အမေဇုံဒေသအတွက် ဆရာတော်အဖွဲ့တစ်ဖွဲ့ကိုသီးသန့်ဖွဲ့စည်းရန် ဗာတီကန်မှသဘောတူလိုက်

အမေဇုံဒေသအတွက် ဆရာတော်အဖွဲ့တစ်ဖွဲ့ကိုသီးသန့်ဖွဲ့စည်းရန် ဗာတီကန်မှသဘောတူလိုက်

အမေဇုံဒေသအတွက် ဆရာတော်အဖွဲ့တစ်ဖွဲ့ကိုသီးသန့်ဖွဲ့စည်းရန် ဗာတီကန်မှသဘောတူလိုက်

            ရဟန်းမင်းကြီးဖရန်စစ်သည် အမေဇုံအစည်းအ‌ဝေးကြီးမှတင်ပြလာသော နောက်ဆုံးစာတမ်းကိုဖော် ဆောင်ရန်၀ါယမစိုက်ထုတ်နေခဲ့သည်။ ထိုတင်ပြချက်ကား အမေဇုံဒေသအတွက်ဇောက်ချလုပ်ဆောင်နိုင်ရန်  အမြဲ တမ်းကိုယ်စားလှယ်ဆရာတော်အဖွဲ့ဖွဲ့စည်းရန်ဖြစ်သည်။ အမေဇုံဆရာတော်ကြီးများအဖွဲ့ကို (၂၀၂၀၊ ဇွန်) လကဖွဲ့ စည်းခဲ့ပြီးယခုမှာမူ တရား၀င်အတည်ပြုလိုက်ပြီးဖြစ်သည်။    

            ဤသို့ဖွဲ့စည်းလိုက်ခြင်းနှင့်ပတ်သက်၍ အမေဇုံဆရာတော်ကြီးများအဖွဲ့၏ အထွေထွေအတွင်းရေးမှူးဖြစ် သော MAURICIO LÓPEZ က ဒေသဖွံ့ဖြိုးရေးကိုပိုမိုလုပ်ဆောင်ရန် ဖြည့်ဆွက်လိုက်သည့်သဘောဖြစ်သည်။ ဥပမာ အားဖြင့် အမေဇုံတက္ကသိုလ်သည် ဒေသ၌လိုအပ်သောမျိုးစိပ်များကိုလေ့လာဖော်ထုတ်ရန်နှင့်အမေဇုံဒေသ၏ထုံး တမ်းသည်များပြားပြီး၊ ဗာတီကန်၏ကိုယ်စာလှယ်များနှင့်အချိပ်အဆက်ရှိသည်။ ထို့ကြောင့် သီးသန့်ဖွဲ့စည်းပုံလို အပ်သည်။ အမေဇုံအဖွဲ့သည် ဆရာတော်ကြီးများအဖွဲ့ဟုဆိုသော်လည်း ဆရာတော်ကြီးများသာပါ၀င်နေသည်မ ဟုတ်။ ထိုဒေသမှရဟန်းတော်များ၊ သာမန်ဘာသာတူများ၊ သာသနာပြုများလည်းပါ၀င်သည်။

မိမိတို့ဖြစ်စေချင်သော အနေအထားမျိုးဖြစ်လာရန်ဖိအားပေးမှုများရှိနေကြသည်။ သို့သော် စာရွက်စာတမ်းများကိုသေချာစွာရေးသားထုတ် ဝေလာသောအခါ စိတ်၀င်စားစရာ၊ ကျေနပ်ဖွယ်ရာဖြစ်ပေမည်။ ထိုစာရွက်စာတမ်းများကိုလည်း ရဟန်းမင်းကြီးမှ စီစစ်တည်းဖြတ်ပြီးနောက်မှသာအတည်ပြုမည်။ သို့ဖြင့် အလွန်တရာခေါင်ခိုက်သောကမ္ဘာဆီသို့ ဧ၀ံဂေလိတရားကို ဟောပြောကြမည်ဖြစ်သည်ဟုဆိုသည်။ 

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2ZeXajz

Add new comment

2 + 11 =