မြွတ်ကြားရာ၌ '' သာသနာပြန့်ပွားရေး တနင်္ဂနွေနေ့နှင့်အတူ ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင်အတွက်လည်း ဆုတောင်းပွဲကို ကျင်းပနေကြခြင်းဖြစ်ကြောင်း၊ ကက်သလစ် ခရစ်ယာန်များသည် မိမိကိုယ်ကို ချိုးဖဲ့ဖို့လိုအပ်ကြောင်း၊ တစ်ပါးသူတွေအပေါ် ဝေမျှပေးဖို့လိုအပ်ကြောင်း၊ မိမိတို့ရဲ့ အပြစ်တွေကို ကုသဖို့လိုအပ်ကြောင်း၊ကိုယ့်ဘဝကို ကိုယ့်မိသားစု ၊သာသနာအတွက် ပေးဆပ်တဲ့ သူတွေဖြစ်ဖို့ရန် လိုအပ်ကြောင်းများကို ဥပမာများနှင့်တကွ ဝေငှပြောကြားခဲ့ပါသည်။ ဆက်လက်ပြီးလည်း ဝိညာဉ်တစ်ခုရဲ့ တန်ဖိုးဟာ ကမ္ဘာစင်္ကြာဝဠာတစ်ခုလုံးထက် ပို၍ တန်ဖိုးရှိတဲ့အတွက် ကျနော်တို့ဟာ အုပ်စုတစ်ခုမှာ ဘာသာတူ တစ်ယောက်ပဲရှိပါစေ သာသနာပြုဖို့လိုအပ်ကြောင်း၊ ဆရာပေါလ်ဟာ ကျွန်ုပ်တို့တတွေကို သွန်သင်ပေးခဲ့ကြောင်း ၊ လမ်းပြပေးခဲ့ကြောင်း၊ ဆရာတော်ဟာ ကောင်းကင်နိုင်ငံမှာ ရောက်ရှိနေပြီဖြစ်တဲ့အတွက် ကျွန်ုပ်တို့က ဆရာတော်အတွက် ဆုတောင်းပေးရမှာမဟုတ်ဘဲ ကျွန်ုပ်တို့က ဆရာတော်ထံမှာ ဆုတောင်းရန် လိုအပ်ပြီး ဆရာတော် ဆုံးမသွန်သင်ခဲ့တဲ့ စကားများကို ပြန်လည်အောက်မေ့သတိရပြီး ရှင်သန်ဖို့လိုအပ်ကြောင်း ၊ ဆရာတော်ပြခဲ့သည့် လမ်းစဉ်များအတိုင်း လျှောက်လှမ်းဖို့ရန် လိုအပ်ကြောင်းများကို တိုက်တွန်းမြွတ်ကြားခဲ့ပါသည်။
ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင်၏ တစ်နှစ်ပြည့် အောက်မေ့သတိရဆုတောင်းခြင်းကို ရွှေနှလုံးတော် ကက်သီဒြယ်ဘုရာကျောင်း၌လည်း သာသနာပြန့်ပွားရေး တနင်္ဂနွေမစ္တားနှင့်အတူ ပူဇော်ကျင်းပခဲ့ပါသည်။
ဆရာတော်ကြီး ပေါလ် ဇိန်ထုန်းဂရောင်သည် မြန်မာပြည် ကချင်လူမျိုးများ၏ ပထမဦးဆုံး ရဟန်းတစ်ပါးဖြစ်သလို ပထမဦးဆုံး ဆရာတော်တစ်ပါးလည်း ဖြစ်ပါသည်။ ဆရာတော်ကြီးပေါလ်သည် (၂၀၂၀ ခုနှစ် ၊ အောက်တိုဘာလ(၂၄) ရက်) နေ့ က မန္တလေးမြို့တွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပါသည်။
Photos News - Pinky
Add new comment