အောက်တိုဘာလကုန်ပိုင်းလောက်၌ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ရဟန်းမင်းကြီး ဖရန်စစ် နှင့် တွေ့ဆုံဖွယ်ရှိ

အောက်တိုဘာလကုန်ပိုင်းလောက်၌ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ရဟန်းမင်းကြီး ဖရန်စစ် နှင့် တွေ့ဆုံဖွယ်ရှိ

            ရဟန်းမင်းကြီးဖရန်စစ်သည် လာမည့်အောက်တိုဘာလ (၂၉) ရက်နေ့၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အား လက်ခံတွေ့ဆုံဖွယ်ရှိသည်။ ယခုခရီးစဉ်သည် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်အနေဖြင့် သမ္မတအဖြစ် ရွေးကောက်တင် မြောက်ခံရပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်တရား၀င်လာရောက် ခြင်းဖြစ်ပါသည်။ ဤသတင်းကို စက်တင်ဘာလ (၂၅) ရက်နေ့က ကက်သလစ်သတင်းဌာနတစ်ခု ဖြစ် သော CNA မှထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါသတင်းကိုလည်း ဗာတီကန် ၏တာ၀န်ရှိသူထံမှတိုက်ရိုက် ရရှိခြင်းဖြစ်သည်။

            ထိုတွေ့ဆုံမှုအတွက် ဗာတီကန်၏အမေရိကန်သံအမတ်ရုံး၌ ပြင်ဆင်မှုများကိုပြုလုပ်နေသည် မှာ တစ်ချို့တစ် ၀က်ပြင်ပြုလုပ်ပြီးနေပြီဖြစ်သည်။ စက်တင်ဘာလ (၂၂) ရက်က အိမ်ဖြူတော်မှလည်း သမ္မတဂျိုးဘိုင်ဒင်နှင့်ပြင်သစ် သမ္မတ Emmanuel Macron တို့သည် အောက်တိုဘာလကုန်ပိုင်း လောက်၌ ရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံဖွယ်ရှိ ကြောင်းပြောကြားခဲ့သည်။ သို့သော် မည်သည့် အကြောင်းအရာများဆွေးနွေးမည်၊ အဘယ်ကြောင့်တွေ့ဆုံသည့်အ ကြောင်းကိုမူထုတ်ဖော်ပြောဆိုရန် မရှိကြောင်းလည်းမေးမြန်းမှုကိုဖြေကြားခဲ့သည်။  

            အစဉ်အလာအရ ဗာတီကန်သည် နိုင်ငံ့အကြီးအကဲများ၏ ဗာတီကန်သို့အလည်အပတ် လာ ရောက်ခြင်းကိုကြို တင်၍အသိပေးထုတ်ပြန်ခြင်းမရှိပေ။ ထိုနေ့မတိုင်မီ ရက်အနည်းငယ်အလို၌သာ ထုတ်ဖော်အသိပေးလေ့ရှိသည်။ ခရီးစဉ် သေချာပြီးမှသာ တရား၀င်ထုတ်ပြန်လေ့ရှိသည်။ အမေရိကန်သမ္မတ၏ယခုခရီးစဉ်သည် တရား၀င်ခရီးစဉ်ဖြစ်မည်။ ဤခ ရီးစဉ်၌ သမ္မတအနေဖြင့် ရဟန်းမင်းကြီးဖရန်စစ်နှင့်ဦးစွာတွေ့ဆုံလိုသည်။ ထို့နောက်ဗာတီကန်၏တာ၀န်ခံ ကာဒီနယ် Pietro Parolin၊ ဗာတီကန်၏ ပြည်ထဲရေးတာ၀န်ခံ ဂိုဏ်းချုပ်ဆရာတော် Paul Gallagher နှင့်နိုင်ငံခြားရေးရာ များ၏တာ၀န်ခံများနှင့်တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်နှင့်အမေရိကန် သမ္မတဂျိုးဘိုင်ဒင်တို့သည် လွန်ခဲ့ သော (၂၀၁၅) ခုနှစ်၊ အမေရိကန်ပြည်ထောင်စု၊ ဖိလာဒဲဖီးယား၌ ကမ္ဘာ့မိသားစုများဆိုင်ရာ ဆွေးနွေးပွဲကြီးသို့တက် ရောက်စဉ်က ပထမတစ်ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်သည်။ ထိုအချိန်၌ သမ္မတဘိုင်ဒင်သည် သမ္မတအိုဘားမားအစိုးရ၏ ဒုသမ္မ တတာ၀န်ကို ထမ်းဆောင်နေစဉ် ကဖြစ်သည်။ ထို့အတူ သမ္မတဂျိုးဘိုင်ဒင်သည် (၂၀၁၆၊ ဧပြီ ၂၉) ၌လည်း ဆေးပညာရပ် ဆိုင်ရာအစည်း အ‌ ဝေးသို့တက်ရောက်ရင်း ဗာတီကန်သို့အလည်အပတ်ရောက်ရှိခဲ့ဖူးသည်။

ဘာသာပြန် - ဖာသာရ် ကလေးမင်းအားတယ် 

https://bit.ly/3imwbIS

Add new comment

8 + 8 =