မနီလာမှ သက်ကြီးသီလရှင် (၈) ပါး ကိုဗစ်ဖြင့်ပျံလွန်သွားခဲ့

မနီလာမှ သက်ကြီးသီလရှင် (၈) ပါး ကိုဗစ်ဖြင့်ပျံလွန်သွားခဲ့

            မနီလာရှိ မယ်တော်မာရီယားသီလရှင်အသင်းမှ ၄င်းတို့၏သက်ကြီးသီလရှင် (၈) ပါး ကိုဗစ် ဖြင့်ပျံလွန်ကြောင်းတရား၀င်ထုတ်ပြန်ကြေညာခဲ့သည်။ ပျံလွန်သွားသောသီလရှင်များသည် သက်တော် (၈၀) နှင့်(၉၀) ကြား ရှိသူများဖြစ်ကြောင်း၊ ယခုပျံလွန်သွားကြသောသီလရှင်များသည် အစောပိုင်းက သီလရှင် (၆၂) ပါးကိုဗစ်ပိုးကူးစက် ခံထားရကြောင်းကြေညာ ထားခဲ့သူများအနက် မှဖြစ်သည်။ ၄င်းတို့၏သီလရှင်ကျောင်းသည် ဖိလစ်ပိုင်၏မြို့တော်တွင် ရှိသည်။     

            သီလရှင်အသင်း၏ပြော‌ရေးဆိုခွင့်ရှိသူဖြစ်သည့် စစ္စတာရ် Ma. Anicia Co, RVM က သီလရှင် ကျောင်း၏၀န် ထမ်း (၅၂) ဦးမှာလည်း ရောဂါခံစားနေရကြောင်း၊ သို့သော်၀န်ထမ်းများသည် ငယ်ရွယ် သေးသောကြောင့်ပြန်လည် ကျန်းမာလာနေကြကြောင်း၊ အချို့သည် သက်သာပျောက်ကင်းသွားကြပြီ ဖြစ်သော်လည်း စိတ်မကောင်းစွာဖြင့် ဤ သက်ကြီးသီလရှင် (၈) ပါးမှာမှု ကောင်းဘုံရှိအဖအိမ်တော်သို့ ပြန်သွားကြပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ပိုးကူးစက်မှုမြင့်တက်သွားရသည့်အကြောင်းအရင်းမှာ ကာကွယ် ဆေး ထိုးနှံရန်အတွက် လက်မခံကြသောကြောင့်ဖြစ်ကြောင်း၊ အချို့ သီလရှင်များနှင့်၀န်ထမ်းများမှာ ပြီးခဲ့သော မေလ ကပင် ကာကွယ်ဆေးထိုးခဲ့ကြကြောင်း၊ သို့သော် ယခုပျံလွန်သွား သောသီလရှင် အိုများမှာ ကာကွယ်ဆေးမထိုးခဲ့ရပေ။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့သည် ထိုစဉ်ကပင်နေထိုင်မ ကောင်းနေပြီဖြစ်သည်။

            ကာကွယ်ဆေးထိုးခြင်း၊ မထိုးခြင်းသည် အသင်း၏ဆုံးဖြတ်ချက်မဟုတ် သကဲ့သို့ သက်ကြီး သီလရှင်များအား စောင့်ရှောက်သောဂေဟာ၏တာ၀န်ခံသီလရှင်မှဆုံးဖြတ်ပေးရမည်လည်းမဟုတ်ပါ။ ကာကွယ်ဆေးထိုးခြင်းကို တာ၀န် ခံသီလရှင်က နောက်ပိုင်းမှသာစီစဉ်ပေးခဲ့သည်။ ၄င်းတို့၏သီလရှင် များအားလုံး အမြန်ဆုံးပြန်လည်နေကောင်းကျန်း မာလာစေရန်နှင့်ကျောင်းအတွင်းရှိ မကျန်းမမာ ဖြစ်နေသောသူများအား အလုပ်အကျွေးပြုနိုင်ရန် ဘုရားသခင်သည် ကျန်သောသူများအား ကျန်းမာ ခြင်းကောင်းကြီးသွန်းလောင်းပေးရန်ဆုတောင်းပေးကြပါဟု Radio Veritas 846 သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းဖြေကြားခဲ့သည်။

              လက်ရှိ၌ ကိုဗစ်ကူးစက်မူသည် မနီလာမြို့ရှိ Divine Word (ဘုရားသခင်၏နှုတ်တော် ထွက်စကား) ဘုန်း တော်ကြီးများအသင်း၏ ရဟန်းဖြစ်သင်ကျောင်း၌လည်း ကူးစက်မူဆိုးဝါးခဲ့သည်။ ကျောင်းတွင်းနေထိုင်သူ (၅၉) ဦး အနက် (၂၅) ဦးခန့်ကူးစက်နေကြောင်းစစ်ဆေးတွေ့ရှိခဲ့သည်။ ၄င်းတို့တွင် ကျောင်းတွင်းသီတင်းသုံးနေသောဘုန်း တော်ကြီး (၉) ပါးနှင့်၀န်ထမ်း (၁၆) ဦးတို့ပါ ၀င်သည်။ အဆိုပါပိုးကူးစက်ခံလူနာ (၂၅) ဦးအနက် စောစီးစွာကူးစက်ခံ ရသော ဘုန်းတော်ကြီး တစ်ပါးနှင့်ရဟန်းလောင်းကျောင်းသားတစ်ပါးပျံလွန်သွားခဲ့ကြောင်း အစိုး၏ကျန်းမာရေး၀န် ကြီးဌာနကထုတ်ပြန်ခဲ့သည်။ ပိုးကူးစက်ခံရသော ဘုန်းတော်ကြီးများမှ သက်ကြီးဘုန်းတော် ကြီးများသာဖြစ်ကြောင်း နှင့်၄င်းတို့အားပြုစုရသော ရဟန်းလောင်းကျောင်း သားအချို့ကူးစက် ခံခဲ့ရကြောင်း ရဟန်းဖြစ်တက္ကသိုလ်၏ကျောင်း အုပ်ဘုန်းတော်ကြီး Pablito Tagura ကပြောပါသည်။ ကူးစက်ခံရသူအားလုံး ဆေးရုံတက်၍ကုသမူခံယူရမည့်အဆင့် မရှိသူများလည်းရှိကြောင်း၊ များသောအားဖြင့်သက်သာပျောက်ကင်းသွားကြပြီဖြစ်ကြောင်း၊  ကူးစက်ခံရသူများအား လုံးကိုမူ ကွာရန်တင်း၀င်စေခဲ့ကြောင်းပြောကြားခဲ့သည်။

            အစောပိုင်းက အာဏာပိုင်များ၏သတင်းထုတ်ပြန်ချက်အရ ဖိလစ်ပိုင်မြို့တော်အတွင်းရှိ ဘာသာရေးကျောင်း (၃) ကျောင်းဖြစ်သော Stella Maris၊ the Virgin Mary convent၊ the Convent of the Holy Spirit တို့ကိုမူလောဒ့်ဒေါင်းချ ထားကြောင်းထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သော ဗုဒ္ဓဟူးနေက သတင်းထုတ်ပြန်ချက်အရ ဖလစ်ပိုင်၌ ကိုဗစ်ပိုးတွေ့လူနာသစ် (၁၅၅၉၂) ဦးရှိကြောင်း၊ ထိုကြောင့် ကပ်ရောဂါဆိုးစတင်ဖြစ်ပွားချိန်မှ ယခုထိဆိုလျှင် ပိုးကူးစက်လူနာပေါင်း (၂၄၁၇၄၁၉) ဦး ရှိပြီဖြစ်ကြောင်း၊ ၄င်းတို့အနက် (၁၆၂၅၈၀ (သို့) ၆.၇) ရာခိုင်နှုန်းသည် ဆိုးဝါး သောအခြေအနေရှိကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ ဖိလစ်ပိုင်သည် ကိုဗစ်ကူးစက်ရောဂါအားလုံးထွေးသတ်ပုတ်ရသော အာရှနိုင်ငံများအနက်အဆိုးဆုံး ဖြစ်သည်။ ဗီဇပြောင်းရောဂါပိုကိုလည်းတွေ့မြင်နေရသည်။ ရောဂါကြောင့်သေဆုံးသူများ (၃၇၂၂၈) အထိရှိခဲ့သည်။   

ဘာသာပြန် - ဖာသာရ် ကလေးမင်းအားတယ် 

https://bit.ly/3l4wPfW

Add new comment

3 + 2 =