Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
စိန့် Junipero Serra ၏ဆင်းတုတော်ကိုပြန်လည်ထားရှိရေး ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ် ရေးမှူး လက်မှတ်ရေးထိုး
စိန့် Junipero Serra ၏ဆင်းတုတော်ကိုပြန်လည်ထားရှိရေး ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ် ရေးမှူး လက်မှတ်ရေးထိုး
ဆရာတော်ကြီးများ၏စာ၌ ‘ဤရဟန္တာသည် အမေရိကန်ဒေသခံများအတွက် မှတ်တိုင်သစ် တစ်ခုဖြစ်ခဲ့သော်လည်း ဥပဒေ က ‘အမေရိကန်နိုင်ငံအတွက်မဟုတ်။ ကယ်လီဖိုးနီးယားပြည်နယ် အ တွက်သာဖြစ်သည်’ ဟုလှောင်ပြောင်နေသည်’ ဟု စိန့် Junipero Serra ၏ဆင်းတု တော်နှင့် ပတ် သက် ၍ရေးသားခဲ့သည်။
စပိန်နွယ်ဖွားဖြစ်သော ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom ကစိန့် Junipero Serra ၏ရုပ်တုတော် ကိုကဗျည်းကျောက်စာနှင့်ပြန်လည်ထားရှိရေး ဥပဒေကိုလက်မှတ် ရေးထိုးပြီးဖြစ်သည်။ စိန့် Junipero Serra သည် အမေရိကန် ဒေသခံများအား ဧဝံဂေလိတရားအလင်း ဆောင်ပေးခဲ့သူဖြစ်သည်။ ရဟန္တာ၏ဆင်းတုတော်သည် ကယ်လီဖိုးနီးယားပြည်နယ်၏အတော်များ၊ အထူးသဖြင့်တောင်ပိုင်းဒေသများ၌ ထုလုပ်ဂုဏ်ပြုထားခဲ့သော်လည်း ယမန်နှစ်နိုင်ငံအဝှမ်းဆန္ဒပြမှု၌ လူမျိုးရေးမှိုင်း တိုက်၍ဖြိုချထုခွဲခဲ့ကြသည်။ထို့ကြောင့်ရုပ်တုတော်ကိုပြန်လည်ထိန်းသိမ်းထားခဲ့ရသည်။ ရဟန္တာ၏ဆင်းတုတော်ကို ပြည်နယ်၏ မြို့တော် စက္ကရာမင်းတိုရှိ ပန်းခြံ၌စကျင်ကျောက်ဖြင့် ထုဆစ် ထားခဲ့သည်မှာ (၁၉၆၀) ကပင်ဖြစ်သည်။ သို့သော်ပြည်နယ်၏ဥပဒေ ပြုရေးအဖွဲ့က ရဟန္တာ၏ဆင်းတု တော်ကို ယခင်နေရာ၌ပြန်လည်မထားရှိတော့ရန် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။
သို့သော် ပြီးခဲ့သည့်သောကြာနေ့က (၃၃၈) ကြိမ်မြောက်အစည်းအဝေး ၌ မဲခွဲဆုံးဖြတ်၍ ပြည် နယ်၏အုပ်ချုပ်ရေးမှူး Newsom ကလက်မှတ်ရေးထိုးခဲ့သည်။ ထို့အတူယခုလအစောပိုင်း၌လည်း လော့စ်အိန်ဂျယ်လ်စ်၏ဂိုဏ်းချုပ်ဆရာတော် José H. Gomez နှင့်ဆန်ဖရန်စစ္စကို၏ ဂိုဏ်းချုပ်ဆရာ တော် Salvatore J. Cordileone တို့ကWall Street Journal op-ed piece စာစောင်တွင်ရေးသား ခဲ့သည်မှာ ဥပဒေပြုရေးအဖွဲ့သည် ရဟန္တာအား ‘ကယ်လီဖိုးနီးယားပြည်နယ်၏တမန်တော်’ ဟု လှောင် ပြောင်ပြောဆို၍ ပြည်နယ်၏သမိုင်းကြောင်းကို မှားယွင်းစွာဖော်ပြနေသည်ဟုရေးသားခဲ့သည်။ (၃၃၈) ကြိမ်မြောက် လွှတ်တော်အစည်းအဝေး ၌ ရဟန္တာ၏သာသနာပြုလုပ်ငန်း၌ လူကြီးလူငယ် များ အား ကျွန်ပြုခြင်း၊ ကိုယ်လက်အင်္ဂါ များထိခိုက် နစ်နာစေခြင်း၊ လူမျိုးတုန်းသတ်ဖြတ်ခြင်း၊ အမျိုးသမီး များ၏ဂုဏ်သိက္ခာကိုထိခိုက်စေခြင်းစသောလုပ်ရပ်များတွေ့ရကြောင်းစွပ်စွဲ ထားသည်။
မျက်မှောက်ခေတ်၌ အပြစ်တင်စွပ်စွဲစရာများပြားနေသော် လည်း မည်သည့်နာမည်ကြီး သမိုင်းပညာရှင်ကမျှ ရဟန္တာ၏တ မန်တော်လုပ်ငန်းနှင့်သာသနာ၏သာသနာပြုသည့်စနစ်နှင့် ပတ် သက်၍ ယခုကဲ့သို့သော် မင်္လာမဲ့လှသည့်စွပ်စွဲချက်မျိုးကိုမပြုလုပ်ခဲ့ကြောင်း၊ ဖရန်စစ္စကင်အသင်းအဖွဲ့ (၂၁) တစ်ဖွဲ့သည်လည်း ကယ်လီဖိုးနီးယားပြည်နယ်၏ ဆိပ်ကမ်းတစ်လျှောက်၌ အမေရိကန် မြေဖွား ဒေသခံများအား ဧဝံဂေလိတရားဟောကြားနေကြကြောင်းဖြင့် Gomez နှင့် Cordileone တို့ကရေး သားခဲ့သည်။
ဂိုဏ်းချုပ်ဆရာတော်ကြီးများက ကယ်လီဖိုးနီးယားပြည်နယ်၏ ဥပဒေပြုရေးအဖွဲ့အား ရည် ရွယ်ချက်ရှိရှိရေး သားထုတ်ဝေထားသောစာအုပ်တစ်အုပ်ကိုသာ မှီးငြမ်းလွန်းပြီး၊ ထိုစာအုပ်ကို သတင်း သမားတစ်ဦးဖြစ်သော Elias Castillo က A Cross of Thorns: The Enslavement of California’s Indians by the Spanish Missions (ဆူးလက်ဝါးကပ်တိုင် - အမေရိကန်ဖွား ဒေသခံ များသည် စပိန် သာသနာပြုတို့၏ကျွန်ပြုခံရခြင်း) ဟုအ မည်ပေးထား သောစာအုပ်ဖြစ်သည်။ ‘ကျွန်ုပ်တို့အနေဖြင့် ကက်သလစ်အများဆုံးနေထိုင်သော ပြည်နယ်နှစ်ခုရှိသာသနာတော်ကိုဦးစီး ရာတွင် မိမိတို့ဘိုးဘေး များယုံကြည်ခြင်း အမွေကိုဆက်လက်၍ ထိန်းသိမ်းပွေ့ပိုက်သော ကယ်လီဖိုးနီးယား ကက်သလစ် ထောင်သောင်းများကို အစေခံလျှက်ရှိကြောင်းဖြင့်ဂိုဏ်းချုပ်ဆရာတော်ကြီးများ ကရေး သားခဲ့သည်။ အမေရိကန်မြေဖွား ဒေသခံများအပေါ် နိုင်ထက်စီးနင်းပြုလုပ်ခံရသည့် ခါးသီးသော သမိုင်း ကြောင်း ရှိမည်ကိုနားလည်ပါသည်။ သမိုင်းသည် ရှုပ်ထွေးတတ်ပြီး၊ အချက်အလက်သာအဓိကကျပါသည်။
(၂၀၁၅) ခုနှစ်က ရဟန်းမင်းကြီးဖရန်စစ်မှရဟန္တာတင်မြောက်ခဲ့သော ရဟန္တာအား အလွန်ရှုပ် ထွေးသောစရိုက်ရှိ သူဟုပုံဖော်လိုကြသည်။ သို့သော် အမေရိကန်ဖွားဒေသခံများကိုကာကွယ်ပေးခဲ့သူ၊ အမျိုးသမီးတို့၏မတရာကျူးလွန်ခံရ မှုများကိုထုတ်ဖော်ပြောဆိုခဲ့သူ၊ အမေရိကန်ဒေသခံများအား သေဒဏ်အပြစ်ချမှတ်ခြင်းများကို မားမားမတ်မတ်ရပ်တည် ကာကွယ်ပေးခဲ့သူဟုသတ်မှတ်ကြသည်။ စိန့် Serra သည်ကယ်လီဖိုးနီးယားဒေသခံများအတွက် မမေ့နိုင်စရာလူပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ဘဝတစ်လျှောက်လုံးကိုပေးအပ်ခဲ့သူဖြစ်သည်။ စိန့် Serra သည်အသက် အရွယ်ကြီးပြီး၊ နေထိုင်မကောင်းဖြစ်နေသော်လည်း မက်ဆီကိုမြို့အတွင်း၌ မိုင်ပေါင်း (၂၀၀၀) ကျော် လမ်းလျှောက်၍ ဒေသခံများ၏အခွင့်အရေးနှင့်ပတ်သက်၍ သူရေးသားပြုစုထားသည့် အခွင့်အရေးကို အတည်ပြုပေးရန် အာဏာပိုင်တို့ကိုဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည်။ အနာဂါတ်ကိုမျှော်လင့်၍အတိတ် ကိုပုံဖော်ထုဆစ်ခဲ့ရသည်။ ၄င်းတို့၏အခွင့်အရေး ကိုတောင်းဆိုကာကွယ်ပေးခဲ့သောသူအား အမှတ်ရ သည့်အနေဖြင့် သူ၏ရုပ်တုကိုစိုက်ထူးပြီး၊ ထိုအခွင့်အရေးနှင့်အညီအ သက်ရှင်သန်နေကြသော ကယ်လီဖိုးနီးယားဒေသခံများ၏ယှဉ်တွဲသော အမှတ် သင်္ကတေ လောက် ကောင်းသောမြင် ကွင်းမျိုး မရှိတော့ကြောင်းဂိုဏ်းချုပ်ဆရာတော်ကြီးများကရေးသားထားသည်။
ဆန်တာကလားရာတက္ကသိုလ်၏ အငြိမ်းစားသမိုင်းပါမောက္ခတစ်ဦးလည်းဖြစ်၊ Junipero Serra: California, Indians, and the Transformation of a Missionary စာအုပ်ကိုရေးသားခဲ့ သူလည်းဖြစ်သော Robert M. Senkewicz က ပြီးခဲ့သော (၂၀၁၅) Catholic World Report နှင့် တွေ့ဆုံမေးမြန်းချက်၌ ကယ်လီဖိုးနီးယားပြည်အတွင်း သာသနာပြုနည်းဗျူဟာသည် ကယ်လီဖိုးနီးယား ဒေသခံများကို ကျွန်ပြုခြင်းမှ ကာကွယ်မှုအပြည့်အဝပေးထား သောစနစ်ဖြစ်သည်ဟုဖြေဆိုခဲ့သည်။
စိန့် Serra နှင့်ဖရန်စစ္စကင်အသင်းဝင်တို့အနေဖြင့် ဒေသခံများအား နယ်မြေချဲ့ထွင်လာသော စပိန်တို့၏ဖိနှိပ်အနိုင်ကျင့်ဗိုလ်ကျမှုကိုအထူးအလေးထားကာကွယ်ခဲ့သည်။ စပိန်လယ်သမားများ၊ သတ္တူတွင်းလုပ်သားများနှင့်စစ်သား များက ဒေသခံများအားအကြွေးများ၌နစ်စေကာ သေသည် အထိအကြွေးတွင်းမှမကျွတ်နိုင်အောင်လှည့်စားမည်ကိုလည်းအထူးဂရုပြုခဲ့ကြသည်။ ထို့ကြောင့် ဒေသခံများက သာသနာရိပ်သည် သူတို့တွက်ခိုနားစရာ၊ အားကိုးရာ၊ လုံခြုံရာအဖြစ် လက်ခံလာပြီး၊ မိမိတို့၏ရိုးရာသက်ဝင်ယုံကြည်မှုများမှ ခရစ်ယာန်ဘာသာသို့ကူးပြောင်းလာခဲ့ကြသည်။ ထို့ကြောင့် ဒေသခံများအတွက်မှာမူ စိန့် Serra နှင့်ဖရန်စစ္စကင်သည် ၄င်းတို့အတွက်ကယ်တင်ရှင်သဖွယ်၊ အားကိုးရာအဖြစ်လက်ခံ ခဲ့ကြသည်။
ဘာသာပြန် - ဖာသာရ် ကလေးမင်းအားတယ်
Add new comment