ရဟန်းမင်းကြီးဖရန်စစ်သည် Memores Domini အဖွဲ့အတွက်အထူးကိုယ်စား

ရဟန်းမင်းကြီးဖရန်စစ်သည် Memores Domini အဖွဲ့အတွက်အထူးကိုယ်စား

            ရဟန်းမင်းကြီးဖရန်စစ်သည် Memores Domini အဖွဲ့အတွက် ဖိလစ်ပိုင်နိုင်ငံ၊ Taranto မှ ဂိုဏ်းချုပ်ဆရာတော် Filippo Santoro အားသူ၏အထူးကိုယ်စားလှယ်အဖြစ်ရွေးချယ်ခဲ့သည်။ ဤ အဖွဲ့သည် ဘာသာရေးအဖွဲ့အစည်းဖြစ် ပြီး၊ ဘာသာတူများဖြင့်ဖွဲ့စည်းထားသည်။ လတ်တလော၌ ဂိုဏ်းချုပ်ဆရာတော်သည် အဖွဲ့အစည်းနှင့်ဆိုင်သော ဆောင် ရွက်ချက်များကို အဖွဲ့အစည်းစတင်တည် ထောင်ခဲ့သော ရည်ရွယ်ချက်များနှင့်မသွေဖီသွားစေရန်နှင့်စည်းလုံးညီညွတ်မှုရှိ စေရန် တာ၀န်ယူ ဆောင်ရွက် မည်ဖြစ်သည်။   

            ရဟန်းမင်းကြီးဖရန်စစ်သည် ဤအဖွဲ့၏အတွေ့အကြုံများနှင့်အဖွဲ့၏ရည်ရွယ်ချက်နှင့်အညီ လုပ်ဆောင်ရင်း ဘုရားသခင်၏ကောင်းကြီးကိုသက်သေခံခဲ့သည်ကိုအသိအမှတ်ပြုသည်။ ထို့ကြောင့် အဖွဲ့၏စီမံဆောင်ရွက်ချက်များ ကိုပြန်လည်ပြင်ဆင်ရန်လိုအပ်သည်များကိုဆောင်ရွက်ရန် သူ၏အထူး ကိုယ်စားလှယ်ကိုရွေးချယ်ကြေညာလိုက်ခြင်းဖြစ် သည်။ ဤခန့်အပ်ခြင်းကို တရား၀င်အဖြစ် ပြီးခဲ့သည့် သောကြာနေ့က ဗာတီကန်မှကြေညာခဲ့သည်။ ကြေညာချက်၌ စက်တင်ဘာ (၂၅၊ ၂၀၂၁) ခုနှစ်မှစ၍ ဂိုဏ်းချုပ်ဆရာတော်သည် ရဟန်းမင်းကြီး၏ကိုယ်စားလှယ်အဖြစ် အဖွဲ့အစည်း အား ယာယီကြပ်မတ် ထိန်း ကျောင်းလမ်းညွှန်ပေးရန် အာဏာကုန်လွှဲပေးထားကြောင်း၊ ပေးအပ်ထားသောအာဏာကုန် ဆုံးသည်အထိအတည်ဖြစ်ကြောင်းဖော်ပြထားသည်။ ထို့အတူ ဂျက်ဇွစ်ဖာသာရ် Gianfranco Ghirlanda, S.J အားဥပဒေရေးရာနှင့်စပ်လျဉ်း၍ကူညီပေးနိုင်ရန်အတွက်လည်း ဗာတီကန်မှခန့်အပ်ပေးခဲ့ပါသည်။      

 ဘာသာပြန် - ဖာသာရ် ကလေးမင်းအားတယ် 

https://bit.ly/3ixrDQj

Add new comment

11 + 8 =